ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီမြို့၌ကျင်းပမည့် (၂၀) ကြိမ်မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေး
တက်ရောက် ရန် အဖွဲ့ဝင်များလိုက်ပါလျက် ဒီဇင်ဘာ (၂၀) ရက် နံနက်ပိုင်း တွင်
နေပြည်တော်မှ အထူး လေယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် နံနက် (၁၂)
နာရီခွဲတွင် နယူးဒေလီမြို့ ပလန် (Palam) လေတပ် စခန်းသို့ ရောက်ရှိသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား အိန္ဒိယ သမ္မတ နိုင်ငံ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri၊ သံတမန် ဌာန အကြီး အကဲ၊ အိန္ဒိယ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံ/ သံမှူးကြီး ဦးဘလှအေး၊ စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင်နှင့် သံရုံး၊ စစ်သံရုံးတို့မှ ၀န်ထမ်း မိသားစုများက ကြိုဆို နှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် များဖြင့် ခေတ္တ တည်းခိုမည့် နယူးဒေလီမြို့ Taj Mahal ဟိုတယ်သို့ ရောက်ရှိကြသည်။
မြ၀တီ

No comments:
Post a Comment