Monday 5 November 2012

Generation Of War တွင်ခေတ်နောက်မကျစေချင်


“တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်”ဆိုသည် ကို နိုင်ငံရေးလုပ် နေသူလူ လတ်ပိုင်းတချို့ ကလက်မခံနိုင်ဟု သိရသည်။ အတွေးအခေါ်အရ မှားယွင်း နေသဖြင့် လုံးဝလက်မခံနိုင်ပါဟုဆိုသည်။ တိုင်းပြည်နှင့် တပ်မတော်၏ ခွဲခြားမရ သောဆက်စပ်မှုကို နားမလည်သောကြောင့် ဤသို့ပြောခြင်းဖြစ် တန်ရာသည်။ အသိ ခေါက်မိုက်အ၀င်နက်ပြီး ပြောတာဆိုလျှင် တော့ရှင်းရမှာခက်လှ သည်။
ပညာရှိအမတ်ကြီးများက ဘုရင်ကို မင်းကျင့်တရားများလျှောက်ထားရာ၌ ဤဆက်စပ်မှုတွေ အမြောက် အမြားတွေ့ ရသည်။ မင်းဧကရာဇ် သတ်္တိသုံးဖြာတွင် ဥဿာဟသတ်္တိပါသည်။ “ရိက္ခာ၊ လက်နက်၊ စစ်သား ရှာမှီးမှု”ဟု အဓိပ္ပာယ်ရသည်။ မင်းဧရာဇ်သည် ရိက္ခာ၊ လက်နက်၊ စစ်သား (တပ်မတော်) ကို တည်ဆောက် ရမည် ဟု ဆိုလိုသည်။ သို့မှသာ တိုင်းပြည် အင်အားတောင့်တင်း၍ ရန်အန္တရာယ်မှ ကာကွယ်နိုင်မည်။

တိုင်းပြည့်အင်္ဂါခုနစ်ဖြာတွင် “ကျုံး၊ မြောင်း၊ ခံတပ်၊ နယ်စပ်တံတိုင်း၊ တောတောင်စသည့်တစ်ဖက်ရန်သူ၏ စစ်ကို တွန်းလှန်နိုင်မည့်ပြင်ဆင်မှုများ” ဟူသောအင်္ဂါရပ်နှင့် “စစ်သည်၊ ဗိုလ်ပါ၊ စစ်အင်္ဂါစုံကြည်း တပ်၊ ရေ တပ်၊ လေတပ် များ” ဟူသောအင်္ဂါရပ်တို့ပါဝင်သည်။

တိုင်းပြည်ရတနာကိုးပါးတွင် “ပြည် ၏ အစွယ်”နှင့် “ပြည်၏လက်”တို့ပါဝင် သည်။ ပြည့်အစွယ်ဆိုသည်မှာ “သူရသတ်္တိ ရှိကြသော ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ တပ်မှူးများ” ဖြစ်သည်။ ပြည့်လက်ဆိုသည်မှာ “ခဲယမ်း မီးကျောက် ၊ အမြောက်သေနတ်စသော လက်နက်များ” ဖြစ်သည်။ ပြည့်ဝမ်း (စားနပ်ရိက္ခာစပါးကျီ)ကို မဖောက်ရာ၊ ပြည့်လက် (တပ်မတော်) ကို မချိုးရာဟု ဘုရင်ကိုဆုံးမသည့် ဤနှစ်ချက်ကား ရာဇ၀င်တွင် ထင်ရှားလှ၏။

တစ်ဖန် မင်းလုပ်သူတို့၌ထားရှိရမည့် ဗလငါးတန် (အားငါးပါး)တွင် “ဗာဟုဗလ (လက်ရုံး၊ လက်နက်၊ စစ်သည် အင်အား)” ဟု ပါရှိသေး၏။

ဘုရင်တို့သည် ၎င်းတို့ကျင့်သုံးရ သောတရားနှင့်အညီ စစ်အင်္ဂါစုံကို တည်ဆောက်ကြ၏။ စစ်အင် အားေ တာင့် တင်းသောမင်းတို့လက်ထက်တွင် တိုင်း ပြည်နယ်နိမိတ်ကျယ်ဝန်း၏။ လက်ဆောင် ပဏ္ဏာဆက် သခံရ၏။ နိုင်ငံအေးချမ်းသာ ယာ၏။ သာသနာတော်ထွန်းကား၏။ ပြည်သူနှလုံးစိတ်ဝမ်းအေးချမ်း၏။

