Tuesday 28 August 2012

KIA အဖွဲ့မှ လယ်သမားများနဲ့ အင်းသားများထံမှ ဆက်ကြေးကောက်

ပြီးခဲ့တဲ့သြဂုတ်လ(၂၆)ရက်နေ့က ကေအိုင်အေအဖွဲ့ လမိုင်ယန်တိုက် နယ်မှူးဟာ တိုက်နယ်အတွင်းမှာ ရှိတဲ့ ရွှေကူမြို့နယ်မှာရှိ တဲ့ ကျေးရွာ များ ထံမှ တောင်သူ လယ်သမားများအား လယ်တစ်ဧကကို ၁၀၀၀ ကျပ်နှုန်း ပေးဆောင်ရမယ်လို့ အကြောင်းကြားခဲ့ပါတယ်။
          ရွှေကူမြိုကန်ယ၊ လိပ်စင်းကျေးရွာ၊ စီသော်ကျေးရွာ၊ စီငန်းကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ ခိုလိပ်ကျေးရွာ၊ နောင်ပင်ကျေးရွာနဲ့ ဟင်းအွန်ကျေးရွာစတဲ့ ကျေးရွာ()ရွာက တောင်သူလယ်သမားတွေကို အကြောင်းကြား   ခဲ့တာ ဖြစ်ပါတယ်။
          ဒါ့အပြင် တိုက်နယ်မှူးဟာ သင်္ဘောအင်းရွာ၊ ရေလဲကျေးရွာ၊ ဆင်တပ်ကျေးရွာနဲ့ မိုးစစ်ကျေးရွာမှာ ရှိတဲ့ အင်းလုပ်ငန်းရှင်များနဲ့ တံငါလုပ်ဖို့ လေလံဆွဲထားတဲ့သူတွေဆီကနေ အင်း()အင်းကို ငွေကျပ် (၇၀၀၀၀၀) ပေးဆောင်ရမှာဖြစ်ပြီး သြဂုတ်လ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး စီသော်ကျေးရွာကို လာရောက်ပေးသွင်း မှာဖြစ်ပြီး မပေးသွင်းပါက ကချင်တော်လှန်ရေးအား မထောက်ခံသော သူအဖြစ် သတ်မှတ်ကာ သတ်ဖြတ် ခြင်းခံရမယ်လို့   သင်္ဘောအင်းရွာမှ အင်းလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါတယ်။

No comments:

Post a Comment