Friday 3 August 2012

အမေရိကန် ကွန်ဂရက်စ်က မြန်မာ့သွင်းကုန် ကန့်သတ်သည့် ဥပဒေအား ၁ နှစ် သက်တမ်းတိုး



မြန်မာ့နိုင်ငံမှ သွင်းကုန်များကို ကန့်သတ်တားမြစ်ထားသည့် "မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ" အား ကွန်ဂရက်စ်၌ ယနေ့တွင် မဲခွဲဆုံးဖြတ်ကာ လွှတ်တော် ၂ ရပ်လုံး၏ ထောက်ခံမှုဖြင့် ၁ နှစ်သက်တမ်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။



ယနေ့ ဆုံးဖြတ်ချက်အရ အမေရိကန် သမ္မတရုံးအား ဤဥပဒေကို ပယ်ဖျက်ခွင့်နှင့် သက်ညှာခွင့်
 ပေးအပ်နိုင်သည့် အခွင့်အာဏာကိုမူဆက်လက် ရရှိဦးမည်ဖြစ်သည်။ယင်းအတွက်ကြောင့်
 အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုအပေါ်မူတည်ပြီး ယခု သက်တမ်း 
၁ နှစ်အတွင်း ပယ်ဖျက် (သို့) သက်ညှာခွင့် ပေးအပ်လိုက သမ္မတအိုဘားမား၏ လက်မှတ်ဖြင့်
 ပေးအပ်နိုင်မည်ဖြစ်သည်။
အောက်လွှတ်တော်၏ရီပတ်ဘလီကန်အမတ် Dave Camp က “ကျွန်တော့ အနေနဲ့ မြန်မာအစိုးရကို ဤဥပဒေအားပဌာန်းရတဲ့ ရည်ရွယ်ချက်ပါ အကြောင်းအရာများကိုအလေးထားပြီး ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။ ဒါအပြင် မြန်မာနိုင်ငံသား အားလုံးအတွက် အကျိုးရှိစေမယ့်နောက်ထပ်
 ပြောင်းလဲမှုများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ငြိမ်းချမ်းရေးတို့ကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်
ရွက်သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်။ကွန်ဂရက်စ်၏ ယနေ့ ဆုံးဖြတ်ချက်အား U.S. Campaign for Burma အဖွဲ့ကထောက်ခံအားပေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယင်းတို့အနေဖြင့် ဤဥပဒေအား 
သက်တမ်းတိုးရန် ဆက်တိုက် လှုံ့ဆော်နေခဲ့ပြီးအမေရိကန်နေ မြန်မာပြည်သူများအားလည်း
 မိမိတို့နေထိုင်ရာဒေသမှ လွှတ်တော်အမတ်များအား ထောက်ခံမဲပေးရေး တိုက်တွန်းသွားရန်
 lobby လုပ်နေခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ 

ယင်းအဖွဲ့က “ဒီဟာ ဘာကိုပြသလဲဆိုရင် အမျိုးသား ရင်ကြားစေ့ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းအောင် မဆောင်ရွက်နိုင်သရွေ့ ဆန်ရှင်များဟာ ဆက်လက်ရှိနေဦးမယ်ဆိုတာ အာဏာရ အစိုးရကို သိအောင် လုပ်လိုက်တာပါပဲ။” ဟု ထုတ်ဖော်ကြေညာခဲ့သည်။


ref:shwelone

No comments:

Post a Comment