ပုဂံအနော်ရထာစောလက်ထက် ပထမမြန်မာနိုင်ငံတော်သည် ဇင်းမယ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ကိုချင် ချိုင်း နားအထိ ကျယ်ဝန်း၏။ ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်ဒုတိယ မြန်မာနိုင်ငံ နယ်နိ မိတ် သည်ကသည်း၊ ယိုးဒယား၊ ဇင်းမယ်၊ လင်းဇင်း၊ အနမ်း တိုင်းပြည်တို့အထိ ရောက်၏။ ကုန်းဘောင် မင်းဆက်တည်အလောင်းမင်းတရားကြီး ၏ တတိယမြန်မာနိုင်ငံတော်သည်ကား အာသံ၊ မဏိပူရ၊ ကိုးရှမ်းပြည်၊ ဇင်းမယ်၊ လင်းဇင်း၊ ယိုးဒယားအထိ ကျယ်ပြန့်၏။ ထိုမင်းတို့ သည် နိုင်ငံတော်ကို လက်ရုံး ရည် ဖြင့် တည်ဆောက် ခဲ့ကြခြင်းဖြစ်သည်။

စစ်အင်အားမတောင့်တင်းသော မင်းတို့လက်ထက်တွင် တိုင်းပြည်အင်အား ချည့်နဲ့သည်။ တိုင်းတစ်ပါး ၏ကျူးကျော် မှုကို ခံရသည်။ နရသီဟပတေ့မင်းလက် ထက်တွင် တရုတ်တပ်ကြီးချီလာရာ ငဆောင်ချမ်း တွင် မြန်မာတပ်ပျက်၏။ နရသီဟပတေ့လည်း ပုသိမ်ထိအောင် ရှောင်ပြေးရ၏။ တရုတ်တပ်သည် ပုဂံကို ဖျက်ဆီးပြီးနောက် ပြည်မြို့အောက်တရုတ် မော်အထိလိုက်လာပြီးမှ ထောက်ပံ့ရေး လမ်းကြောင်းရှည် လျားသည်နှင့် ခွာလေ ၏။

စစ်ကိုင်းမင်းထက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ စစ်ရှုံး၍ အာသံ၊ ရခိုင်နှင့် တနင်္သာရီတို့ကို အင်္ဂလိပ်အား ပေးလိုက်ရ၏။ တစ်ဖန် ပုဂံ မင်းလက်ထက်တွင် ဒုတိယစစ်ပွဲဖြစ်ရာ ထပ်မံ စစ်ရှုံးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်း ကို နယ်ချဲ့အင်္ဂလိပ်က သိမ်းယူ၏။ နောက်ဆုံး သီပေါမင်းလက်ထက် တွင် တတိယစစ်ပွဲဖြင့် ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်းသုညဖြစ်ခဲ့ရတော့၏။ တစ်နည်း ဆိုရသော် လွတ် လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရ၏။ ဤသည်မှာ စစ် အင်အားမတောင့်တင်းသောကြောင့်ဖြစ် သည်။ မြန်မာဘုရင့်တပ်မတော်နှင့် နယ်ချဲ့တပ်မတော်ယှဉ်ရာတွင်Generation Of War ကွာခြားေ သာကြောင့်ဖြစ် သည်။ အများနားလည်အောင်ရေးရလျှင် တပ်ဖွဲ့စည်းမှု၊ စစ်လက်နက်ပစ္စည်းတပ်ဆင် မှု၊ နည်းဗျူဟာ၊ မဟာဗျူဟာကျင့်သုံးမှုများတွင် မြန်မာဘုရင့်တပ်မတော်က ခေတ်နောက်ကျကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။

