Friday 3 August 2012

ငပလီအနီးအပျော်တမ်းခရီးစဉ် သစ်တစ်ခုဖော်ထုတ်

ကမ္ဘာကျော်အီတလီနေပယ်ကမ်းခြေနှင့်ခပ်ဆင်ဆင်တူသည်ဟုပြောဆိုကြသည့်ရခိုင်ပြည်နယ် သံတွဲခရိုင်ရှိငပလီကမ်းခြေအနီးတွင်ပထမဦးဆုံးရေကြောင်းဆိုင်ရာ အပျော်တမ်းခရီးစဉ်ကို ယခုနှစ်  အောက်တိုဘာလမှစတင်ဖော်ထုတ်ရန်စီစဉ်မည်ဖြစ်ကြောင်းအဆိုပါခရီးစဉ်ကို စီစဉ်သည့် ASIAWAYTRAVELSANDTOUR Sခရီးသွားကုမ္ပဏီ၏မန်းနေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းကိုထံ မှစုံစမ်းသိရသည်။


ယင်းခရီးစဉ်အတွက်"NgapaliWaterSportCenter"ငပလီရေကြောင်းဆိုင်ရာအပျော်တမ်း ခရီစဉ်စင်တာအမည်ဖြင့်NGAPALIPRINCESSသင်္ဘောအသုံးပြုကာကမ်းနီးကမ်းဝေးရေငုပ်ခရီးစဉ်
ကိုလည်းကောင်း၊အပျော်တမ်းငါးဖမ်းခြင်း၊နီးစပ်ရာကျေးရွာများသို့လှည့်လည်ကြည်ရှုခြင်း၊ကနှုးလှေလှော်ခြင်း၊ရေကူးခြင်းများပါဝင်သောခရီးစဉ်ကိုလည်းကောင်း၊ကုန်းတွင်းတစ်လှည့်ရေပြင်တစ်လှည့် ခရီး
စဉ်ကိုလည်းကောင်း၊သံတွဲဒေသလေလာရေးနှင့်ဒီရောက်တောများလေ့လာခြင်းများပါဝင်သော
ခရီးစဉ်ကိုလည်းကောင်းခရီးစဉ်လေးခုထားရှိကာခရီစဉ်တစ်ခုအတွက်တစ်ရက်တာလည်ပတ်နိုင်ကြောင်း၎င်းကရှင်းပြသည်။

‘’ဒါကကျွန်တော်တို့အနေနဲ့ခရီးစဉ်သစ်ကိုဖော်ထုတ်တာပါ၊ပြည်တွင်းဧည့်သည်ထက်ပြည်ပ ဧည်သည်တွေကပိုပြီးစိတ်ဝင်စားပါတယ်’’ဟု၎င်းကယင်းခရီးစဉ်နှင့်ပတ်သက်ပြီးခရီးသည်အခြေအနေကိုပြောဆိုသည်။ ယင်းခရီးသွားကုပ္မဏီသည်၂၀၀၃ခုနှစ်မှစ၍အဆိုပါ ခရီးစဉ်များကိုတနင်္သာရီတိုင်းကော့သောင်းနှင့်မြိတ်ကျွန်းစုတို့တွင်လုပ်ကိုင်ခဲ့သည်။
 
ref:thevoiceweekly

No comments:

Post a Comment