Sunday 5 August 2012

ရခိုင်ဒေသအရေးမှာ ဘာသာရေးပြဿနာမဟုတ် ၊ လူမျိုးရေးပြဿနာမဟုတ်၊ နိုင်ငံတကာ ပြဿနာလည်း မဟုတ်ချေ။

ကျူးကျော်သည်ဆိုသည့်ဝေါဟာရမှာ စစ်ရေးနည်းနှင့်မျှ မဟုတ်ချေ။ “ လူသားချင်း မစာနာ ” ဟူသော ရှုထောင့်မှ ပြောဆိုကြသူများကို သန်းခြောက်ဆယ်သော သူများဘက် ရှုထောင့်မှ ကြည့်ရန်   မေ့လျော့နေကြပြီလားဟု ပြန်မေးလိုက်ချင်သည်။ အင်္ဂလိပ်လက်ထက်က လယ်ယာစိုက်ပျိုးရေး အတွက် ခေါ်ယူလာသော၊ မကြာသေးမီကမှ အမျိုးအမည်ခေါင်းစဉ်တပ်နိုင်သော လူမျိုးတစ်မျိုး၏ တံခါးမရှိ ဓားမရှိ ၀င်ရောက်လာမှုကို မည်သည့်နိုင်ငံချစ်စိတ်ဖြင့် လက်ကမ်းရပါမည်နည်း။ ထို့ထက်ပို၍ နောက်ကွယ်မှ သူတို့၏ လှုပ်ရှားဆောင်ရွက်နေမှုများကိုရော သိပါရဲ့လားဟုမေးလျှင် “ လူသားချင်း စာနာပါ ” ဟူသောသူတို့ ဖြေရခက်ကြလိမ့်မည်။

တစ်ချိန်က ရခိုင်ရွာကြီး ၂၀၀ ရှိခဲ့ရာမှ ယခုအခါ ရခိုင်ရွာ ၁၅ ရွာခန့်သာရှိပါတော့သည်။ ဘယ်ဘက်က လူသားချင်း စာနာကြပါသနည်း။ မြေမျိုလျှင် အနည်းငယ်သာပျက်စီးပါသည်။ လူမျိုလျှင် အတိုင်းအဆရှိသည်မဟုတ်ပါ။ တစ်ချိန်က ကိုယ့်ပါတီမဲရရေးအတွက် စနစ်တကျ စစ်ဆေးခြင်းမရှိဘဲ ရွာသူကြီးထောက်ခံချက်ဖြင့် မှတ်ပုံတင်ထုတ်ပေးခဲ့ဖူးသည်။ တစ်ပျော်ကြီး နိုင်ငံသားများ   ဖြစ်သွားခဲ့ကြပါသည်။

သည်နေ့ သမ္မတကြီးအနေဖြင့် သူ့အကျိုးစီးပွား၊ သူ့ပါတီအကျိုးစီးပွားကင်းလွတ်လျက် သူ့နိုင်ငံသူ သူ့နိုင်ငံသား အကျိုးစီးပွားအတွက်သာ ရပ်တည်ပေးခဲ့ပါသည်။ ယခုထက်ပို၍ အင်အားကောင်းစွာ သမ္မတကြီးဘက်က ရပ်တည်ပေးသင့်ကြသည်ဟု ယူဆပါသည်။ ဘာမှမဟုတ်သော ငွေကြေး ထောက်ပံ့မှုဖြင့် ၊ ကိုယ့်တစ်သက်စာအတွက် ကိုယ့်သားစဉ်မြေးမြစ် အဆက်ဆက်ကို အမွေးဆိုးပေးလိုသူတို့   ပြုပြင်ပြောင်းလဲသင့်ကြပါသည်။

