Sunday 5 August 2012

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံးကြောင်း AP သတင်းက ဖော်ပြသည်။ အိန္ဒိယ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး Uttarakhand ပြည်နယ် ရေကြီးမှုအတွင်း အနည်းဆုံး လူ ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အိန္ဒိယအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Amit Chandola က ပြောကြားသည်။ အဆိုပါပြည်နယ်တွင် ပြီးခဲ့သည့် ကြာဿပတေးနေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ခြင်းဖြစ်ပြီး   ရေကြီးမှု၊   မြေပြိုမှုများ   ဖြစ်ပွားကြောင်း သိရသည်။
 

No comments:

Post a Comment