Tuesday 28 August 2012

လိုင်ဘေးရီးယားသမ္မတမှ ပိုင်ဆိုင်မှုကြေငြာရန် ပျက်ကွက်သော သားဖြစ်သူအား ရာထူးမှချ..

သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ်သည် သူမ၏သားများအနက် တစ်ဦးဖြစ်သူ ဗဟိုဘဏ်လက်ထောက်အုပ်ချုပ်ရေးမှူးအား ပိုင်ဆိုင်မှုများ ကြေငြာရန် ပျက်ကွက်သည့်အတွက် ရာထူး မှခေတ္တ ဖယ်ရှားလိုက်ကြောင်း အခြားအစိုးရအရာရှိ (၄၅)ဦးအပါအ၀င် စာရင်း ကို ကြေငြာခဲ့သည်။ ယခုဆောင်ရွက်မှုသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအစီ အစဉ်၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း လဲ ပြောကြားခဲ့သည်။

သို့ သော် အတိုက်အခံများနှင့် ဝေဖန်သူများကမူ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ သမ္မတ ဆာလိဖ် ကို ဆွေမျိုးကောင်းစားရေးဝါဒီဖြစ်ကြောင်း သူ၏သားသုံးဦးအား နိုင်ငံ အုပ်ချုပ်ရေး၊ စီးပွါးရေး အဓိကနေရာများတွင် ခန့် အပ်တာဝန်ပေးခဲ့မှုအပေါ် ထောက်ပြ၍ စွပ်စွဲ ပြောဆိုလိုက်သည်။

၁၄ နှစ်တာ ဖြစ်ပွါးခဲ့သော ပြည်တွင်းစစ်များရပ်စဲခဲ့သည့် ၂၀၀၅ ခုနှစ်မှစ၍ အာဏာရယူလာခဲ့သော သမ္မတဆာလိဖ်သည် အကျင့်ပျက်ခြစားမှုများ နှိမ်နှင်းရေးနှင့် ကောင်းမွန်သောနိုင်ငံ အုပ်ချုပ်ေ ရး ဖြစ်ပေါ်လာစေရန် အကြိမ်ကြိမ် ကတိပြုခဲ့သည်။

သဘာဝရင်းမြစ်များ ကြွယ်ဝစွာ ပိုင်ဆိုင်ထားပြီး စီးပွါးရေးဖွံ့ ဖြိုးမှု နှုံးတက်ေ နသော် လည်း ပြည်သူအများစုမှာ ဆင်းရဲမွဲတေမှု နွံအတွင်း နစ်ဝင်နေဆဲဖြစ်သလို အကျင့်ပျက် ခြစားမှုမှာ အဟန့် အတားတစ်ခု သဖွယ် ဖြစ်နေကြောင်း လေ့လာသူများမှ သုံးသပ်ပြောဆိုနေကြပါသည်။


No comments:

Post a Comment