Thursday 10 January 2013

“မြန်မာ့ရုပ်မြင်သံကြားသတင်းများ ထုတ်လွှင့်ချိန်များ ပြောင်းလဲ”



ဇန်နဝါရီလ ၉ ရက် ညနေပိုင်းအစီအစဉ်များမှ စတင်၍ ပြည်တွင်းသတင်းများကို ညနေ ၆ နာရီ၁၅ မိနစ် တွင်တစ်ကြိမ်၊ ညနေ ၇ နာရီမှာ ၁၀ မိနစ်တွင်တစ်ကြိမ် ၊ ည ၈နာရီမှာ ၁၅ မိနစ်နှင့် ည ၁၀ နာရီမှ ၃၀ မိနစ် ခန့်တို့တွင် တစ်ကြိမ်စီ အသီးသီး ပြောင်းလဲ ထုတ်လွှင့်နေပြီ ဖြစ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ၏ ည၈ နာရီ သတင်းအစီအစဉ်များ ထုတ်လွှင့်ချိန် ကြာမြင့်မှုကို ပြုပြင် သင့်ကြောင်း ပြည်သူများက အကြံပြုခဲ့သဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရန် ဆောင်ရွက်နေသည့် အတွက် ပြည်သူ့ဗဟိုပြု မူဝါဒများကို စတင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ်ခ် စာမျက်နှာ တွင် ရေးသားထားသည်။

နံနက်၇နာရီတွင်တစ်ကြိမ် သတင်းထုတ်လွှင့်သဖြင့် တစ်ရက်လျှင် ၅ကြိမ် သတင်းထုတ်လွှင့်မည်ဖြစ်ပြီး ညနေ ၇ နာရီဝန်းကျင် သတင်းထုတ်လွှင့်မှု့တွင် လွှတ်တော်အစည်းအဝေးမှ သတင်းများကို ထုတ်လွှင့် မည်ဟု ယနေ့ညပိုင်း သတင်းများတွင် ကြေညာသွားသည်။

7Day News Journal

No comments:

Post a Comment