Friday 3 August 2012

စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူနှင့် မြန်မာအသင်း ခြေစမ်းမည်

ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်ရောက်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ရွေးချယ်ထားသည့် ပဏာမ လက်ရွေးစင် အသင်းသည် လာမည့် စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူ လက်ရွေးစင် အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း သိရသည်။

အစောပိုင်းက စက်တင်ဘာ ၁၂ရက်နေ့တွင် ထိုင်းအသင်းနှင့် ခြေစမ်းပွဲ တစ်ရပ် ယှဉ်ပြိုင် ကစားမည်ဟု ထိုင်းဘောလုံး အဖွဲ့ချုပ် (FAT) က သတင်းထုတ်ပြန် ခဲ့သော်လည်း ထိုခြေစမ်းပွဲ ကစားဖြစ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် ပဏာမ အသင်းသည် ထိုခြေစမ်းပွဲ အစား စက်တင်ဘာ ၁၁ရက်နေ့ အင်္ဂါနေ့တွင် စင်ကာပူနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကာ စက်တင်ဘာ ၁၇ရက်နေ့၌ ဂျပန်သို့ ပူးတွဲ
 လေ့ကျင့်ရေးနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားနိုင်ရန် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ပူးတွဲ လေ့ကျင့်ရေး ခရီးစဉ် ကာလအတွင်း မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် ဂျပန်ရှိ နာမည်ကြီး ဂျေလိဂ် ကလပ်အသင်း ၃သင်းနှင့် ခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။ ပတ်ဆောင်ဟွာ ကိုင်တွယ်မည့် မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် အောက်တိုဘာ လဆန်းပိုင်းတွင် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲ ပွဲစဉ်များအား ရန်ကုန်တွင် ကစားရမည် ဖြစ်ကာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမော အစရှိသည့် အသင်းများနှင့် အုပ်စုအဆင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။

ref:SM

No comments:

Post a Comment