အရေးကြုံလာသောအခါ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြတ်ပြတ်သားသားဆိုခဲ့သည်။ သမ္မတကြီး၏ ရပ်တည်ချက်မျိုးဖြင့်ပင်။ သို့သော်လည်း ထောက်ပံ့ကြေးယူ၍ အကောင်းစားနိုင်ငံတွင်ရှိနေသူတစ်ဦးက ထိုကျောင်းသားခေါင်းဆောင်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ကို အင်တာနက်တွင် ဖတ်လိုက်ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် နိုင်ငံချစ်သည်မှန်၍ အင်္ဂလိပ်နှင့်သော်လည်းကောင်း၊ ဂျပန်နှင့်သောလည်းကောင်း ပူးပေါင်းခဲ့သည်ကိုမေ့ထားရန်မသင့်ပါ။ မဆိုင်သော ကိစ္စများ၊ မဆီလျှော်သော ဥပမာ၊ ဆင်ခြေများ ဆွဲထည့်သွားသည်၊ ရိုးရှင်းစွာဆိုရလျှင် ကိုယ့်အမျိုးထက် အခြားတစ်ပါးကို ပိုချစ်သော၊ တစ်ဖက်ကိုပိုချစ်သော သူ့စိတ်ဓာတ်က အဖြေပေးပြီးသားဖြစ်ပါသည်။

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စသောကဏ္ဍစုံ ဒီမိုကရေစီရေးအပါအ၀င် အရေးအရာအားလုံး၌ အခြေခံကောင်းသော အုတ်မြစ်တို့ တည်ရှိနေစေရန် သမ္မတကြီးသည် ဗိသုကာကြီးတစ်ဦးသဖွယ် သူ့အလုပ်ကို ဆက်လက်ဆောင်ရွက်နေပါသည်။ သူ့လုပ်ဆောင်ချက်ကို လူတစ်စုကသာ ထောက်ခံနေသည်မဟုတ်ပါ။ လူအများက သာမက နိုင်ငံတကာ ကလည်း ထောက်ခံနေပါသည်။

သမ္မတကြီးဦးသိန်းစိန်သည် ပင်ကိုယ်သဘာဝအားဖြင့် နူးညံ့ပျော့ပြောင်း၍ သူ့အကျိုးစီးပွားကို   မေ့ထားသူဖြစ်သည်။ သို့သောလည်း လိုအပ်သောအခါ ပြတ်သား၏။ ရဲရင့်၏၊ နိုင်ငံတကာကို ရင်ဆိုင်ရန်လည်း မတွန့်တက်သူဖြစ်၏။ ဗိသုကာကောင်းတို့၏ အရည်အချင်း ပြည့်စုံသူဖြစ်သည်။ ယနေ့ရခိုင်ပြည်နယ် ရိုဟင်ဂျာ အရေးကိစ္စအပေါ်ရပ်တည်မှုသည် သမိုင်းကောင်းဖြစ်သည်။ ရပ်တည်မှု ပြတ်သားသော်လည်း၊ အရေးကိစ္စဖြေရှင်းမှုမှာ မျှော်မြင်မှုရှိရှိ သိမ်မွေ့ညင်သာကြောင်း   တွေ့ရသည်။

ရာစုနှစ် တစ်ဝက်ခန့် အဆိုးသံသရာမှ ကံကောင်းထောက်မ၍ အကောင်းသံသရာသို့ စတင်ဝင်ရောက် လာကာစ သက်နု မြန်မာ့နိုင်ငံရေး အခြေအနေသစ်၊ ၀န်းကျင်သစ်ကို ဘာမဟုတ်သော ကိုယ်ကျိုးစီးပွား မျက်ကန်းသဘောတရား အယူအဆများဖြင့် မဖျက်ဆီးသင့်၊ မတုန့်နှေးစေသင့်ပါ။ အများလက်မခံတော့သော အယူအဆ သဘောတရားများ တစ်နည်း အမြဲတမ်း ဆန့်ကျင်တိုက်ပွဲဝင်နေသည်ထက် မှန်ကန်သော မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိခဲ့ပါလျှင် ပူးပေါင်းဆောင်ရွက်ခြင်းကသာ အမှန်ကန်ဆုံး၊ အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်ဟု ဆိုချင်ပါသည်။

“ မှန်ကန်သော ခေါင်းဆောင်တို့သည် ကိုယ့်အမျိုးသား အကျိုးစီးပွားကိုသာ ဦးထိပ်ပန် ဆင်ကြသူများ   ဖြစ်ကြပါသည်။ ”

No comments:

Post a Comment