Friday 21 December 2012

မန္တလေး- မြစ်ကြီးနားမီးရထားမိုင်းကွဲလူ၃ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ဆက်သွယ်သည့် အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်ကုန်တင်ရထားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့် မီးရထားဝန်ထမ်းသုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ်အတွင်းရှိ နမ္မားဘူတာနှင့်မြို့သစ်ကလေး ဘူတာကြား မိုင်တိုင်အမှတ် (၆၄၃/၂၂)နှင့်(၆၄၃/၂၃)ကြားတွင် ဒီဇင်ဘာလ၂၁ ရက်နေ့ နံနက်၁ နာရီ၁၅ မိနစ်ခန့် တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။

ယင်းမိုင်းခွဲမှုမှာ အုပ်ချုပ်ရေးအဖွဲ့ကကေအိုင်အေမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လ ည်း TheVoice Weekly အနေဖြင့် ကေအိုင်အေထံသို့ ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်ပြီးရရှိလာသော အချက် အလက်များ ဆက်လက် တင်ပြသွားမည်ဖြစ်သည်။

credit to-The Voice Weekly

No comments:

Post a Comment