Friday 21 December 2012

ရန်ကုန်မြို့၌ ဗီယက်နမ် နိုင်ငံက HOANG ANH GIA LAI MYANMAR CENTRE တည်ဆောက်မည်

Photo: ရန်ကုန်မြို့၌ ဗီယက်နမ် နိုင်ငံက HOANG ANH GIA LAI MYANMAR CENTRE တည်ဆောက်မည်
Friday, December 21, 2012 

ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီး ဌာနသည် ကမ္ဘာလှည့် ခရီးသည် လုပ်ငန်း ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ အဆင့်မီ အဆောက် အအုံများ ပေါ်ထွက် လာရေး အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်၍ ပံ့ပိုးညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
ယနေ့အထိ မြန်မာ နိုင်ငံတွင် စုစုပေါင်း ဟိုတယ် ၇၈၂ လုံးနှင့် အခန်းပေါင်း ၂၇၉၆၈ ခန်းရှိရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံးနှင့် အခန်း ၃၇၇ဝ ခန်း ပါဝင်သည်။

ယခုအခါတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေး
စေတီလမ်း ပေါ်တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ စီးပွားရေး ဗဟိုဌာန၊ ရုံးခန်းနှင့် အဆင့်မြင့် လူနေ အိမ်ခန်းများ ပါဝင်သော စီမံကိန်းကို ဗီယက်နမ် Hoang Anh Construction & Development House Joint Stock Company မှ ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ရာနှုန်း ပြည့် ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်ရန် အတွက် တည်ဆောက် ဆောင်ရွက် ပြန်လည်လွှဲ ပြောင်းမှု သဘောတူ စာချုပ်နှင့် မြေငှားရမ်းမှု သဘော တူညီချက် များကို ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနနှင့် Hoang Anh Gia Lai Myanmar Company Limited တို့အကြား BOT Contract နှင့် Lease Agreement လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ည ၈ နာရီက နေပြည်တော်ရှိ အမရ 
ဟိုတယ်၌ ကျင်းပ ခဲ့သည်။

အခမ်း အနားတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mr. Chu Cong Phung တို့က အမှာစကား
ပြောကြားကြသည်။ ယင်းနောက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ဇော်ဝင်း နှင့် Hoang Anh Gia Lai Myanmar Company Limited မှ ဒါရိုက်တာ Mr. Le Hung တို့က သဘောတူညီ ချက်များကို လက်မှတ် ရေးထိုး ကြသည်။

အဆိုပါ Hoang Anh Gia Lai Myanmar Centre တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် အိပ်ခန်း ၄၁၄ ခန်း၊ အစည်းအဝေး ခန်းများနှင့် အခြား အထောက် အကူပြု လုပ်ငန်းများ၊ စီးပွားရေး ဗဟို ဌာနတွင် ဈေးဆိုင်ကြီးများ၊ အရောင်း ဆိုင်များ၊ စားသောက်ဆိုင် များနှင့် အပန်းဖြေ နေရာများ၊ ရုံးခန်း၊ အဆောက် အအုံများနှင့် အဆင့်မြင့် လူနေ တိုက်ခန်းများ ပါဝင်မည် ဖြစ်သည်။

စီမံကိန်း ကာလကို အဆင့်(၂)ဆင့် ဖြင့် ခွဲခြား တည်ဆောက် သွားမည်ဖြစ်ပြီး အဆင့် (၁)ကို ၂ဝ၁၅ခုနှစ် အတွင်း၌ လည်းကောင်း၊ အဆင့်(၂)ကို ၂ဝ၁၇ ခုနှစ် အတွင်း၌ လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာအဆင့်မီ အဆောက် အအုံများ ပေါ်ထွက်လာရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်၍ ပံ့ပိုးညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
ယနေ့အထိ မြန်မာ နိုင်ငံတွင် စုစုပေါင်း ဟိုတယ် ၇၈၂ လုံးနှင့် အခန်းပေါင်း ၂၇၉၆၈ ခန်းရှိရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံးနှင့် အခန်း ၃၇၇ဝ ခန်း ပါဝင်သည်။

ယခုအခါတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီ လမ်း ပေါ်တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ စီးပွားရေး ဗဟိုဌာန၊ ရုံးခန်းနှင့် အဆင့်မြင့် လူနေ အိမ်ခန်းများ ပါဝင်သော စီမံကိန်းကို ဗီယက်နမ် Hoang Anh Construction & Development House Joint Stock Company မှ ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ရာနှုန်း ပြည့် ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်ရန် အတွက် တည်ဆောက် ဆောင်ရွက် ပြန်လည်လွှဲ ပြောင်းမှု သဘောတူ စာချုပ်နှင့် မြေငှားရမ်းမှု သဘော တူညီချက် များကို ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနနှင့် Hoang Anh Gia Lai Myanmar Company Limited တို့အကြား BOT Contract နှင့် Lease Agreement လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ည ၈ နာရီက နေပြည်တော်ရှိ အမရ ဟိုတယ်၌ ကျင်းပ ခဲ့သည်။

အခမ်း အနားတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mr. Chu Cong Phung တို့က အမှာစကား
ပြောကြားကြသည်။ ယင်းနောက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ဇော်ဝင်း နှင့် Hoang Anh Gia Lai Myanmar Company Limited မှ ဒါရိုက်တာ Mr. Le Hung တို့က သဘောတူညီ ချက်များကို လက်မှတ် ရေးထိုး ကြသည်။

အဆိုပါ Hoang Anh Gia Lai Myanmar Centre တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် အိပ်ခန်း ၄၁၄ ခန်း၊ အစည်းအဝေး ခန်းများနှင့် အခြားအထောက်အကူပြုလုပ်ငန်းများ၊ စီးပွားရေး ဗဟိုဌာနတွင် ဈေး ဆိုင်ကြီးများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ၊ ရုံးခန်း၊ အဆောက် အအုံများနှင့် အဆင့်မြင့် လူနေ တိုက်ခန်းများ ပါဝင်မည် ဖြစ်သည်။

စီမံကိန်း ကာလကို အဆင့်(၂)ဆင့် ဖြင့် ခွဲခြား တည်ဆောက် သွားမည်ဖြစ်ပြီး အဆင့် (၁)ကို ၂ဝ၁၅ခုနှစ် အတွင်း၌ လည်းကောင်း၊ အဆင့်(၂)ကို ၂ဝ၁၇ ခုနှစ် အတွင်း၌ လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment