Friday 21 December 2012

၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ

၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ

ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေဆိပ်တွင် ကျသင့် အခွန်ပေး၍ တိုက်ရိုက် ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။

အကောက်ခွန် ဦးစီး ဌာနမှ ယခင်က မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးသည် များအတွက် တစ်ကိုယ်ရေသုံး ဝန်စည် ပစ္စည်းများ အဖြစ် အကောက်ခွန် ကင်းလွတ်ခွင့် ရှိသည့် ကိုယ်သုံး ဝန်စည်ပစ္စည်း (၁၄) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြား စက်များကို စိစစ်၍ လိုင်စင် ရှိပါက ကျသင့်အခွန် ပေးဆောင်၍ ထုတ်ယူနိုင်ပြီး လိုင်စင် မရှိပါက ဒဏ်ငွေဆောင်၍ ကျသင့်အခွန် ပေးကာ ရန်ကုန် လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူ ခွင့်ပြုထားကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရသည်။

http://www.myawady.net.mm/allnews/localnews/item/2476-2012-12-21-10-23-00
ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြုထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေ ဆိပ် တွင် ကျသင့်အခွန်ပေး၍ တိုက်ရိုက်ထုတ်ယူနိုင် ပြီဖြစ်ကြောင်း အကောက် ခွန် ဦးစီး ဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ ယခင်က မြန်မာ နိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် တစ်ကိုယ်ရေသုံး ဝန်စည်ပစ္စည်းများ အဖြစ် အကောက်ခွန် ကင်းလွတ်ခွင့် ရှိသည့် ကိုယ်သုံး ဝန်စည်ပစ္စည်း (၁၄) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြား စက်များကို စိစစ်၍ လိုင်စင် ရှိပါက ကျသင့်အခွန် ပေးဆောင်၍ထုတ်ယူနိုင်ပြီး လိုင်စင်မရှိပါက ဒဏ်ငွေဆောင်၍ ကျသင့် အခွန် ပေးကာ ရန်ကုန် လေဆိပ်တွင် တိုက်ရိုက်ထုတ်ယူခွင့်ပြုထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရ သည်။

No comments:

Post a Comment