Monday 5 November 2012

Samsung Galaxy နောက်ဆက်တွဲကြောင့် လူကြီးမင်းဖုန်းဆိုင်များ တစ်ပါတ်ခန့် ပိတ်

Samsung Galaxy နောက်ဆက်တွဲကြောင့် လူကြီးမင်းဖုန်းဆိုင်များ တစ်ပါတ်ခန့် ပိတ်
Monday, November 05, 2012 

Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက်သိမ်းခြင်း
 နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ်ထားကြောင်း  လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။ 

လူကြီးမင်းဖုန်းဆိုင်မှ နိုဝင်ဘာလ (၃) ရက်နေ့တွင် Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက် သိမ်းလိုက်ရကြောင်းနှင့် အဆိုပါ
ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ၎င်းတို့၏ စီမံခန့်ခွဲမှုအားနည်း
ချက်ကြောင့် ဖြစ်သည်ဟု နိုဝင်ဘာ(၄)ရက် သတင်းစာရှင်းလင်းပွဲတွင် လူကြီးမင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

နိုဝင်ဘာလ(၃)ရက်နေ့၌ လူကြီးမင်းဖုန်းဆိုင်မှ Samsung Galaxy mini ဖုန်းအလုံး (၁၂၀) ကျော်အား (၅၀၀၀)ကျပ်နှုန်းဖြင့် မဲပေါက်သူများအား
 ရောင်းချပေးနိုင်ရန် စီစဉ်ထားရှိခဲ့သော်လည်း မဲဖောက်သူ လူအင်အား
များပြားကာ လုံခြုံရေးအင်အားသုံးစီမံခန့်ခွဲရန် အားနည်းခြင်းကြောင့် အစီအစဉ်ပျက်သွားခြင်း ဖြစ်သည်။ 

“စီမံခန့်ခွဲမှုမှာ အားနည်းချက်ရှိတယ်ဆိုတာကို ကျွန်တော်ရိုးသားစွာဝန်ခံ
ပါတယ်။ ရန်ကုန်လူအင်အား ကို ရာဂဏန်းလောက်ပဲ မှန်းခဲ့တာပါ ။ တကယ်တမ်းများလာတော့ ကျွန်တော်တို့ ထိန်းရတာ ခက်ခဲ ပါတယ်။  ကျွန်တော်တို့ စီမံခန့်ခွဲမှုမှာ အားနည်းတာကို ၀န်ခံပါတယ်။” ဟု လူကြီးမင်းဖုန်းဆိုင် ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်က ပြောသည်။ 

ဆိုင်တွင် မလိုလားအပ်သောပြသာနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်
အတွက် အစီအစဉ်ကို ရုတ်သိမ်းခဲ့လိုက်ပြီး နေပြည်တော်ရှိ ဆိုင်နှစ်ဆိုင်နှင့်
တောင်ကြီးရှိ လူကြီးမင်းဖုန်းဆိုင်များတွင်သာ  မဲဖောက်ရောင်းချပေးနိုင်
ခဲ့ကြောင်း သိရသည်။

“အနာတရတွေ ဖြစ်ခဲ့တယ်ဆိုတာတွေကို သတင်းကြားပါတယ်။ တိတိကျကျ
တော့ မသိဘူး။ အဲ့ဒီလို ဖြစ်လာမယ်ဆိုတာကို သိတဲ့အတွက်လဲ ဒီ Program
 ကိုရပ်လိုက်တာပါ။ ကျွန်တော်တို့ကို တိုက်ရိုက်အကြောင်းကြားခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို တိုက်ရိုက် Complain ပြောခဲ့မယ်ဆိုရင် တာဝန်ယူရမဲ့ သတ္တိက ကိုယ့်တာဝန်ပဲ ဖြစ်တာပါ။” ဟု လူကြီးမင်း ဖုန်းဆိုင် ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်ကဆိုသည်။ 

လူကြီးမင်းဖုန်းဆိုင်ခွဲ(၁၁)ဆိုင် ရှေ့တွင် မဲဖောက်ရန်တန်းစီစောင့်ဆိုင်းနေသူ 
အချို့မှအနာတရ ဖြစ်ခြင်းများ၊ ပစ္စည်းပျောက်ဆုံးခြင်းများ၊ဖမ်းဆီးခြင်းများ
ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်
တာဝန်ယူပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 

“လုပ်နိုင်တဲ့အပိုင်းတွေကိုလုပ်ပေးချင်ပါတယ်။ ဒီဟာတွေက ကျွန်တော်တို့ တကယ်မသိတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။ တစ်ဦးခြင်းအနေဖြင့် နစ်နာပါ
တယ်လို့ ပြောရင်တော့ တိုက်ရိုက်ပြောရင်တော့ စဉ်းစား ဆောင်ရွက်ပေး
သွားပါမယ်။ အနာတရဖြစ်တာတွေကိုတော့ ကျန်းမာရေးအရပံ့ပိုးပေးရတာ အဆင်ပြေ ပါတယ်။”ဟု ကိုရန်နိုင်စိုးမြင့်က ဆက်ပြောသည်။

