Friday 3 August 2012

ရေလွှမ်းခံ ရန်ကုန် မော်လမြိုင် ရထားလမ်း ပြန်ဖွင့်

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကျော်၍ ပိတ်ထားခဲ့ရသော ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းအားယနေ့နံနက် ၄နာရီ၃၅မိနစ် က  ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ပဲခူး တိုင်း မီးရထားရုံးမှ မီးရထား ကြီးကြပ်ရေးအုပ် ဦးကြည်ဝင်းက  ပြောကြားသည်။
သိမ်ဇရပ်နှင့် ဆပ်သွားကုန်းကြားရှိ ရထားလမ်းပေါ်တွင် နှစ်ပေခန့်အထိ မြင့်တက်ခဲ့သော ရေထုသည် ယနေ့နံ နက် ၄နာရီခန့်က မီးရထားလမ်းပေါ်တွင် ရေ ၆ လက်မခန့်သာ ရှိတော့သည့်အတွက် အမှတ် ၁၅အဆန် နေပြည်တော်-မော်လမြိုင် မီးရထားနှင့် ၄နာရီ ၃၅ မိနစ်တွင် အမှတ်၃၅ အဆန် ရန်ကုန်-မော်လမြိုင် မီးရထား နှစ်စီး အား စတင် ဖွင့်ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

ယင်းကဲ့သို့ မီးရထားပေါ်သို့ ရေလွှမ်းမိုးခြင်းမှာ ပဲခူးရိုးမအဆက် တောင်ကုန်းများပေါ်မှ စီးဆင်းလာသော ရေစီးအရှိန်မှာ စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းနိုင်မှု အားနည်းခြင်းကြောင့် စစ်တောင်းမြစ် ရေမြင့်တက်ပြီး ရထားလမ်းများ အပေါ်သို့ ရေ လွှမ်းမိုးခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

စစ်တောင်း တံတား အနီးရှိ သိမ်ဇရပ်-ဆပ်သွားကုန်း လမ်းပိုင်း မိုင်တိုင်အမှတ် ၇၇/၂၀မှ၇၈/၃အထိ လမ်းပိုင်းတွင် သြဂုတ်လ၂ရက်နေ့ည ၉နာရီအချိန်ခန့်က မီးရထားလမ်း အထက်သို့ ရေ ဒူးဆစ်ခန့် မြင့်တက်ခဲ့ကြောင်း ပဲခူးတိုင်း မီးရထားရုံးမှမီးရထား ကြီးကြပ်ရေး အုပ် ဦးကြည်ဝင်းက ပြောကြားသည်။

ဒေသခံများ က မူ စစ်တောင်းမြစ် ကောလာသည့်အတွက် ရေကြီးခြင်းဖြစ် ပြီး ပဲခူး အရှေ့ခြမ်း တစ်ခုလုံးသည် စစ်တောင်းမြစ် တိမ်ကောလာ သည့်အတွက် ဘေးဒုက္ခ ရင်ဆိုင်ရလျက် ရှိသည်။
 
ref:thevoiceweekly

No comments:

Post a Comment