Thursday 10 January 2013

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခြင်း

Photo: နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး
သဝဏ်လွှာ ပေးပို့ခြင်း
Thursday, 10 January 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့  နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

၁။ ၂၀၁၃ ခုနှစ် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ (၁-၁-၂၀၁၃) ရက်၌ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

၂။ ပေးပို့ခဲ့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် -

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမှူးပြုသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-

နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါသည်။


ယခုလို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ချိန်တွင် မိမိအနေဖြင့် အထူးအလေးထား ဖော်ပြလိုသည့် နိုင်ငံရေးဖြစ်ထွန်းမှုမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အတန်ကြာပျောက်ဆုံးနေခဲ့သော ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှု ပြန်လည် အသက်ဝင် လာခြင်းဖြစ်ပါသည်။ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီရှင်သန်ရေး လုပ်ငန်းစဉ်များကို ဆောင်ကြဉ်းရာ၌ ကြုံတွေ့ရလေ့ရှိသည့် အများပြည်သူလူထု၏ လိုအင်ဆန္ဒ ထုတ်ဖော်ခြင်းများ၊ ကန့်ကွက် ဆန္ဒပြခြင်းများကို မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါ ဖြစ်ပါသည်။


ဤနေရာတွင် မိမိအနေဖြင့် အထူးအလေးပေး ဖော်ပြလိုသည့် အချက်မှာ ထိုကဲ့သို့ ပြည်သူလူထု၏ လိုအင်ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်စဉ်များတွင် ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းများ အသုံးပြုရန် ကြိုးပမ်းမှုများကို နိုင်ငံရေး အင်အားစုများအားလုံး ပူးပေါင်းအဖြေရှာခြင်းဟူသည့် အချက် ဖြစ်ပါသည်။ ဤစုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု စာမျက်နှာသစ်ဟု ဆိုရမည် ဖြစ်ပါသည်။ "မတူညီသော အယူအဆများ စုစည်း ရှင်သန်နိုင်သော ဗဟုဝါဒ" ကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ကို ၂၀၁၂ ခုနှစ်အတွင်း သင်ခန်းစာ ရယူနိုင်ခဲ့သည့် နိုင်ငံရေး တိုးတက်မှု ဟု ဆိုရမည် ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် ရှုထောင့်ပေါင်းစုံ၊ အမြင်အမျိုးမျိုးတို့ဖြင့် ကျယ်ပြန့်စွာ ဆွေးနွေး နိုင်ခဲ့သည့် လွှတ်တော်များ၏ အသက်ဝင်လာမှု၊ ဥပဒေပြုရေးဖြစ်စဉ်များ ခိုင်မာလာမှု စသည့် လွှတ်တော်နှင့် အစိုးရ၊ အပြန်အလှန် ထိန်းကျောင်းနိုင်မှုတို့ကိုလည်း မိမိအနေဖြင့် ဂုဏ်ယူလျက်ရှိပါကြောင်း ပြောကြားလိုပါသည်။ နိုင်ငံရေးဖြစ်ထွန်းမှုများ အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ထားရှိသည့် သဘောထားများ၊ ပါဝင်ပတ်သက်မှုများကို လေ့လာ ကြည့်ရှုပါက ပြည်သူများ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု (Political Consciousness) နှင့် နိုင်ငံရေး စိတ်ရှည်သည်းခံမှု (Political Tolerance) ရေချိန် မြင့်တက်လာခြင်းများ ကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါသည်။


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေ ပြုပြင် ပြောင်းလဲရေးများ ချောမွေ့အောင်မြင်စေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် လိုအပ် ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ထိတွေ့၍ ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အထက် လွှတ်တော်အမတ်များ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ ကိုလည်း အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်း တံခါးဖွင့်စဖြစ်သည့် မိမိတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်မှု အကြိမ်ပေါင်း (၁၃၄) ကြိမ်ရှိခဲ့ပြီး ထိုသို့နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု အရှိန်အဟုန်ကို တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် မိမိတို့၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များကို  အရှိန်အဟုန်မြှင့် ဖော်ဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်ပါသည်။ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ခဲ့ပြီး အဖွဲ့ (၁၀) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ ရရှိခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေး မည်မျှပင်  အောင်မြင်စေကာမူ တိုင်းရင်းသား အချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု မိမိတို့အစိုးရမှ ယုံကြည်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံ (Framework for Political Dialogue) ကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါးဖွင့်ထားပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်နေချိန်တွင် တပ်မတော် အနေဖြင့်လည်း အသက်သွေးချွေးတို့ ပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာမက ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးအတွက်ပါ ကြိုးပမ်းလျက် ရှိပါသည်။

ထိုသို့ပြုလုပ်ရန် လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဆင့်ဆင့်မှ ကြိုပမ်းလုပ်ဆောင်လျက် ရှိကြောင်း အသိပေးတင်ပြ လိုပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် “မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)” ကို တည်ထောင် ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထက်ပါအတိုင်း ဆောင်ရွက် အကောင်အထည်ဖော်နိုင်ခဲ့သလို အထူးလိုအပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

