Thursday 27 September 2012

သမ္မတကြီး၏ ကုလ မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်မည်

သမ္မတကြီး ဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားမည့် မိန့်ခွန်းကို ယနေ့ညတွင် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ က သတင်းထုတ်ပြန်သည်။

ယနေ့ည ၈ နာရီ ၄၅ မီနစ်ခန့်တွင် MRTV, MRTV-4 , MITV စသည့် ရုပ်သံလိုင်းများတွင် လည်းကောင်း၊ Sky Net ရုပ်သံလိုင်းမှလည်းကောင်း၊ FM ရေဒီယို လှိုင်းများတွင် လည်းကောင်း၊တိုက်ရိုက် ထုတ်လွှင့်
သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ဦး၏ ကုလညီလာခံတွင် မိန့်ခွန်းပြောကြားမှု ကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

No comments:

Post a Comment