Tuesday 28 August 2012

ဆီးရီးယားစစ်တပ်၏ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ကပစ်ချခဲ့ဟုဆို


ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့က မိမိတို့သည် အစိုးရ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
ဆီးရီးယား စစ်ဘက် ရဟတ်ယာဉ် တစ်စင်းသည် တနင်္လာနေ့က မီးလောင်ကျွမ်းကာ ပျက်ကျသွားေ ကြာင်း မျက်မြင်သက်သေ အများအပြားက ပြောကြားခဲ့သည်။ ထိုရဟတ်ယာဉ်သည် ဒမက်စကက်စ် မြို့တော်အနီး အစိုးရတပ်များနှင့် တော်လှန်ရေး အင်အားစုများ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည်။
သမ္မတ ဘာရှာအာဆက်ဒ်၏ ဩဇာအာဏာကို ဖီဆန်သော တော်လှန်ရေး အင်အားစုများသည် အစိုးရ၏ ခေတ်မီ စစ်လက်နက်များကို ထိထိရောက်ရောက် တွန်းလှန်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယမန်နေ့က ဆီးရီးယား ရဟတ်ယာဉ်တစ်စင်း မီးလောင်ပြီး ပျက်ကျသွားသည့် ဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ခဲ့သည်။ ထိုရဟတ်ယာဉ်သည် မြေပြင်စစ်ပွဲများ ဖြစ်ပေါ်နေသည့် ဗလီတစ်လုံး အနီးသို့ ထိုးဆင်းသွားခဲ့သည်။ ထိုရဟတ်ယာဉ် ပျက်ကျသွားချိန်တွင် ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့က "ဘုရားသခင်သည် ကြီးမြတ်ပါပေသည်"ဟူ၍ ကြွေးကြော်ခဲ့ကြကြောင်းလည်း သိရသည်။



ပြည်ပ သတင်းမီဒီယာများက ယခုရိုက်ကူးထားသည့် ဗီဒီယိုကို အတိအကျ မှန်ကန်ကြောင်း အတည်မပြုနိုင်သေးဟု ဆိုသည်။ ဆီးရီးယား တော်လှန်ရေးအဖွဲ့ကမူ အဆိုပါ ရဟတ်ယာဉ်အား မိမိတို့ ပစ်ချခဲ့ခြင်းဟု ကြေညာချက် ထုတ်ပြန်ထားသည်။ လက်ရှိတွင် ပြင်သစ်နှင့် နယ်သာလန်တို့သည် အရပ်သားများကို ဦးတည်ကာ လေတပ်အင်အားကို အသုံးပြု တိုက်ခိုက်နေသည့် ဆီးရီးယား အစိုးရကို သံတမန်ရေးရာအရ အပြင်းအထန် ဖိအားပေးနေဆဲဟု သိရှိရသည်။

No comments:

Post a Comment