Tuesday 28 August 2012

ဆက်သွယ်ရေးလုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်တော့မည်

ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ဆက်သွ ယ်ရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ထိုသို့ ပြောင်းလဲ ဖွဲ့စည်းခြင်းနှင့်အတူမြန်မာတယ် လီကွန်းကုမ္ပဏီ ကိုပါ ဖွဲ့စည်း သွားမည်ဖြ စ်ကြောင်း မြန်မာတယ်လီကွန်းကုမ္ပဏီအား ဆက်သွ ယ်ရေးကော်ပိုရေးရှင်းမှ နိုင်ငံတကာရန်ပုံငွေနှင့်အတူ
နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေနှင့်အထောက်အပံ့များ၊ နည်းပညာများ ဆက်သွယ်ရယူလျက် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းမြန်မာတယ်လီကွန်းကုမ္ပဏီနှင့်အတူ ရတနာပုံတယ်လီကွန်းကုမ္ပဏီ၊ သီးခြားဆက်သွယ်ရေးလုပ်ငန်းကော်မတီနှစ်ခု စုစုပေါင်းကုမ္ပဏီ ၄ ခုတို့က ဆက်သွယ်ရေးဝန်ဆောင်မှုများကို ယှဉ်ပြိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာတယ်လီ ကွန်းကုမ္ပဏီ၊ ရတနာပုံတယ်လီကွန်းကုမ္ပဏီနှင့်အတူ ယှဉ်ပြိုင်ဆောင်ရွက်မည့် သီးခြား ဆက်သွယ်ရေးလုပ် ငန်းကုမ္ပဏီ ၂ ခု၏အမည်အား မသိရှိရသေးပေ။ “ပြုပြင်ပြောင်း လဲရေးအစီအစဉ် အရ ဆောင်ရွက် တာဖြစ်ပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနရဲ့ ဥပဒေ၊ နည်းဥပဒေကြပ်မတ်မှုလက်အောက်မှာ အသစ်ပြဋ္ဌာန်းချက်တွေအတိုင်း ပါဝင်ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို နိုင်ငံတော်သို့ အခွန်အခ ပြည့်ဝစွာပေးဆောင်ဖို့ ကြပ်မတ်သွား မှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန် ရှိသူက ပြောကြား သည်။ ပြုပြင်ပြောင်း လဲမှုပုံစံအရ ဖြစ်ပေါ်လာသော ဆက်သွယ်ရေးကဏ္ဍ၀န်ဆောင်မှုပုံစံတွင် တယ်လီကွန်းဝန်ဆောင် မှုများဖြစ်သည့် မိုဘိုင်း၊ ကြိုးဖုန်း၊ IT နှင့် အင်တာနက်ဝန်ဆောင်မှုတို့ကို အထက်ပါကုမ္ပဏီ ၄ ခုတို့က ယှဉ်ပြိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြောင်းလဲခြင်းများကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment