Wednesday 25 July 2012

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တနှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ် လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ကထုတ်ဖေါ်ပြောဆို လိုက်ပါတယ်။


ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေကြည့်ဖို့ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဖို့အတွက် ဒီလုပ်ငန်းဖြစ်ထွန်းနေတာလို့ဆိုပါတယ်။

ဒီအကြောင်းကို EFU အဖွဲ့က လျှို့ဝှက်ရိုက်ကူးထားတာ တွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ မှောင်ခိုခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံးဖြစ်တယ် လို့သိရပါတယ်။

ဆင်လေးတွေဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ရန်ကနေ အကာအကွယ် ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို၊ ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံနှိပ်စက် ညှင်းပမ်း တာတွေရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် နောက်နှစ်မှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန် နဲ့သဘာဝသစ်ပင် ရောင်းဝယ်ဖေါက်ကားမှုဆိုင်ရာညီလာခံ မတိုင်ခင်၊ ဆင်မှောင်ခို လုပ်ငန်းကိုနှိမ်နင်းဖို့ တက်ကြွ လှုပ်ရှားသူတွေက ထိုင်းအစိုးရကိုတောင်းဆိုလိုက်ပါတယ်။

ref:rfa

No comments:

Post a Comment