Thursday 10 January 2013

သင်္ဘောသား Black List ပိတ်ပင်မှု အတွက် DMA သို့ လျှောက် ထားနိုင်

Photo: သင်္ဘောသား Black List ပိတ်ပင်မှုအတွက် DMA သို့
လျှောက်ထားနိုင်
Thursday, 10 January 2013

မြန်မာနိုင်ငံမှ Black List အလုပ်ခံထားရသော သင်္ဘောသားများအား Black List ပိတ်ထားမှုကို လျှောက်ထားပါက   ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် DMA မှ ပြောကြားထားကြောင်း ITFမှ သိရသည်။

DMA (Department of Marine  Administration) ပင်လယ်ကူး
သင်္ဘောရုံးအနေဖြင့်  ယခင်က သင်္ဘောသားများအား Black List ပိတ်ထားမှုကို ဖြေလျော့ပေးရန်  ITFက ပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်က နိုင်ငံရေးကလည်း ပြောင်းနေပြီပေါ့နော်။ Black Listလည်း မလုပ်တော့ပါဘူး။ ပြန်ပြီး လျှောက်ရင်   ပြန်ဖွင့်ပေး ပါမယ် ဆိုပြီး DMA က ပြောတယ်။” ဟု ITF Inspector ဦးရွှေထွန်းအောင်က ဇန်န၀ါရီလ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌
ပြောကြားခဲ့သည်။

ITF အနေဖြင့် သင်္ဘောအေးဂျင့်များနှင့်လည်း သွားရောက်တွေ့ဆုံခဲ့စဉ် Black List လုပ်တော့မည် မဟုတ်ကြောင်း Black List လုပ်ခဲ့မည် ဆိုပါကလည်း ထိုအေးဂျင့်များ၏ သင်္ဘောသားများအား ITF က 
Black List ပြန်လုပ်မည်ဖြစ်ကြောင်း သိရသည်။

“Black List မလုပ်တော့ဘူးလို့ပြောပြီး ကျွန်တော်တို့ အေးဂျင့်တွေနဲ့ သွားတွေ့တယ်။ တကယ်လို့ အေးဂျင့်က Black List လုပ်မယ်ဆိုရင် သူတို့သင်္ဘောသားကို Black List လုပ်မယ်ဆိုရင် ကျွန်တော် တို့ ကလည်း Black List ပြန်လုပ်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။” ဟု ITF Inspector ဦးရွှေထွန်းအောင် က ဆက်ပြောသည်။

ဇန်န၀ါရီလ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံပင်လယ်ပျော်များ
သမဂ္ဂ မြန်မာနိုင်ငံ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ITF (International Transport Worker’s Federation)မှ Inspector အဆင့်တာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

သင်္ဘောသားများထဲမှ Black List အလုပ်ခံထားရသည့်စာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် Black List အလုပ်ခံထားရသူများ ရှိသည့်အတွက် ခန့်မှန်းပြောဆို၍မရနိုင်ကြောင်းကိုလည်း ITF မှ သိရသည်။

မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂအနေဖြင့် သင်္ဘောသားများနှင့် ပတ်သက်သည့် မျှတသော လုပ်အားခရရှိရေး၊ အချိန်ပိုလစာ သင့်တင့်စွာ ရရှိရေး၊ အလုပ်တည်မြဲရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရေး၊ မျှတသော အသက်အာမခံလျှော်ကြေး ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ညွှန်ကြားရေးမှူးဦးသောင်းကြိုင်က
ပြောတယ်။ နိုင်ငံတော်က ပွင့်လင်းလာတဲ့အခါမှာ ဒီကိစ္စကို
နောက်ပိုင်းကျရင် သူတို့ကဘယ်လိုမှ အရေးယူမှုတွေ၊ အပြစ်ပေးမှုတွေ မလုပ်တော့ပါဘူးဆိုပြီး အဲ့ဒီ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ International မှာပြောပါတယ်။” ဟု မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ ဥက္ကဌက
ပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂများအဖွဲ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၁၉၉၁ခုနှစ်တွင် စတင်တည်ထောင်ကာ ၁၉၉၃ ခုနှစ်၌
ITF ၏ အဖွဲ့ဝင်အသင်းအဖြစ် အသိအမှတ်ပြုခံခဲ့ရကာ ယခု
မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက် လာခြင်းဖြစ်သည်။

ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ
ပင်လယ်ပျော်များသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၁ခုနှစ်အတွင်းက မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂတွင် အဖွဲ့ဝင်ပေါင်းတစ်ထောင်
ကျော်ခန့်ရှိပြီး ယခုအခါတွင် အဖွဲ့ဝင်များအား ထပ်မံဖိတ်ခေါ်လျှက်ရှိသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
မြန်မာနိုင်ငံမှ Black List အလုပ်ခံထားရသော သင်္ဘောသားများအား Black List ပိတ်ထားမှုကို လျှောက်ထားပါက ပြန်လည်ဖွင့်လှစ်ပေးရန် အတွက် DMA မှ ပြောကြားထားကြောင်း ITFမှ သိရသည်။ DMA (Department of Marine Administration) ပင်လယ်ကူး သင်္ဘောရုံးအနေဖြင့် ယခင်က သင်္ဘောသားများအား Black List ပိတ်ထားမှုကို ဖြေလျော့ပေးရန် ITFက ပြောဆိုဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်က နိုင်ငံရေးကလည်း ပြောင်းနေပြီပေါ့နော်။ Black Listလည်း မလုပ်တော့ ပါဘူး။ ပြန်ပြီး လျှောက်ရင် ပြန်ဖွင့်ပေး ပါမယ် ဆိုပြီး DMA က ပြောတယ်။” ဟု ITF Inspector ဦးရွှေထွန်းအောင်က ဇန်န၀ါရီလ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ITF အနေဖြင့် သင်္ဘောအေးဂျင့်များနှင့်လည်း သွားရောက်တွေ့ဆုံခဲ့စဉ် Black List လုပ်တော့မည် မဟုတ်ကြောင်း Black List လုပ်ခဲ့မည် ဆိုပါကလည်း ထိုအေးဂျင့်များ၏ သင်္ဘောသားများအား ITF က Black List ပြန်လုပ်မည်ဖြစ်ကြောင်း သိရသည်။

“Black List မလုပ်တော့ဘူးလို့ပြောပြီး ကျွန်တော်တို့ အေးဂျင့်တွေနဲ့ သွားတွေ့တယ်။ တကယ်လို့ အေးဂျင့်က Black List လုပ်မယ်ဆိုရင် သူတို့သင်္ဘောသားကို Black List လုပ်မယ်ဆိုရင် ကျွန်တော် တို့ ကလည်း Black List ပြန်လုပ်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။” ဟု ITF Inspector ဦးရွှေထွန်းအောင် က ဆက်ပြောသည်။

ဇန်န၀ါရီလ(၉)ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံပင်လယ်ပျော်များ သမဂ္ဂ မြန်မာနိုင်ငံ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ITF (International Transport Worker’s Federation)မှ Inspector အဆင့်တာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

သင်္ဘောသားများထဲမှ Black List အလုပ်ခံထားရသည့်စာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် Black List အလုပ်ခံထားရသူများ ရှိသည့်အတွက် ခန့်မှန်းပြောဆို၍မရနိုင်ကြောင်းကိုလည်း ITF မှ သိရသည်။ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂအနေဖြင့် သင်္ဘောသားများနှင့် ပတ်သက်သည့် မျှတသော လုပ်အားခရရှိရေး၊ အချိန်ပိုလစာ သင့်တင့်စွာ ရရှိရေး၊ အလုပ်တည်မြဲရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရေး၊ မျှတသော အသက်အာမခံလျှော်ကြေး ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ညွှန်ကြားရေးမှူးဦးသောင်းကြိုင်က ပြောတယ်။ နိုင်ငံတော်က ပွင့်လင်းလာတဲ့အခါမှာ ဒီကိစ္စကိုနောက်ပိုင်းကျရင် သူတို့ကဘယ်လိုမှ အရေးယူမှုတွေ၊ အပြစ်ပေးမှုတွေ မလုပ်တော့ပါဘူးဆိုပြီး အဲ့ဒီ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ International မှာပြောပါတယ်။” ဟု မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ ဥက္ကဌက ပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂများအဖွဲ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၁၉၉၁ခုနှစ်တွင် စတင်တည်ထောင်ကာ ၁၉၉၃ ခုနှစ်၌ ITF ၏ အဖွဲ့ဝင်အသင်းအဖြစ် အသိအမှတ်ပြုခံခဲ့ရကာ ယခု မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက် လာခြင်းဖြစ်သည်။

ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ အနေဖြင့် မြန် မာနိုင်ငံ ၌ ၂၀၁၁ခုနှစ်အတွင်းက မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံပင်လယ်ပျော်များ သမဂ္ဂတွင် အဖွဲ့ဝင်ပေါင်းတစ်ထောင် ကျော်ခန့်ရှိပြီး ယခုအခါတွင် အဖွဲ့ဝင်များအား ထပ်မံ ဖိတ်ခေါ်လျှက်ရှိသည်။

From : Myit Makha Mediagroup

No comments:

Post a Comment