Thursday 27 September 2012

စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရ ကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ ပြင်ဆင်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက် အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ
ပြင်ဆင်နေပြီလို့ ဂျပန်နိုင်ငံထုတ် Nikkei စီးပွားရေး သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

မြန်မာအစိုးရကို ဒေါ်လာ သန်း ၉ ရာ ထုတ်ချေးဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ IMF- နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့ က စီစဉ်နေကြပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့ အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးတော့မယ့်   အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောလိုက်ပြီးတဲ့နောက်မှာ အခုလို သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ချေးငွေအသစ် ထုတ်ပေးမယ့် ကိစ္စကို လာမယ့် အောက်တိုဘာ လဆန်းပိုင်း  တိုကျိုမြို့မှာ   ပြုလုပ်မယ့် IMF အစည်းအဝေးနဲ့ တချိန်တည်းမှာပဲ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ နောက်ထပ် ချေးငွေအသစ်တွေ ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ် ရမှာ ဖြစ်ပါတယ်။

အဲဒီလို ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံ ဘဏ်ကြီးတွေက မြန်မာနိုင်ငံကို ကာလတိုချေးငွေတွေ ထုတ်ပေး ဖို့    အလားအလာ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
 
ref:RFA

No comments:

Post a Comment