Myit Makha Mediagroup
 
Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက်သိမ်းခြင်း နောက်ဆက်တွဲ အနေဖြင့် ရန်ကုန်မြို့ ရှိ လူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ် ထားကြောင်း လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

လူကြီးမင်းဖုန်းဆိုင်မှ နိုဝင်ဘာလ (၃) ရက်နေ့တွင် Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ် ဖျက် သိမ်းလိုက်ရကြောင်းနှင့် အဆိုပါ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ၎င်းတို့၏ စီမံခန့်ခွဲမှု အားနည်း ချက်ကြောင့် ဖြစ်သည်ဟု နိုဝင်ဘာ(၄)ရက် သတင်းစာရှင်းလင်းပွဲတွင် လူကြီးမင်း မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ(၃)ရက်နေ့၌ လူကြီးမင်းဖုန်းဆိုင်မှ Samsung Galaxy mini ဖုန်းအလုံး (၁၂၀) ကျော်အား (၅၀၀၀)ကျပ်နှုန်းဖြင့် မဲပေါက်သူများအား ရောင်းချပေးနိုင်ရန် စီစဉ်ထားရှိခဲ့သော်လည်း မဲဖောက်သူ လူအင် အား များပြား ကာ လုံခြုံရေးအင်အားသုံးစီမံခန့်ခွဲရန် အားနည်းခြင်းကြောင့် အစီအစဉ်ပျက် သွားခြင်း ဖြစ် သည်။

“စီမံခန့်ခွဲမှုမှာ အားနည်းချက်ရှိတယ်ဆိုတာကို ကျွန်တော်ရိုးသားစွာဝန်ခံ ပါတယ်။ ရန်ကုန်လူအင်အား ကို ရာဂ ဏန်းလောက်ပဲ မှန်းခဲ့တာပါ ။ တကယ်တမ်းများလာတော့ ကျွန်တော်တို့ ထိန်းရတာ ခက်ခဲ ပါတယ်။ ကျွန်တော် တို့ စီမံခန့်ခွဲမှုမှာ အားနည်းတာကို ၀န်ခံပါတယ်။” ဟု လူကြီးမင်းဖုန်းဆိုင် ဒါရိုက်တာ ကိုရန်နိုင် စိုးမြင့်က ပြောသည်။

ဆိုင်တွင် မလိုလားအပ်သောပြသာနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့် အတွက် အစီအစဉ်ကို ရုတ်သိမ်း ခဲ့ လိုက်ပြီး နေပြည်တော်ရှိ ဆိုင်နှစ်ဆိုင်နှင့် တောင်ကြီးရှိ လူကြီးမင်းဖုန်းဆိုင်များတွင်သာ မဲဖောက်ရောင်း ချပေးနိုင် ခဲ့ကြောင်း သိရသည်။

“အနာတရတွေ ဖြစ်ခဲ့တယ်ဆိုတာတွေကို သတင်းကြားပါတယ်။ တိတိကျကျ တော့ မသိဘူး။ အဲ့ဒီလို ဖြစ် လာ မယ်ဆိုတာကို သိတဲ့အတွက်လဲ ဒီ Program ကိုရပ်လိုက်တာပါ။ ကျွန်တော်တို့ကို တိုက်ရိုက် အကြောင်းကြားခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို တိုက်ရိုက် Complain ပြောခဲ့မယ်ဆိုရင် တာဝန်ယူရမဲ့ သတ္တိ က ကိုယ့်တာဝန်ပဲ ဖြစ်တာပါ။” ဟု လူကြီးမင်း ဖုန်းဆိုင် ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်ကဆိုသည်။

လူကြီးမင်းဖုန်းဆိုင်ခွဲ(၁၁)ဆိုင် ရှေ့တွင် မဲဖောက်ရန်တန်းစီစောင့်ဆိုင်းနေသူ အချို့မှအနာ တရ ဖြစ်ခြင်း များ၊ ပစ္စည်းပျောက်ဆုံးခြင်းများ၊ဖမ်းဆီးခြင်းများ ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့မှု များနှင့် ပတ် သက်၍ ပြန်လည် တာဝန်ယူပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“လုပ်နိုင်တဲ့အပိုင်းတွေကိုလုပ်ပေးချင်ပါတယ်။ ဒီဟာတွေက ကျွန်တော်တို့ တကယ်မသိတဲ့ ကိစ္စေ တွ ဖြစ်နေ ပါတယ်။ တစ်ဦးခြင်းအနေဖြင့် နစ်နာပါ တယ်လို့ ပြောရင်တော့ တိုက်ရိုက်ပြောရင်တော့ စဉ်း စား ဆောင်ရွက်ပေး သွားပါမယ်။ အနာတရဖြစ်တာတွေကိုတော့ ကျန်းမာရေးအရပံ့ပိုးပေးရတာ အဆင်ပြေ ပါတယ်။”ဟု ကိုရန်နိုင်စိုးမြင့်က ဆက်ပြောသည်။

ref:Myit Makha Mediagroup

No comments:

Post a Comment