ဤသုံးသပ်ချက်ကို ထိုခေတ်ကတည်း က စစ်ပညာရှင် (military strategis) ဟုခေါ်ဆိုရမည့် ကနောင်မင်း သားကြီးက သုံးသပ်ခဲ့ပြီးဖြစ်သည်။ နောက်တစ်ကြိမ် စစ်မဖြစ်ခင် မြန်မာဘုရင့်တပ်မတော်ကို အင်အားေ တာင့် တင်းခေတ်မီအောင်ပြု ပြင်ရမည်ကိုသိရှိပြီးဖြစ်သည်။ ကနောင် မင်းသားကြီး၏ တပ်မတော် အင်အား ရှိ အောင်တည်ဆောက်ပုံကို မောင်မွှေးတင် (ကသာ) ရေးသားသော “ထက်မြက်ပြတ် သား မြန်မာ့ စိတ် ထား” စာအုပ်တွင် အောက်ပါအတိုင်းတွေ့ရသည်။

ကနောင်မင်းသားသည် အောက် မြန်မာနိုင်ငံဆုံးရှုံးရသည်ကို ဆင်ခြင်သည်။ မြန်မာတို့သည် သူရသတိ္တ ဘက်တွင်မညံ့ လက်နက်အင်အားချို့တဲ့ကြောင်း သဘောပေါက်နားလည်သည်။ အင်္ဂလိပ် တို့ရန် ကို တော် လှန်မောင်းထုတ်ရန်နှင့် လွတ်လပ်သည့် ခေတ်မီနိုင်ငံထူထောင် ရန် လက်နက်စက်ရုံ၊ အလုပ်ရုံများ တည် ဆောက်ပြီး ကြိုးပမ်းခဲ့သည်။

အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ဆင် နွှဲလာလျှင် တောတောင်ထူထပ်ပြီး နယ် မြေမကျွမ်းကျင် သည့် ကုန်းကြောင်းမှ ချီတက်တိုက်ခိုက်မည်မဟုတ်။ စစ်သည် အမြောက်အမြားတင်ဆောင်နိုင်သည့် စစ်သေ င်္ဘာဖြင့်ရေကြောင်းမှ ချီတက်တိုက် ခိုက်မည်ဟုသုံးသပ်ခဲ့သည်။ သို့ဖြစ်၍ အင်္ဂလိပ်စစ်သင်္ဘောများ ကို နှစ်မြှုပ် ရန် ရေမြှုပ်ဗုံးထုတ်လုပ်ခဲ့သည်။ မင်းလှနှင့် ဂွေးချောင်းအရပ်တွင် ခံတပ်များ တည် ဆောက်ခဲ့ သည်။ စစ်ရေးအမြင်ရှိသည်။

သို့သော် တိုင်းပြည်ကံကြမ္မာညှိုးရန် အကြောင်းဖန်လာသဖြင့် ရေမြှုပ်ဗုံးကို အသုံးချခွင့်မရ သည့်အပြင် ကနောင်မင်း သားကိုယ်တိုင် ရန်သူ၏လက်ဦးမှုကြောင့် ကျဆုံးခဲ့ရသည်။ ထက်မြက်သော စစ်ရေး ခေါင်းေ ဆာင် ဆုံးရှုံးခဲ့သည်။ တပ်မတော် လည်း ခေတ်မမီနိုင်တော့။ အင်အားမ တောင့်တင်းနိုင်တော့။ စစ်ရေးမယှဉ်နိုင် သည့်အပြင် နန်းတွင်းမညီညွတ်သော ကြောင့် တိုင်းပြည်အားပျော့ခဲ့သည်။ တိုင်းပြည်၏အရှင် သီပေါဘုရင်ပင်လျှင် မယုံနိုင်ဖွယ်ရာ၊ မခံချင်ဖွယ်ရာ၊ ကြေကွဲ ဖွယ်ရာ ကြက်ကလေး၊ ငှက်ကလေးဖမ်း သလို အဖမ်းခံရပြီး သူ့ကျွန်ဘ၀ရောက်ခဲ့ ရသည်။မြန်မာတိုင်းရင်းသားတို့သည် လက်နက်စွဲကိုင်တိုက်ခိုက်ခြင်း၊ ဆန်္ဒပြခြင်း၊ အမိန့်အာဏာကို ဆန့်ကျင်အာခံခြင်း၊ စည်းရုံးဟောပြောခြင်း၊ အသင်းအဖွဲ့များ ဖြင့် နိုးကြားတက်ကြွအောင်လှုံ့ဆော်ခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံသုံး၍ လွတ်လပ် ရေး ကို ဦးတည်ကြိုးပမ်းခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးကားအလှမ်းဝေး လှ၏။ စစ်တပ်၊ ပုလိပ်တပ်ရှိသော နယ်ချဲ့ အစိုးရကို အပ်တိုတစ်ချောင်းပင်ကိုင်ခွင့် မရှိသော မြန်မာတို့က မည်သို့ ယှဉ်ပြိုင် နိုင်အံ့နည်း၊ ထိုကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ရန်မှတစ်ပါးအခြားရွေးချယ်စရာ လမ်းမရှိေ တာ့ကြောင်း၊ မြန်မာမျိုးချစ်လူ ငယ်များသည် လက်နက်တော်လှန်ရေး အတွက် နိုင်ငံခြားအကူ အညီရှာဖွေ ရန် လိုအပ်ကြောင်း ဗမာ့ထွက်ရပ်ဂိုဏ်းခေါင်း ဆောင်များနှင့် တို့ဗမာအစည်းအရုံးခေါင်း ဆောင်များက အမြင်တူညီလာကြသည်။

