Friday 21 December 2012

ကမ္ဘာ့ကာယဗလနဲ့ ကြံ့ခိုင်မှုပြိုင်ပွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ကာယဗလနဲ့ ကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာက ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ် တွေတော့ ရယူနိုင်ခဲ့ခြင်း မရှိပါ ဘူး။ ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကျပြီး မြန်မာ ကိုယ်စားပြု အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ ဆုတံ ဆိပ် မရပေမယ့် အမျိုးသား ၅၅ ကီလိုတန်း ကာယ ဗလပွဲစဉ်မှာ ဇော်ဝမ်းက အဆင့် ၆ ရခဲ့ ပြီး ၆၀ ကီလိုတန်းမှာ ထွန်းမင်း က အဆင့် ၄ ချိတ်ခဲ့ပါတယ်။ မြန်မာကာယဗ အဖွဲ့ဝင် တွေဖြစ် တဲ့ ဇော်ဝမ်းနဲ့ ထွန်းမင်း တို့ ၂၀၁၂ အရှေ့တောင်အာရှ ကာယ ဗလပြိုင်ပွဲ မှာ ဗိုလ်စွဲ ထားသူတွေ ဖြစ်ပါတယ်။ 
DVB TV News

No comments:

Post a Comment