Monday 5 November 2012

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အထပ် ၃ဝ နှင့်အထက် အဆောက်အအုံတည်ဆောက် သွားမည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး နှင့် အမြင့်ဆုံးဖြစ်လာမည့် အထပ် ၃ဝ နှင့် အထက်ရှိသော အဆောက် အအုံ တစ်ခုကို ကုန်သည်လမ်းနှင့် ၃၆ လမ်းထောင့်တွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း ၅၅၅ Merchant Street Office Tower တည်ဆောက်ရေးကို တာဝန်ယူ ထားသည့် နေရှင်နယ်ထရိတ်ဒင်း ကုမ္ပဏီ မှဒါရိုက်တာ ဦးဝင်းမောင် မောင် က ပြောသည်။ 

''ကျွန်တော်တို့ ဒီအထပ်မြင့် အဆောက်အအုံကို ဂျပန်နည်းပညာ နဲ့ ဆောက်လုပ်ပါမယ်၊ နောက်နှစ် အလယ် ပိုင်းလောက်မှာ ဖြစ်ပြီး ခွင့် ပြုချက်ရပြီဆိုရင် လပေါင်း ၃ဝ ထက်မကျော်ဘဲ အပြီးအစီးဆောက် လုပ်သွားမှာပါ၊ ဒီအဆောက်အအုံဖို့ အတွက် US ဒေါ်လာသန်း ၁ဝဝ အထက်မှာ ရှိပါတယ်''ဟု ၄င်းက ပြော သည်။ 

အဆိုပါ အဆောက်အအုံတည် ဆောက်ရာတွင် ရန်ကုန်မြို့စည်ပင် သာယာရေးကော်မတီမှ ၁၆ ထပ် အမြင့်ဆုံး ဆောက်လုပ်ခွင့် သတ် မှတ်ထားသော်လည်း သတ်မှတ်ချက် အပြောင်းအ လဲရှိရန် မျှော် လင့်ကြောင်း လက်ရှိတွင် ဆရာစံပလာဇာ၌ အဆို ပါ အထပ်မြင့်တိုက် တည်ဆောက် ရန် သဘောတူညီမှု စာချုပ် Mou ထိုးပြီး ဖြစ်ကြောင်း ၄င်းကထပ် လောင်းပြောသည်။ 

မြန်မာနိုင်ငံမှာ ငလျင်ကြော ရှိ တဲ့အတွက် စိတ်ချရတဲ့ အဆောက် အအုံဖြစ်အောင် ဂျပန်နည်းပညာနဲ့ တည်ဆောက်ပေးသွားပါမယ်၊ မြေ အောက်ထပ်ကို ၄ ထပ်ထားရှိပြီး ကားစီးရေ ၁၅ဝ အနည်းဆုံးထား ရှိတဲ့ ကားပါ ကင် တည်ဆောက် ထားပါမယ်၊ အနည်းဆုံး ဒီအဆောက် အအုံကို နှစ် ၁ဝဝ ခံနိုင်အောင် တည် ဆောက် သွားပါမယ်'' ဟု ဂျပန်နိုင်ငံ မှ ဆောက်လုပ်ရေးပညာရှင် မစ္စတာ အူတကာက ပြောခဲ့သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး တွင် အဆိုပါအဆောက်အအုံကြီး ပြီး စီးပါက အမြင့်ဆုံးတိုက်ဖြစ်သည့် Trader (ကုန်သည်ကြီးများ) ဟိုတယ် ထက်၂၁ ထပ် ပိုမိုမြင့်မားသော အဆောက် အအုံ တစ်ခု ဖြစ်မည်ဖြစ်သည်။ ထို အဆောက်အအုံတွင် လူနေထိုင်ရန် အဓိက မဟုတ်ဘဲ ကုမ္ပဏီရုံးခန်း ဖွင့် နိုင် ရန် အတွက် စီစဉ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီအဆောက်အအုံဆောက်လုပ် ဖို့အတွက် စည်ပင်ခွင့်ပြုချက်ရရှိနိုင် မလား ဆိုတာတစ်ချက်ရှိတယ်၊ စည် ပင် က ၁၆ ထပ်ထိပဲ ခွင့်ပြုထား တာကိုး၊ ဒါမှမဟုတ် ဆောက်လုပ် ခွင့်ရမယ်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့ ဂုဏ် ကို ဖော်ဆောင်သလို ဖြစ်တာ ပေါ့၊ သူတို့မှာ အဓိက လိုအပ်တာ မီးဖြစ်မယ်၊ မီးအားမလုံလောက်ရင် လုပ်ဆောင်ရတာခက်ခဲသွားမယ်'' ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးက ပြောသည်။
 
ref:messenger

No comments:

Post a Comment