Monday 5 November 2012

ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် EU အကူအညီရရန် များစွာ မျှော်လင့်ဟုဆို

ဥရောပသမဂ္ဂအနေဖြင့် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးအတွက် အကူ အညီပေးရန် ကူညီထောက်ပံ့မှုဆိုင် ရာ သဘော တူညီချက်ကို နိုဝင်ဘာ လ ၃ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

''အခု အပြင်မှာ ကြားနေရ နေရတဲ့ သတင်းတွေက အတည် မဟုတ်ပါဘူး။ အခုက လက်မှတ် ထိုးတဲ့ အဆင့်ပဲ ရှိသေးတယ်။ ပမာဏ ဘယ်လောက်ကူညီမယ် ဆိုတာကိုလည်း မသိရသေးဘူး။ မကြာသေး ခင်ကမှ ဥရောပသမဂ္ဂ အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အ များကြီးေ တာ့ မျှော် လင့်နိုင် ပါ တယ်''ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ပြော သည်။
သဘော တူညီချက် စာချုပ်ကို ဥရောပသမဂ္ဂကိုယ်စား ဥရောပ ကော်မရှင်ဥက္ကဋ္ဌ H.E.Jose Manuel Barroso နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ရေးထိုးခဲ့ပြီး မြန်မာ နိုင်ငံမှ တိုင်းရင်းသားပါတီများ အပါ အဝင် နိုင်ငံရေးပါတီများ တက် ရောက်ခဲ့သည်။
နှစ်ဦးသဘောတူ ကြေညာ ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေ ရည်ငြိမ်းချမ်းရေး တည်ဆောက်နိုင် ရန် သမိုင်း ဝင် အခွင့်အလမ်းများ ရရှိနေမှုအပေါ်တွင် မြန်မာနိုင်ငံ အစိုး ရနှင့် ဥရောပသမဂ္ဂတို့အကြား အသိ အမှတ်ပြုပြီး လက်နက်ကိုင် ပဋိပက္ခ များနှင့် အကြမ်းဖက်မှု ဖြစ်ပွားနေ သော ဒေသများတွင် ယုံကြည်မှု တည်ဆောက်နိုင်သည့် အခွင့်အရေး များ၊ ငြိမ်းချမ်းရေး တည်ဆောက် နိုင်သည့် အခွင့်အလမ်းများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို ဖော်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဆုံးရှုံးမခံသင့် ကြောင်း ရေးသားဖော်ပြထားသည်။

မြန်မာ့ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းစဉ်တွင် ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတော် အစိုးရနှင့် လက်တွဲ၍ တက်ညီလက် ညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
 
ref:messenger

No comments:

Post a Comment