Wednesday 25 July 2012

မြန်မာ-အင်ဒို သာမန်ဗီဇာ ကင်းလွတ်ခွင့် ဆွေးနွေး

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံသာမန်ဗီဇာအပြန်အလှန်လွတ်ကင်း ခွင့်ရရန်
 စီစဉ်နေသည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။ အာဆီယံနိုင်ငံများ အချင်းချင်း ဗီဇာကင်းလွတ်ခွင့်များပြုရန် ၂ဝ၁၅ ခုနှစ်တွင် အပြီးဆောင်ရွက် ကြမည် ဟု မူအရ သဘောတူထားပြီးဖြစ် ရာ မြန်မာမှလာအိုနှင့် သဘောတူ မှုပြုလုပ်ခဲ့ပြီးနောက်၊ ဒုတိယအနေ ဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်လက် ကာဆောင်ရွက်ခြင်းဖြစ်သည် ဟု ၄င်းကပြောသည်။ ''ဆိုက်ရောက်ဗီဇာနဲ့ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ လုပ် ငန်းရှင်တွေက လေဆိပ်မှာပဲ လွယ် လွယ်ကူကူနဲ့ ပြည်ဝင်ခွင့် ရနိုင် အောင်လို့ပါ''ဟု ညွှန်ကြားရေးမှူး ချုပ်က ဆက်လက်ကာပြောသည်။
မြန်မာနိုင်ငံမှ ထုတ်ပေးလျက် ရှိနေသောဗီဇာ အမျိုးအစားများမှာ ကမ္ဘာလှည့် လုပ်ငန်းဗီဇာ၊ ပြည်ဝင်ခွင့် ဗီဇာ၊ (လူမှုရေးနှင့်အလည်အပတ်၊ သာသနာရေး)၊ သံတမန်ဗီဇာ၊ ဖြတ်သန်း၊ အကြိမ်ကြိမ်ပြည်ဝင်ဗီဇာ တို့ဖြစ်သည်။ အလုပ်သမား ဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးမြင့်သိန်းက ''ဗီဇာနဲ့ ဝင်ထွက်သွားလာမှု လွယ်ကူရင် ကျွမ်းကျင်လုပ်သားများ ရွှေ့ပြောင်း သွားလာမှု အဆင်ပြေနိုင်ပါတယ်။ ဗီဇာစနစ်များ ရရှိဖို့ အဟန့်အတား များ ဖြေလျှော့ဖို့ရှိပေမယ့် မိမိပေး ထားတဲ့ ဗီဇာဟာ လုံခြုံစိတ်ချရ အောင် အချက်အလက်တွေ၊ လို အပ်ချက်တွေ အပြည့်အစုံရရှိဖို့ လိုအပ်ပါတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီ ယံ ၉ နိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား၊ သီရိလင်္ကာနိုင်ငံတို့နှင့် သံတမန်နိုင်ငံ ကူးလက်မှတ်အပါအဝင် အထူးနိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ထားသူ များအား ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရသည်။ ဗီဇာသက်တမ်းအလိုက် နေထိုင်ခွင့်များကို အများဆုံး ရက် ၇ဝ သတ်မှတ်ထားသည်ဖြစ်ရာ ကောက်ခံငွေများမှာလည်း အမျိုး အစားအလိုက် အမေရိကန်ဒေါ်လာ နှစ်ဆယ်မှ တစ်ရာ့ရှစ်ဆယ်အထိ ကောက်ခံကြောင်း အဆိုပါဌာနမှ သိရသည်။
 
ref:popular

No comments:

Post a Comment