Thursday 27 September 2012

(၆၇)ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ General Debate အစီအစဉ်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေသည်ကို UN Web TV မှ တိုက်ရိုက်ထုတ်လွှင့်နေစဉ်။ နိုင်ငံပိုင် မီဒီယာများမှလည်း ထုတ်လွှင့်လျက် ရှိနေပါသည်။

Thursday, 27 September 2012

 FromWarstoPeace ``စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့`` ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင် ရွက်နေပါကြောင်း သမ္မတ ဦးသိန်းစိန်က ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောကြား သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီအရေးကြိုးပမ်းမှုများကြောင့် အမေရိကန်မှ ဆုချီးမြှင့်သည်ကို မိမိသည် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်း သမ္မတဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့ပါ သည်
BBC Burmese
မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ သမ္မတက ပြောပါတယ်။ ကမ္ဘာ့အလယ် ကဏ္ဍပေါင်းစုံမှာ ပါဝင် ဆောင်ရွက်သွားမယ်၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဒုတိယသက်တမ်း အရွေးခံရတာ ဂုဏ်ယူကြောင်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ် ဦးသန့်က တခု တည်းသောကမ္ဘာဆိုတာကိုပြောခဲ့ပြီးဖြစ်တယ်လို့သမ္မတက ပြောပါတယ်။ ဦးသန့်ရဲ့ ဆောင် ရွက်ချက်တွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးလို့ သမ္မတကြီးက ထည့်သွင်းပြောကြား သွားပါတယ်။

No comments:

Post a Comment