Friday 21 December 2012

ဗြိတိသျှ တပ်ဖွဲ့ဝင် ၃၈ဝဝ ဦး ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဖဂန် နစ္စတန်မှ ပြန်လည် ရုပ်သိမ်းမည်

အာဖဂန် နစ္စတန် နိုင်ငံရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် ၃၈ဝဝ အား ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီဇင် ဘာ ၁၉ ရက်တွင် ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန်ရှိ မိမိတို့ တပ်ဖွဲ့ဝင် များအား ၂ဝ၁၃ နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် နှစ်သုတ်ခွဲ၍ ရုပ်သိမ်းသွား မည် ဖြစ်ပြီး  လက်ရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပြီးနောက် တပ်ဖွဲ့ဝင် ၅၂ဝဝ ခန့် ရုပ်သိမ်းပြီး ဖြစ်လိမ့်မည် ဖြစ်ကြောင်း ကင်မရွန်းက ပါလီမန်သို့ ပြောကြား ခဲ့သည်။

သို့သော်လည်း  ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံတွင် ဗြိတိန် တပ်ဖွဲ့ဝင် အရေ အတွက် မည်မျှ ရှိနေမည်ကို ဆုံးဖြတ်ချက် မချရ သေးကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။ ထိုအချိန် တွင် နေတိုး တပ်ဖွဲ့သည် စစ်ဆင်ရေး တာဝန်များကို အဆုံးသတ်မည် ဖြစ်ကာ  လုပ်ငန်း တာဝန် များကို အာဖဂန် နစ္စတန် ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့များသို့ လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

သို့သော်လည်း ဗြိတိန် နိုင်ငံက အာဖဂန် နစ္စတန် နိုင်ငံတွင် အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း ဖွဲ့စည်း တည်ထောင် မှုကို အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ကင်မရွန်းက ပြောကြား ခဲ့သည်။

ဗြိတိန် အစိုးရသည် အာဖဂန် နစ္စတန်မှ တပ်ဖွဲ့ဝင် များကို ပြန်လည် ရုပ်သိမ်းရန် ဖိအားပေး ခံရလျက် ရှိပြီး ဗြိတိသျှ တပ်ဖွဲ့ဝင် များသည် ၂ဝဝ၁ ခု နှစ်မှစ၍ အာဖဂန် နစ္စတန် နိုင်ငံတွင်း တာဝန်ထမ်းဆောင် ခဲ့သည်ဟု  သိရသည်။

http://www.myawady.com.mm/allnews/global/item/2491-2012-12-21-11-53-17အာဖဂန် နစ္စတန် နိုင်ငံရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ဖွဲ့ဝင် ၃၈ဝဝ အား ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီဇင် ဘာ ၁၉ ရက်တွင် ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန်ရှိ မိမိတို့ တပ်ဖွဲ့ဝင် များအား ၂ဝ၁၃ နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် နှစ်သုတ်ခွဲ၍ ရုပ်သိမ်းသွား မည် ဖြစ်ပြီး လက်ရှိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၉ဝဝဝ အနက် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပြီးနောက် တပ်ဖွဲ့ဝင် ၅၂ဝဝ ခန့် ရုပ်သိမ်းပြီး ဖြစ်လိမ့်မည် ဖြစ်ကြောင်း ကင်မရွန်းက ပါလီမန်သို့ ပြောကြား ခဲ့သည်။

သို့သော်လည်း ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံတွင် ဗြိတိန် တပ်ဖွဲ့ဝင် အရေ အတွက် မည်မျှ ရှိနေမည်ကို ဆုံးဖြတ်ချက် မချရ သေးကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။ ထိုအချိန် တွင် နေတိုး တပ်ဖွဲ့သည် စစ်ဆင်ရေး တာဝန်များကို အဆုံးသတ်မည် ဖြစ်ကာ လုပ်ငန်း တာဝန် များကို အာဖဂန် နစ္စတန် ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့များသို့ လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

သို့သော်လည်း ဗြိတိန် နိုင်ငံက အာဖဂန် နစ္စတန် နိုင်ငံတွင် အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း ဖွဲ့စည်း တည်ထောင် မှုကို အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ကင်မရွန်းက ပြောကြား ခဲ့သည်။

ဗြိတိန် အစိုးရသည် အာဖဂန် နစ္စတန်မှ တပ်ဖွဲ့ဝင် များကို ပြန်လည် ရုပ်သိမ်းရန် ဖိအားပေး ခံရလျက် ရှိပြီး ဗြိတိသျှ တပ်ဖွဲ့ဝင် များသည် ၂ဝဝ၁ ခု နှစ်မှစ၍ အာဖဂန် နစ္စတန် နိုင်ငံတွင်း တာဝန်ထမ်းဆောင် ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment