Friday 3 August 2012

ဆီးရီးယားစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်

ဆီးရီးယားနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ တော်လှန်ရေး အင်အားစုများကြား ပဋိပက္ခသည် ပြင်းထန်သော စစ်ပွဲတစ်ခုအသွင်သို့ တဖြည်းဖြည်း ဆိုးရွား ပီပြင်လာစေကြောင်း သိရှိရသည်။ သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်သည် အတိုက်အခံ တပ်ဖွဲ့များကို နှိမ်နင်းရန် အစိုးရ၏ အင်အားအကောင်းဆုံး၊ ခေတ်အမီဆုံး စစ်လက်နက်များကို အသုံးပြုလာခဲ့သည်။ အထူးသဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်
များနှင့် တင့်ကားများသည် တော်လှန်ရေး တပ်ဖွဲ့များကို ချေမှုန်းရာတွင် အင်နှင့်အားနှင့် အသုံးပြုလာနေကြောင်း သတင်းများက ဆိုသည်။ 
 (တိုက်ပွဲများဖြစ်ပွားနေသည့် ဒမတ်စကက်မြို့မြင်ကွင်း)


တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း အာဆက်ဒ်ထံမှ ဘက်ပြောင်းခိုလှုံလာသည့် တပ်ဖွဲ့များကြောင့် လက်နက်အင်အား တောင့်တင်းနေသလို လက်နက်တိုက် အချို့ကိုလည်း စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်။ ဗုဒ္ဓဟူးနေ့က တော်လှန်ရေး တပ်များသည် စစ်ဘက်က အသုံးပြုသော လေဆိပ်တစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ အယ်လက်ပိုမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသလို အင်္ဂါနေ့ကလည်း ဆီးရီးယား
 တော်လှန်ရေး တပ်များသည် အာဆက်ဒ်၏ တပ်ဖွဲ့များ စီးနင်းလာသည့် တင့်ကားများကို လျှပ်တပြက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သေးသည်။ ထိုအနေအထားကို စိုးရိမ်လာသော အာဆက်ဒ်သည် ခေတ်အမီဆုံး စစ်လက်နက်များကို အသုံးပြုရန် ဆုံးဖြတ်လာခြင်း ဖြစ်သည်။

 (အယ်လက်ပိုမြို့တွင် အစိုးရ၏လေကြောင်း စစ်ဆင်ရေးကို တန်ပြန်တိုက်ခိုက်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြင်ဆင်နေစဉ်)
ဆီးရီးယား စစ်တပ်သည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို နိုင်ငံတစ်လွှား နေရာအနှံ့သို့ ပျံသန်း ရောက်ရှိ
သွားနိုင်ရန် တပ်ဖြန့်ထားလိုက်ပြီး သံချပ်ကာ တပ်ဖွဲ့များကိုလည်း စုရုံးထားခဲ့သည်။ လေ့လာသူများက ဆီးရီးယား စစ်တပ်မှ Mi-25 အမျိုးအစား Hind-D တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် စုဖွဲ့မှုအင်အား (၃၆)စင်းမျှ ရှိနေမည်ဟု ခန့်မှန်းထားသည်။ ထိုအင်အားစုသည် တော်လှန်ရေး တပ်ဖွဲ့များကို
 ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးအောင် ချေမှုန်းနိုင်သည့် ပမာဏလည်း ဖြစ်သည်။ သို့သော်လည်း ဆီးရီးယား စစ်ဘက်တွင် ဘက်ပြောင်းမှုများ ရှိနေခြင်းနှင့် ပညာရှင် မလုံလောက်ခြင်းများက အခက်အခဲ ဖြစ်လာစေမည်ဟု သုတေသီများက ဆိုသည်။

 (ဆီးရီးယားစစ်တပ်၏ တင့်ကားပေါ်တွင် အောင်ပွဲခံနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား အယ်လက်ပိုမြို့တွင် တွေ့ရစဉ်)
"စစ်တပ်က စပြီးတော့ ပြိုကွဲစ ပြုနေပါပြီ"ဟု အမေရိကန် နိုင်ငံမှ ကာကွယ်ရေးဌာန ထောက်လှမ်းရေး
 အေဂျင်စီမှ ပညာရှင် တစ်ဦးဖြစ်သော ဂျက်ဖရီဝှိုက်က မှတ်ချက်ပြုခဲ့သည်။ "လောလောဆယ်တော့ ရုတ်တရက် ပြိုလဲသွားတာမျိုး ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ တစ်စချင်းစီ ပြုတ်ထွက်နေတာ မြင်နိုင်ပါတယ်"ဟု ၎င်းက ပြောကြားသွားသည်။ ဝှိုက်က ဆီးရီးယား စစ်တပ်သည် ဇူလိုင်လ တစ်လတည်းတွင်ပင် အမှုထမ်း (၁၁၀၀)ကျော် သေဆုံးမှုကြောင့် စိတ်ဓာတ်ရေးရာအရ ခြောက်ခြားနေမည်ဟုလည်း ဝေဖန်သွားခဲ့သည်။   

ref:planet 

No comments:

Post a Comment