၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေးတစ်မြို့နယ်လုံး ဆိုင်ရာအမျိုး ဘာသာ သာသ နာ ကာကွယ်စောင့်ရှောက်ရေးအသင်းကြီး နှင့်အတူ တာဝန်သိအမျိုးသားတစ်ဦး၏ သတင်းပေး မှုဖြင့် မြန် မာနိုင်ငံတွင်းတရားမ၀င်နေထိုင်သူများဟု ယူဆရသောဘင်္ဂါလီ (၁၉) ဦးတို့ကိုတာဝန်သိပြည်သူများ ၀ိုင်း ၀န်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူစေခဲ့ကြောင်း သတင်းရရှိပါသည်။ ၄င်း ဘင်္ဂါလီများ ရှိကြောင်း သတင်းပေးသူမှာတောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှသတင်းပေးနိုင်ခဲ့ခြင်း
ဖြစ်ပြီး ဖမ်းဆီးရမိသောဘင်္ဂါလီများကိုသက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလအတွင်း ကလေးမြို့ မင်္ဂလာ ဥယျာဉ် ပရိယတ္တိစာသင်တိုက်နှိုက် ခေတ္တ
ထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့် အား မြင်သာ စွာ ပြသ ခဲ့ပါသည်။
ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နေသာ
ဆရာတော်မှ အွန်လိုင်းများတွင်မြန်မာများက သူတိုဘင်္ဂါလီများကို မတရားနှိပ် စက်
ေ နကြောင်း သတင်းတွေတင်ထား ပါတယ်။ အခု ပြုလုပ်တဲ့ပွဲကတော့ မြန်မာတွေ သူတို့ အပေါ် နှိပ် စက်နေ တာ မဟုတ်ဘူးဆိုတာ အားလုံးသိစေချင်လို့ပါ လို့ မိန့်ကြားသွားခဲ့ပြီးအသင်းကြီး အေ နဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခု လပိုင်းအတွင်းဋ္ဌာနဆိုင်ရာများ ပြည်သူ များနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှု များဖြင့်ဖမ်း ဆီးပေးနိုင်ခဲ့ကြောင်း ကိုလည်း အသင်းကြီး၏ ဒုဥက္ကဋ္ဌ မင်္ဂလာဥယျာဉ်စာသင်တိုက် ဆရာေ တ်ာမှ ပြောကြား ခဲ့ ပါသည်။
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်းကြီးအနေဖြင့် လည်း ကလေးမြို့ နယ်နှင့် နီးစပ် ရာမြို့/ မြို့နယ်များသို့ လှည့်လည် ပြီး အမျိုးဘာသာ သာသနာကာကွယ်စောက်ရှောက်နိုင်ရေး အသိပေး အမြင်ဖွင့် ဟောပြောပွဲများပြုလုပ်နေကြောင်း ကိုပါ သိရပါသည်။၎င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေး ရာ အရ အရေးယူနိုင်ရန်ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားရေးရာဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။
ref:The Hot News

အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်
ref:The Hot News
No comments:
Post a Comment