ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ် (၄၉)
ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့နှင့် နန်းခွင်ဘူတာကြား
မိုင်တိုင်အမှတ်(၆၅၄/ ၁၉)
နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ
ထောင် ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရထား လမ်းနှင့် ရထားတွဲများ
ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သောဟိုပင်ဘူတာမှတာဝန်ရှိသူ တစ်ဦး၏
ပြောကြားချက်အရ ရထား စက်ခေါင်းနောက်က ကုန်စိမ်းတွေတင်ထားတဲ့အတွဲ ကြမ်းခင်း
၁၅ ပေလောက်ပေါက်ပြီး လမ်းချော် သွားပါတယ်။ ပါလာတဲ့ရထားတွဲ ၆
တွဲလုံးဘီးချော်ပြီး ခရီးသည် တစ်ဦးသေပါတယ် ဟုပြောဆို သွားသည်။
ရထားမှာကုန်တွဲ ၆ တွဲပါဝင်ပြီး ကုန်စိမ်းများ၊ နွားနှင့်ဝက်များ၊
စားသောက်ကုန် များတင်ဆောင် လာပြီး ခရီးသည် ၃၀ဦးခန့် စီးနင်းလာကြောင်းပြောဆိုခဲ့ပါသည်။ KIA အနေဖြင့် ယခုလို မိုင်းခွဲ တိုက် ခိုက်ပြီး တိုင်း စစ်တပ်အသုံးပြုသော ရထားများကိုတိက်ခိုက်ခြင်းဖြစ် ဖြစ်ကြောင်း
ပြောကြားလေ့ရှိပြီး ယခုဖြစ်စဉ်တွင် တိုက်ခိုက်ခံခဲ့ရသောရထားမှာ
ခရီးသည်များနှင့် ကုန်စိမ်းများ စားသောက်ကုန်များ တင်ဆောင် လာ သည့်
ခေါက်ပြန် ရထားဖြစ်ကြောင်း မြက်မြင် သက်သေများနှင့် ဒေသခံအားလုံးမှ
တညီတညွတ် ထဲ ပြော ဆိုကြသည်ဟု သတင်းရရှိသည်။ ယုအခါ
လမ်းကြောင်း ပိတ်ဆို့နေသောရထားနှ င့်ပျက်စီးနေသော ရထား လမ်းအားမြန် မာ့မီးရထားမှတာဝန်ရှိသူများမှပြ င်ဆင်လျက် ရှိကြောင်းသတင်းရရှိသည်။
MON
MON
No comments:
Post a Comment