Monday 5 November 2012

မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ




မန္တလေးမြို့ တွင် ညပိုင်း၌ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆိုင်ကယ်များဖြင့် ကပ်၍ ခဲလုံးဖြင့် ထုကာ မှန်များ ကို ထုခွဲ၍ မောင်းပြေးမှုများ ရှိနေကြောင်း သိရှိရပါသည်။
ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေ ပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရ သဖြင့်ကား တန်ဖိုးမှာလျှော့နည်းမှုများရှိ သွားပါသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ က မန္တလေးမြို့ လမ်း ၈၀ မီနီစတိုးရှေ့တွင် ရပ်ထားသော မီနီစတိုး ပိုင်ရှင်၏ FORD ကားအားလည်းကောင်း/ ၆၃ လမ်း ၃၈.၃၉ ကြားတွင် ရပ်ထားသော ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT ကားအား လည်းကောင်း နံနက်ခင်း၌ သူ၏ ကားအားကြည့်သော အခါ နောက်မှန်ကိုဖောက်၍ ကားနောက် ခန်းထဲတွင် ကျောက်ခဲ တစ်လုံးကို တွေ့ရကြောင်း ကားပိုင်ရှင် ကိုမျိုး မင်း မှ ပြောပြပါသည်။

ကိုမျိုးမင်းမှာ မှန်ဆိုင်သို့သွား၍ မှန်သွားတပ်သောအခါ မှန်ဆိုင်၏ပြောပြချက်အရ အစ်ကို့ကားကဲ့သို့ မှန်ထုခံရ၍ လာတပ်သောကားမှာ ယနေ့တွင် ၅ စင်းခန့်ရှိကြောင်း ပြောပြ၍ မိမိကို မကျေနပ်သူများက လုပ်ခြင်း မဟုတ်ပဲ သက်သက်မဲ့ ဖျက်လို့ဖျက်ဆီးဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခြင်းဖြစ်သည်ဟု နားလည်း သိရှိလိုက်သည်၊ ဤကဲ့သို့ ပြုလုပ်ခြင်းများသည် နေ့ကြီးရက်ကြီးများတွင် အဖြစ်များသည်ဟု ကိုမျိုးမင်း က ပြောပြ ပါသည်။


ထိုသို့ စိတ်ဓာတ်ရေးရာ အောက်တန်းကျ၍ နိုင်ငံကြီးသား မပီသသော မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ်နေ သူများကို ပြင်းပြင်းထန်ထန် ဖမ်းစီး အရေးယူ ပေးစေချင်ပါသည်။ ထိုသို့ဖြစ်ပွားနေကြောင်းကို ကားပိုင်ရှင် များနှင့် မန္တလေး ရဲတပ်ဖွဲ့ဝင်များ/ နယ်မြေခံတာဝန်ရှိသူများ သိစေချင်ကြောင်း ကိုမျိုးမင်း က ပြောပါသည်။


Wai Yan Shein htet

ref:Myanmar News Now

No comments:

Post a Comment