Thursday 27 September 2012

သမ္မတကြီး၏ အမေရိကန်ခရီးစဉ်မှတ်တမ်းအချို့ ည၈ နာရီ သတင်းတွင်ထုတ်လွှင့်ပြသမည်ဟု သိရ


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်၊ သမ္မတဟောင်း ဘီလ် ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျားတို့နှင့် တွေ့ဆုံခဲ့မှုများကို ယနေ့ စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီ သတင်း၌ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်၏လူမှုကွန်ရက်စာမျက်မှာ တွင်ဖော်ပြထားချက်အရသိရသည်။

အမေရိကန်နိုင်ငံနှင့် အချိန်ကွာခြားမှုကြောင့် သမ္မတကြီး၏ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းပြောကြားမှုကို ည ၈ နာရီသတင်းတွင် ဖော်ပြနိုင်ခြင်းမရှိသော်လည်း စက်တင်ဘာလ၂၈ ရက် ထုတ် သတင်းစာများတွင် ဖော်ပြနိုင်အောင်ကြိုးစားလျှက်ရှိကြောင်း ယင်းစာမျက်နှာတွင်ဖော်ပြထားသည်။

No comments:

Post a Comment