Thursday 27 September 2012

သမ္မတဦးသိန်းစိန် ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာနိုင်ငံ သမ္မတ အနေဖြင့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန့်မှ...



Rio+3 သဘာဝ ၀န်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေကို ထောက်ခံ ပြောကြားခဲ့ပြီး၊ ဆက်သွယ်ရေးနည်းပညာကြောင့် ကမ္ဘာကြီးကို ပိုသေးငယ်စေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဒီအချိန်မှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်နေရတာကို ဂုဏ်ယူပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံမှ ဒီမိုကရေစီ ဖော်ဆောင်းရေး လုပ်ဆောင်မှုများ အတွက် ဆုများချီးမြင့်ခြင်းကို မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ဂုဏ်ယူမိပါကြောင်း ... ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်တွင်း ၀င်ရောက်လို့ လွှတ်တော် အမတ် ဖြစ်နေပြီး.. ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံရေးမှာ ပါဝင်နေပြီဖြစ်ပါသည်..။၊

From Wars to Peace ““စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့”” ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေပါကြောင်း သမ္မတ ဦးသိန်းစိန်က ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားသွားပါတယ်။

ရခိုင့်အရေးကို မျှော်လင့်မထားဘဲ ပေါ်ပေါက်လာတဲ့ ပြဿနာပါလို့ သမ္မတက ရည်ညွှန်းပြောသွားပါတယ်၊ ဒီကိစ္စကို စုံစမ်းရေး ကော်မတီဖွဲ့ပေးလို့ စုံစမ်းစစ်ဆေးနေကြတယ်၊ ပြီးရင် သူ့ဆီကို အစီရင်ခံ တင်သွင်းလိမ့်မယ်၊ ရခိုင်ဒေသမှာ နှစ်ဘက်စလုံးကို ကူညီမယ်ဆို ဘယ်သူ့ကိုမဆို အကူအညီပေးဖို့ အခွင့်ပေးထားပြီးဖြစ်တယ်၊ ရခိုင့်အရေးဟာ ရေရှည်ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်အောင် ဆောင်ရွက်သွားပါ့မယ်လို့ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ သမ္မတက ပြောပါတယ်။ ကမ္ဘာ့အလယ် ကဏ္ဍပေါင်းစုံမှာ ပါဝင် ဆောင်ရွက်သွားမယ်၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဒုတိယသက်တမ်း အရွေးခံရတာ ဂုဏ်ယူကြောင်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ် ဦးသန့်က တခုတည်းသော ကမ္ဘာဆိုတာကို ပြောခဲ့ပြီးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးလို့ သမ္မတကြီးက ထည့်သွင်းပြောကြား သွားပါတယ်။

No comments:

Post a Comment