Sunday 5 August 2012

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါင်တာထွန်းလွင်ကအောက်ပါအတိုင်းခန့်မှန်းသည်။

“ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ရှိ မြစ်များနဲ့ မြေနိမ့်ဒေသများတွင် မြစ်ချောင်းများမှာ ရေလျှံမှုအလားအလာများ မြင့်မားနိုင်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်  စသည့်  မြစ်တို့ တွင် လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာနိုင်ပြီး၊ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးနိုင်ပါတယ်” ။
ထို့အပြင် “တောင်တရုတ်ပင်လယ်ပြင်မှာ အခုလာမယ့် ရက်သတ္တ တစ်ပတ်အတွင်းမှာ မုန်တိုင်းများ ဆက်တိုက်ဖြစ်လာနိုင်ပြီး၊ မြန်မာနိုင်ငံဖက်ကိုလည်း အရှေ့ဖက်မှ မုန်တိုင်း အကြွင်းအကျန် နဲ့လေပွေလှိုင်း များ ရောက်ရှိလာနိုင်ဖွယ်ရာရှိနေပါတယ်။ မုန်တိုင်းအကြွင်းအကျန်များလာရောက်ခဲ့ပါက မိုးကောင်းနိုင်ပြီး စစ်တောင်းမြစ်၊ ပခြူးမြစ်၊ သံလွင်မြစ်၊ ရွှေကျင်မြစ် တို့တွင် ရေကြီးမှုအန္တရာယ်များ မြင့်မားနိုင်ပါတယ်”ဟု ဆက်လက်ခန့်မှန်းသည်
 
ref:7daynews

No comments:

Post a Comment