သို့ဖြင့် အမွိုင်သို့ ဟိုင်လီသင်္ဘော ဖြင့် လျှို့ဝှက်စွာလိုက်ပါသွားသော သခင် အောင်ဆန်းနှင့် သခင် လှမြိုင်တို့က ဂျပန် နှင့် အဆက်အသွယ်ရခဲ့သည်။ ရဲဘော် သုံးကျိပ်ကို တစ်သုတ်ပြီးတစ်သုတ်လျှို့ဝှက် ခေါ်ထုတ်၍ ဟိုင်နန်ကျွန်းတွင် စစ်ပညာ သင်ပေးသည်။ သခင်အောင်ဆန်းသည် မြန်မာနိုင်ငံအတွင်းသို့ မလွဲမသွေဝင် ရောက်တိုက်ခိုက်မည့် ဂျပန်တပ်များနှင့် ရင်ပေါင်တန်း၍ ဘီအိုင်အေတပ်ကြီးချီ တက် ကာ မြန်မာ့လွတ်လပ်ရေးကိုရယူရန် ကြံရွယ်ခဲ့သည်။ ထို့ကြောင့် ၂၇.၁၂.၄၁ ရက်တွင် ဗန်ကောက်မြို့ ရှိဦးလွန်းဖေနေ အိမ်၌ ထိုင်းနိုင်ငံရောက်မြန်မာတိုင်းရင်း သားများကို စုဝေးတွေ့ဆုံလျက် ဘီ အိုင် အေခေါ်ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army) သို့ဝင် ရောက်ရန် ဖိတ်ခေါ်ရာတပ်သားသစ် ၁၀၀ ကျော် စတင်ရရှိခဲ့သည်။ ဤကား ယနေ့တပ်မတော်၏ အစဖြစ်သည်။ ဘုရင့်တပ်မတော်ကို ခေတ်မီတပ်မတော် အဖြစ်ပြုပြင်ရန် ကနောင်မင်းသားကြီး၏ ကြိုးပမ်းမှု အချည်းနှီးဖြစ်ပြီးနောက် နှစ် ပေါင်းများစွာ တပ်မဲ့ဖြစ်နေရာမှ ပထမဆုံး အကြိမ်ခေတ်မီလက်နက်ကိုင်တပ်မတော် ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ဂျပန်ခေတ်တွင် ၎င်းတို့အား တော်လှန်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အင်အား ၂၃၀၀၀ ရှိသော ဘီအိုင်အေ တပ်မတော်ကို ဂျပန်တို့က အင်အား ၃၀၀၀ သာရှိသော ဗမာ့ကာကွယ်ရေးတပ် မတော်ဘီဒီအေ (Burma Defence Army) အဖြစ် ပြန်လည်ဖွဲ့စည်းပေးခဲ့ သည်။ တပ်မတော်အင်အားယုတ်လျော့ သွားအောင် ဂျပန်က ဖန်တီးလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်ချိန်တွင် ဖက်ဆစ်ဂျပန်အား တော်လှန်တိုက်ထုတ်ရလိမ့်မည်ကို ဗိုလ်ချုပ် အောင်ဆန်း က မျှော်ေ တွးပြီဖြစ်သည်။ သို့ရာတွင် တပ်မတော်ကို စိတ်တိုင်းကျ တိုးချဲ့တည်ဆောက်နိုင်သော လုပ်ပိုင်ခွင့် လည်းမရှိချေ။ တပ်မတော်အင်အားတောင့် တင်းအောင် ပြည်သူကိုသာ အားထားရ မည့်အခြေ အနေဖြစ် သည်။ ဗိုလ်ချုပ်အောင် ဆန်းသည် သူလိုချင်သောအချက်အလက် များပေး၍ ရွှေတိုင်ညွန့်ကို သီချင်း တစ်ပုဒ် ရေးခိုင်းသည်ဟု မှတ်သားရသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုသော သီချင်းဖြစ်လာသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသော စာသားသည် နိုင်ငံတိုင်း အတွက် အမှန်တရားဖြစ်သည်။

