Sunday 5 August 2012

iOS နှင့် Android Apps များအကြောင်းဆွေးနွေးပွဲ ပြုလုပ်သွားမည်

Mobile Application များ၊ Jail Break လုပ်နည်းများ၊ Root လုပ်နည်းများကို မြန်မာဘာသာဖြင့်   ဖော်ပြပေးလျက်ရှိသည့် Myanmar Mobile Application Website က ဦးစီး၍ iOS နှင့် Android Apps များအကြောင်း ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း Myanmar Mobile Application ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ ပွဲတွင် Mobile ဖုန်း ဆော့ဝဲလ်များနှင့်ပတ်သတ်သည်များကို Share လုပ်ခြင်း၊ Mobile Phone နှင့် သက်ဆိုင်သည်များကို ဆွေးနွေးခြင်း၊ ဗဟုသုတများ ဖလှယ်ခြင်း စသည်တို့နှင့် အခြား Mobile Phone နှင့်သက်ဆိုင်သည်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါစာမျက်နှာမှ သိရသည်။

အဆိုပါ ပွဲကို သြဂုတ်လ ၁၁ ရက်နေ့တွင် နေ့လည် ၁နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း၊ တက်ရောက်လိုသူများကို ကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများမှာ ၀၉ ၄၃၁၄၅၈၈၁ ကို ဖုန်းဆက် အကြောင်းကြားရန် လိုအပ်ကြောင်း အဆိုပါ Website တွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲအား အမှတ် ၁၈၄-၁၈၆၊ ဒုတိယထပ်၊ ၄၅ လမ်းအထက်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
ref:voiceweekly

No comments:

Post a Comment