Friday 3 August 2012

ပြည်တွင်း/ပြည်ပကုမ္ပဏီများ ကုန်းပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များ အား စိတ်ဝင်စားလျက်ရှိနြေ

ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများအတွက် အာရှနိုင်ငံများအပါအဝင်
ကမ္ဘာ့နိုင်ငံအသီးသီး မှကုမ္ပဏီအမြောက်အများ လာရောက်ဆွေးနွေးလျက်ရှိပါသည်။ ပြည်ပကုမ္ပဏီများနှင့် ကုန်းပိုင်း လုပ်ကွက်များတွင်ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်တွင်းကုမ္ပဏီ(၆၀) ကျော်မှ စွမ်းအင်
ဝန်ကြီးဌာနသို့လာ ရောက်ကမ်းလှမ်းထားပါသည်။
ကုန်းပိုင်းလုပ်ကွက်များအတွက် ဒုတိယအကြိမ်တင်ဒါ ခေါ်ယူရန်ရှိပြီးတင်ဒါခေါ်ဆိုပါက နေ့စဉ်ထုတ်
သတင်းစာများနှင့် စွမ်းအင်ဝန်ကြီးဌာနဆိုင်ရာ Website, Facebook နှင့် Blog များတွင် ထည့်သွင်းကြေညာ
သွားမည်ဖြစ်ပါသည်

စွမ်းအင်ဝန်ကြီးဌာန၏မူဝါဒတွင် “ရှာဖွေတွေ့ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သယံဇာတများကိုထွက်ရှိ
ရာဒေသအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးရရှိခံစားနိုင်မည့်သုံးစွဲမှုဖြစ်စေရေးဆောင်ရွက်သွားရန်” ဟု ပါဝင်ပါသည်။ ပြည်ပကုမ္ပဏီများအနေဖြင့် ကုန်းပိုင်းနှင့်ကမ်းလွန် လုပ်ကွက်(၂)ခုစလုံးအား စိတ်ပါဝင်စားစွာဖြင့် လာရောက် မေးမြန်းလျက်ရှိပါသည်။

No comments:

Post a Comment