ဤသီချင်းကိုရေးစပ်စဉ်က မြန်မာ နိုင်ငံသည် လွတ်လပ်ရေးမရသေးချေ။ ပြည်တွင်းသောင်းကျန်းမှုမပေါ်ပေါက် သေးချေ။ လွတ်လပ်ရေးအတွက် ဖက်ဆစ် ဂျပန်ကို တော်လှန်ရန်၊ လိုအပ်ပါက ပြန်ဝင်လာ မည့်နယ်ချဲ့ဗြိတိသျှကို တိုက် ထုတ်ရန် ရည်ရွယ်ရင်းဖြစ်သည်။ ပြည်ပ ရန်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ယနေ့ ပြည်ပရန်မှ ကာကွယ်ရန်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ် အတွင်း ကျူးကျော် ၀င်ရောက်တပ်စွဲနေ ထိုင်လျက် တိုင်းရင်းသားပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခဲ့သော တရုတ်ဖြူတပ် များကို ရန်ကြီးအောင်စစ်ဆင်ရေး၊ နဂါး နိုင်စစ်ဆင်ရေး၊ မဲခေါင်စစ်ဆင်ရေးများ ဆင်နွှဲ၍ ကြည်း၊ လေတိုက် ပွဲများ အောင်ပွဲခံကာ အပြီးအပိုင်မောင်းထုတ် ခဲ့သည်မှာ သာဓကဖြစ်သည်။

ကျွန်တော်တို့သည် သမိုင်းမှ သင်ခန်း စာယူကြရပါသည်။ သီပေါမင်းလက်ထက် တုန်းကလိုgeneration of war တွင် ခေတ်နောက်ကျခံလို့ မဖြစ်ချေ။ အနည်း ဆုံး ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံများနှင့် ပခုံး ချင်းယှဉ်နိုင်ေ သာ ကြည်း၊ ရေ၊ လေ လက်ရုံးဝန်ထမ်းတပ်ဖွဲ့များကို ပိုင်ဆိုင် ထားဖို့လိုအပ်သည်။ သို့မှသာ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ကို အင်အား တောင့်တင်းသောနိုင်ငံအဖြစ် အခြားနိုင်ငံ များက ခံ့ညားလေးစား လာကြမည်ဖြစ် သည်။ ဒီအတွက် တပ်မတော်ကို အထိုက် အလျောက်ခေတ်မီသော စစ်လက်နက် ပစ္စည်း များ အား လွှတ်တော်ကခွင့်ပြုသည့် ကာကွယ်ရေးရန်ပုံငွေခွဲတမ်းအတွင်းမှ ၀ယ်ယူဖြည့်တင်း သွားမည် သာဖြစ်သည်။ နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန် ကိုထမ်းဆောင်ရင်းလွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ကာကွယ်သွား မည်ဖြစ်သည်။ မည်သူက မည်သို့ပင် ဝေဖန်ပုတ်ခတ်ပါစေ၊ တပ်မတော်သည် သူ့တာဝန်ကိုဦးလည်မသုန်ထမ်းဆောင်သွား မည်သာဖြစ်သည်။ ကျွန်တော်တို့စစ်သား အိုကြီးများ (the old soldiers) ကလည်း အရေးကြုံလျှင် ကျရာကာကွယ်ရေးတာ ၀န်ကို ထမ်းဆောင်ရန် ၀န်မလေးပါကြောင်း တင်ပြလိုက်ရပေသည်။


ဦးကို


ref:The Hot News

No comments:

Post a Comment