Thursday 10 January 2013

ကျိုက် ထီး ရိုး ဘုရား ရင်ပြင်ေ တာ်ေ ပ်ါတွင် ယာယီ တဲ ဌားရ မ်းခြင်း လုပ်ငန်း ထိုးဖောက် လာ

Photo: ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲ ဌားရမ်းခြင်းလုပ်ငန်း ထိုးဖောက်လာ
Thursday, 10 January 2013

ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့် လုပ်ငန်းသစ်တစ်ခု ထိုးဖောက်လာကြောင်း သိရသည်။

"ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန်အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်
တော်ပေါ်မှာ ဖျာတွေ၊စောင်တွေ ဌားပြီးနေကြတယ် ဒါပေမယ့် ရာသီဥတုက အရမ်းအေးတော့ ဘုရားဖူးတွေ ဒုက္ခရောက်ကြတယ် ဒါကြောင့် Camp တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီးက ပြောကြားသည်။

ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီကြောင်း တဲကို
သော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန်မလိုကြောင်း၊ တစ်ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင် ယာယီတဲ ၁၅လုံးကို စတင်ဌားရမ်းနေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်း
ပေးနိုင်အောင်လည်း စီစဉ်လျက်ရှိကြောင်းသိရသည်။

“ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်းစရာဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေ
ခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုက
တောင်ပေါ်မှာ အရမ်းအေးတာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ
အတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ် ဘုရားပေါ်မှာ ယာယီ တဲလေးတွေ ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေ
ဈေးကြီးတော့ တချို့ ပိုက်ဆံချို့ တဲ့ တဲ့ဘုရားဖူးတွေအတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့သူ ဒေါ်ခင်လေးက
ပြောကြားသည်။

ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်းခနှုန်းထားများမှာလည်း အနိမ့်ဆုံး
ခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန်တည်းခိုခန်း များတွင်ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း ဘုရားဖူးများအနေဖြင့် ဟိုတယ်စရိတ်များဈေးကြီးခြင်းနှင့် တည်းခိုစရာ
နေရာမရရှိသည့်အခက်အခဲကြောင့် ဘုရားဖူးပြီးသည်နှင့် ချက်ချင်းပြန် သွားရသော ခရီးသည်များ ရှိသဖြင့် ည၁၀နာရီအထိ တောင်ပေါ်
အတက်အဆင်းကားများကို စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်း
မြင့်များမှုတို့ကြောင့် ရင်ပြင်တော်ပေါ်တွင် တည်းခိုနိုင်ရန် ဖျာနှင့် ခေါင်း အုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်းလုပ်ငန်းများ
ပေါ်ပေါက်လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင်
တသောင်းကျပ်ဖြင့်ယာယီတဲဌားရမ်းခြင်း လုပ်ငန်းအသစ် စတင်ထိုးဖောက်
လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age
ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့် လုပ်ငန်းသစ်တစ်ခု ထိုးဖောက်လာကြောင်း သိရသည်။
"ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန် အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်တော်ပေါ်မှာ ဖျာတွေ၊စောင်တွေ ဌားပြီးနေကြတယ် ဒါပေမယ့် ရာသီဥတုက အရမ်းအေးတော့ ဘုရားဖူးတွေ ဒုက္ခရောက်ကြတယ် ဒါကြောင့် Camp တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီးက ပြောကြား သည်။

ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီကြောင်း တဲကို သော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန်မလိုကြောင်း၊ တစ်ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင် ယာယီတဲ ၁၅လုံးကို စတင်ဌားရမ်းနေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်း ပေးနိုင်အောင်လည်း စီစဉ်လျက် ရှိကြောင်းသိရသည်။

“ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်းစရာဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေ ခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုက တောင်ပေါ်မှာ အရမ်းအေးတာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေအတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ် ဘုရားပေါ်မှာ ယာယီ တဲလေးတွေ ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေ ဈေးကြီးတော့ တချို့ ပိုက်ဆံချို့ တဲ့ တဲ့ဘုရားဖူးတွေအတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့သူ ဒေါ်ခင်လေးက ပြောကြား သည်။

ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်းခနှုန်းထားများမှာလည်း အနိမ့်ဆုံး ခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန်တည်းခိုခန်း များတွင်ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း ဘုရားဖူးများအနေဖြင့် ဟိုတယ်စရိတ်များဈေးကြီးခြင်းနှင့် တည်းခိုစရာ နေရာမရရှိသည့်အခက်အခဲကြောင့် ဘုရားဖူးပြီးသည်နှင့် ချက်ချင်းပြန် သွားရသော ခရီးသည်များ ရှိသဖြင့် ည၁၀နာရီအထိ တောင်ပေါ်
အတက်အဆင်းကားများကို စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်းမြင့်များမှုတို့ကြောင့် ရင်ပြင်တော်ပေါ်တွင် တည်းခိုနိုင်ရန်ဖျာနှင့် ခေါင်းအုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်းလုပ်ငန်းများ ပေါ်ပေါက်လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင် တသောင်းကျပ်ဖြင့်ယာယီတဲဌားရမ်းခြင်း လုပ်ငန်းအသစ် စတင်ထိုးဖောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

From : The Myanma Age

No comments:

Post a Comment