Friday 21 December 2012

ဂျာမနီတပ်ဖွဲ့များသည် PATRIOT ဒုံးစနစ်များကို တပ်ဖြန့် ချထားရန်အတွက် တူရကီနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်း

ဂျာမနီတပ်ဖွဲ့များသည် PATRIOT ဒုံးစနစ်များကို တပ်ဖြန့် ချထားရန်အတွက် တူရကီနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်း
 
ဂျာမနီ တပ်ဖွဲ့များသည် တူရကီ နိုင်ငံအပေါ် ဆီးရီးယားနိုင်ငံမှ ခြိမ်းခြောက်နိုင်ခြေ ရှိမှုများကို ကာကွယ်ရန် အတွက် Patriot ဒုံးစနစ်များ တပ်ဖြန့် ချထားရန် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းရှိ Kahramanmaras ပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

ဂျာမနီ တပ်ဖွဲ့များသည် တူရကီနိုင်ငံ တောင်ပိုင်း Adana ပြည်နယ်ရှိ NATO အဖွဲ့၏ Incirlik လေတပ် အခြေစိုက် စခန်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ယာဉ်နှစ်စီးဖြင့် Kahramanmaras ပြည်နယ်သို့ တူရကီ စစ်ဘက်အစောင့်လိုက် ယာဉ်တန်းနှင့် အတူ ဒီဇင်ဘာလ ၁၈ ရက် နေ့ မနက်တွင် ဆက်လက် ထွက်ခွာသွားကြောင်း သိရှိရပါသည်။ 

တူရကီ နိုင်ငံသို့ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် နိုင်ငံတို့မှ စုစုပေါင်း Patriot ဒုံးတပ်ခွဲ ၆ ခွဲ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတပ်ခွဲ ၆ ခွဲအား NATO စစ်အုပ်စု၏ ကွပ်ကဲမှု လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်းနှင့် စစ်ဆင်ရေး ကာလအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အကုန်အထိ သတ်မှတ် ထားကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/2538-2012-12-21-15-27-42
ဂျာမနီ တပ်ဖွဲ့များသည် တူရကီ နိုင်ငံအပေါ် ဆီးရီးယားနိုင်ငံမှ ခြိမ်းခြောက်နိုင်ခြေရှိမှုများကို ကာကွယ်ရန်အတွက် Patriot ဒုံးစနစ်များ တပ်ဖြန့်ချထားရန် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းရှိ Kahramanmaras ပြည်နယ်သို့ ရောက်ရှိလာခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
ဂျာမနီ တပ်ဖွဲ့များသည် တူရကီနိုင်ငံ တောင်ပိုင်း Adana ပြည်နယ်ရှိ NATO အဖွဲ့၏ Incirlik လေတပ် အခြေစိုက် စခန်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ယာဉ်နှစ်စီးဖြင့် Kahramanmaras ပြည်နယ်သို့ တူရကီ စစ်ဘက်အစောင့်လိုက် ယာဉ်တန်းနှင့်အတူ ဒီဇင်ဘာလ ၁၈ ရက် နေ့မနက်တွင် ဆက်လက်ထွက်ခွာ သွားကြောင်း သိရှိရပါသည်။

တူရကီ နိုင်ငံသို့ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် နိုင်ငံတို့မှ စုစုပေါင်း Patriot ဒုံးတပ်ခွဲ ၆ ခွဲ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတပ်ခွဲ ၆ ခွဲအား NATO စစ်အုပ်စု၏ ကွပ်ကဲမှု လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်းနှင့် စစ်ဆင်ရေး ကာလအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အကုန်အထိ သတ်မှတ် ထားကြောင်း သိရှိရ ပါသည်။.
မြ၀တီ

No comments:

Post a Comment