ထင်ရှားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်နှင့် လျော်ညီစွာ နှုန်းရှင်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို  အားပေးသည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်နေခြင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းများကို ပြန်လည်သက်ဝင်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဝန်းကျင်တွင် ကာလရှည်ကြာတည်ရှိနေခဲ့သော အမျိုးသား စီးပွားရေး ပြဿနာကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စတင်ပူးပေါင်း ဆောင်ရွက်လာခဲ့ခြင်းတို့ကြောင့် "စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးမူဘောင်" နှင့် "ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်" တို့ကို ရေးဆွဲ နိုင်ခဲ့ပါသည်။ ယင်းမူဘောင်များအရ ရေတို၊ ရေရှည် စီမံကိန်းများကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလရှည်ကြာ အဟန့်အတား ဖြစ်နေခဲ့သော ပြည်ပမှ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ပေးစေရန် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သြစတြေးလျ နိုင်ငံမှ ပိတ်ဆို့မှုများကို စတင်ဖယ်ရှား ပေးခဲ့ပြီး ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးသကဲ့သို့၊ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါသည်။ ထို့ပြင် နိုဝင်ဘာလတွင် သွင်းကုန်များ တားမြစ်မှုကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ပြည်ထောင်စုလွှတ်တော်၏ ကူညီပံ့ပိုးမှုဖြင့် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်”ကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ယခင်နှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်သကဲ့သို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်ခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် အလုပ်သမားနှင့် လယ်သမား အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်း၊ ယင်းတို့၏ လိုအင်ဆန္ဒများအတွက် ဆန္ဒထုတ်ဖော်ခွင့်များ လုပ်ဆောင်လာနိုင်ခြင်းများသည် လွတ်လပ်ပွင့်လင်းလာသော အခြေအနေကို အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

လူမှုရေးဆောင်ရွက်ချက်များ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ”ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော် အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြမှုများ၊ မြေယာ ပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံ များအား သင်ခန်းစာများအဖြစ် ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမို ကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော်ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံ များကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့  နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။

ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲ ကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

source:: http://www.president-office.gov.mm/zg/briefing-room/news/2013/01/10/id-2281
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

၁။ ၂၀၁၃ ခုနှစ် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ (၁-၁-၂၀၁၃) ရက်၌ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

၂။ ပေးပို့ခဲ့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် -

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအမှူးပြုသော ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-

နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါသည်။


ယခုလို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ချိန်တွင် မိမိအနေဖြင့် အထူးအလေးထား ဖော်ပြလိုသည့် နိုင်ငံရေးဖြစ်ထွန်းမှုမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ အတွင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အတန်ကြာပျောက်ဆုံးနေခဲ့သော ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှု ပြန်လည် အသက်ဝင်လာခြင်းဖြစ်ပါသည်။ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီရှင်သန်ရေး လုပ်ငန်းစဉ်များ ကို ဆောင်ကြဉ်းရာ၌ ကြုံတွေ့ရလေ့ရှိသည့် အများပြည်သူလူထု၏ လိုအင်ဆန္ဒ ထုတ်ဖော်ခြင်းများ၊ ကန့်ကွက်ဆန္ဒပြခြင်းများကို မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါ ဖြစ်ပါသည်။


ဤနေရာတွင် မိမိအနေဖြင့် အထူးအလေးပေး ဖော်ပြလိုသည့်အချက်မှာ ထိုကဲ့သို့ ပြည်သူလူထု၏ လိုအင်ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်စဉ်များတွင် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများ အသုံးပြုရန် ကြိုးပမ်းမှုများကို နိုင်ငံရေးအင်အားစုများအားလုံး ပူးပေါင်းအဖြေရှာခြင်းဟူသည့် အချက် ဖြစ်ပါ သည်။ ဤစုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု စာမျက်နှာ သစ်ဟုဆိုရမည် ဖြစ်ပါသည်။ "မတူညီသော အယူအဆများ စုစည်းရှင်သန်နိုင်သော ဗဟုဝါဒ" ကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်း ဆုံးသော နည်းလမ်းဖြစ်သည်ကို ၂၀၁၂ ခုနှစ်အတွင်း သင်ခန်းစာ ရယူနိုင်ခဲ့သည့် နိုင်ငံရေး တိုးတက်မှု ဟု ဆိုရမည် ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် ရှုထောင့်ပေါင်းစုံ၊ အမြင်အမျိုးမျိုးတို့ဖြင့် ကျယ်ပြန့်စွာ ဆွေးနွေး နိုင်ခဲ့သည့် လွှတ်တော်များ၏ အသက်ဝင်လာမှု၊ ဥပဒေပြုရေးဖြစ်စဉ်များ ခိုင်မာလာမှု စသည့် လွှတ်တော်နှင့် အစိုးရ၊ အပြန်အလှန် ထိန်းကျောင်းနိုင်မှုတို့ကိုလည်း မိမိအနေဖြင့် ဂုဏ်ယူလျက်ရှိပါကြောင်း ပြောကြားလိုပါ သည်။ နိုင်ငံရေးဖြစ်ထွန်းမှုများအပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ထားရှိသည့် သဘောထားများ၊ ပါဝင် ပတ်သက်မှုများကို လေ့လာကြည့်ရှုပါက ပြည်သူများ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု (Political Consciousness) နှင့် နိုင်ငံရေးစိတ်ရှည်သည်းခံမှု (Political Tolerance) ရေချိန် မြင့်တက်လာခြင်းများ ကို လည်းအသိအမှတ်ပြု ဂုဏ်ယူပါသည်။


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေ ပြုပြင် ပြောင်းလဲရေးများချောမွေ့အောင်မြင်စေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုက် အဝန်းနှင့်ထိတွေ့၍ ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ နိုင်ငံ တကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အထက် လွှတ်တော်အမတ်များ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ ကိုလည်း အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ်အတွင်း တံခါးဖွင့်စဖြစ်သည့် မိမိတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်မှုအကြိမ်ပေါင်း (၁၃၄) ကြိမ်ရှိခဲ့ပြီး ထိုသို့နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု အရှိန်အဟုန်ကို တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် မိမိတို့၏ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များကို အရှိန်အဟုန်မြှင့် ဖော်ဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်ပါသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ခဲ့ပြီး အဖွဲ့ (၁၀) ဖွဲ့နှင့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် အချို့ ရရှိခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေး မည်မျှပင် အောင်မြင်စေကာမူ တိုင်းရင်းသား အချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု မိမိတို့အစိုးရမှ ယုံကြည်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံ (Framework for Political Dialogue) ကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိ အပစ်အခတ်ရပ်စဲ ထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါးဖွင့် ထားပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်နေချိန်တွင် တပ်မတော် အနေဖြင့်လည်း အသက်သွေးချွေး တို့ ပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာမက ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံး အတွက်ပါ ကြိုးပမ်း လျက် ရှိပါသည်။

ထိုသို့ပြုလုပ်ရန် လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဆင့်ဆင့်မှ ကြိုပမ်းလုပ်ဆောင်လျက် ရှိကြောင်း အသိပေးတင်ပြ လိုပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် “မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)” ကို တည်ထောင် ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထက်ပါအတိုင်း ဆောင်ရွက် အကောင်အထည်ဖော် နိုင်ခဲ့သလို အထူးလိုအပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

ထင်ရှားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်နှင့် လျော်ညီစွာ နှုန်းရှင်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင် ရွက် ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်နေခြင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းများကို ပြန်လည်သက်ဝင်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဝန်းကျင်တွင် ကာလရှည်ကြာတည်ရှိနေခဲ့သော အမျိုးသားစီးပွားရေး ပြဿနာကို ပြည်တွင်းပြည်ပပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စတင် ပူးပေါင်း ဆောင်ရွက် လာခဲ့ခြင်း တို့ကြောင့် "စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးမူဘောင်" နှင့် "ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်" တို့ကို ရေးဆွဲ နိုင်ခဲ့ပါသည်။ ယင်းမူဘောင်များအရ ရေတို၊ ရေရှည် စီမံကိန်းများကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလရှည်ကြာ အဟန့်အတား ဖြစ်နေခဲ့သော ပြည်ပမှ စီးပွားရေးပိတ်ဆို့မှုများ ကိုလည်း ဖြေလျှော့ပေးစေရန် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သြစတြေးလျ နိုင်ငံမှ ပိတ်ဆို့မှုများကို စတင်ဖယ်ရှား ပေးခဲ့ပြီး ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးသကဲ့သို့၊ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါသည်။ ထို့ပြင် နိုဝင်ဘာလတွင် သွင်းကုန်များ တားမြစ်မှုကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ပြည်ထောင်စုလွှတ်တော်၏ ကူညီပံ့ပိုးမှုဖြင့် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်”ကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ယခင်နှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် အခွင့် အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်သကဲ့သို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေး နိုင်ခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် အလုပ်သမားနှင့် လယ်သမား အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်း၊ ယင်းတို့၏ လိုအင်ဆန္ဒများ အတွက် ဆန္ဒထုတ်ဖော်ခွင့်များ လုပ်ဆောင်လာနိုင်ခြင်းများသည် လွတ်လပ်ပွင့်လင်းလာသော အခြေအနေ ကို အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

လူမှုရေးဆောင်ရွက်ချက်များ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများ ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာ နှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ”ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေငွေ စာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေး နိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင် ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက် ပံတောင်းတောင် စီမံကိန်းဆန္ဒပြမှုများ၊ မြေယာ ပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင် ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံ များအား သင်ခန်းစာများအဖြစ် ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက် လက်ကြိုး ပမ်းသွား မည် ဖြစ်ပါ သည်။

ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော် ကာလကရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့ နိုင်ငံ တကာ အသိုက်အဝန်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေးဂုဏ် သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။

ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲ ကြမ်းတမ်းသော လှေခါး ထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့် ပျက်ခြ စားမှု တိုက်ဖျက်ရေးစသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရ ယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုး ပမ်းဆောင်ရွက် ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း ပြည်သူ များ၏ လက်တွေ့ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေ များ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့ အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေး ပို့အပ်ပါသည်။

No comments:

Post a Comment