Tuesday 28 August 2012

Galaxy Player 5.8 ကို Samsung မိတ်ဆက်ပြသမည်

Samsung သည် ၎င်းတို့၏ထုတ်ကုန်သစ် Galaxy Player 5.8 ကို ယခုသီတင်းပတ်အတွင်း မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။
Android 4.0 (Ice Cream Sandwich) အသုံးပြုထားသည့် Galaxy Player ကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည့် IFA 2012 အီလက်ထရောနစ်ထုတ်ကုန် ပြပွဲတွင် မိတ်ဆက်သွား မည် ဖြစ်သည်။


Galaxy Player တွင် အဓိကအားဖြင့် ကိုရီးယားကျောင်းသားများအတွက် လေ့လာသင်ယူနိုင်မည့် ပညာရေးအထောက်အကူပြု Learning Hub software ပါရှိလာမည်ဟု သိရသည်။ IFA 2012 ပြပွဲတွင် အီလက်ထရောနစ်နှင့် မိုဘိုင်းလ်ထုတ်ကုန်များကို ကမ္ဘာကျော် ကုမ္ပဏီကြီးများက ပြသသွားမည်ဖြစ်သည်။ Samsung က မိတ်ဆက်ပြသသွားမည့် Galaxy Player 5.8 ၏ အချက်အလက်များ မှာ အောက်ပါ အတိုင်းဖြစ်သည်။

Android 4.0 (Ice Cream Sandwich), Learning Hub educational software

5.8" TFT LCD with pixel dimensions of 540x960 (190 ppi).

Front 0.3 mp camera, stereo speakers.

1 GB RAM, 16 \ 32 GB of internal storage, 32 GB microSD card slot.

Wi-Fi, Assisted GPS, Bluetooth 4.0.

2500 mAh battery.

6.5" (l) x 3.4" (w) x 0.4" (10.8 mm) (d), 221 grammes

More photos...

No comments:

Post a Comment