Thursday, 29 October 2015

ရှမ်းတောင်ပိုင်းမြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပဟု ကြေညာပြီးနောက်တစ်နေ့တွင် တိုက်ပွဲပိုမိုပြင်းထန်လာ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာပြီး နောက်တစ်နေ့၌  မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ရွေးကောက်ပွဲကော်မရှင်၏ အဆိုပါကြေညာချက်ကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ဒေသခံများကကန့်ကွက်နေကြသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းရှူး ကျေးသီးမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ဟိုပန်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင်ပင် SNLD က အဆိုပါ ထုတ်ပြန်ချက်အပေါ် တရား ၀င်ကန့်ကွက်ခဲ့သည်။

နီပေါတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတဖြစ်လာ

လွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုအရ နီပေါနိုင်ငံတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။

အသက် ၅၄ နှစ်ရှိ ဘစ်ဟ်ဟယာဒေဝီဘန်ဒါရီ သမ္မတ ဖြစ်လာခြင်းသည် နီပေါနိုင်ငံရေး သမိုင်းတွင် ကြီးကျယ်ထင်ရှားသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။ ယခုလအတွင်း လွှတ်တော်က အစိုးရ၏ အရေးအပါဆုံး ရာထူးနေရာများအတွက် လူသစ်များ ရွေးချယ် တင်မြှောက်ရာတွင် ဘန်ဒါရီသည် ဒုတိယမြောက် ဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းတွင် ကေပီရှာမာအိုလီကိုလည်း နီပေါလွှတ်တော်က ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခန့်အပ်ခဲ့သည်။

ရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ

 ရွေးကောက်ပွဲကျင်းပ ရန် ၁၁ ရက်သာ လိုတော့သည့်အ ချိန်တွင် ကျရောက်သော သီတင်း ကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီသို့ လာ ရောက်ဖူးမြော်သူများထဲတွင် ရွေး ကောက်ပွဲအေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ ရှိခဲ့သည်။

ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သူ ၃၇ဦးကို ရွေးကောက်ပွဲ နှင့်ပတ်သက်၍ 7Day သတင်းစာက ကျပန်းမေးမြန်းခဲ့ရာ ၁၂ဦးကရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံး ရန်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ်တက်လာရန် ဆုတောင်းခဲ့ပြီး ၁၀ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရန် ဆုတောင်းခဲ့ကြောင်းနှင့် ၁၅ ဦးက မိသားစုနှင့် ဆွေမျိုးများအတွက် ဆုတောင်း ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲ ဗဟုသုတအားနည်း

မန္တလေးတိုင်းဒေသကြီး တွင် ရွှေထွက်သည့်ဒေသတစ်ခု ဖြစ်သော သပိတ်ကျင်းမြို့နယ် ရွှေတောများအတွင်း နေထိုင် သည့် ရွှေလုပ်သားများသည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ဗဟုသု တအား နည်းနေကြောင်း အောက်တိုဘာ၂၇ရက်က သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း များသို့ သွားရောက်မေးမြန်းချက် အရ သိရသည်။‘‘မသိပါဘူး။ တချို့ကျတော့ လည်း မဲပေးဖို့ ပြန်သွားကြတယ် ပြောတယ်။ ၀န်ထမ်းတွေကိုတော့ ကုမ္ပဏီက စီစဉ်ထားတယ်ပြော တယ်။ မဲဆွယ်စည်းရုံးတာတွေ မလာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြားဖူးပါတယ်။ အဒေါ်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ မဲဘယ်သူ့ကို ပေးရတယ်။ ဘာလို့ပေးရတယ်ဆိုတာ မသိဘူး။ အဒေါ်တို့ ကတော့ စစ်ကိုင်းနယ်ဘက်က ဒီကိုလာလုပ်တာပါ’’ဟု  ကုမ္ပဏီ ကွင်းအတွင်း နေထိုင်သူ ရွှေလုပ် သားမိသားစုဝင်တစ်ဦးက ပြော သည်။

တော်ဝင်မိသားစု၏ ပုံရိပ်ကို အလွဲသုံးစား ပြုသူများအား ထပ်မံ ဖမ်းဆီးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကြေညာ

တော်ဝင်မိသားစု၏ ဂုဏ်ဒြပ်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။

လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်

လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။

အမေရိကန် စစ်တပ်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွား၍ အရှုပ်အထွေးများ ဖြစ်ပေါ်

အမေရိကန် စစ်ဘက်သုံး လေသင်္ဘောတစ်စီး  ထိန်းချုပ်မှု လွတ်သွားခဲ့သည့်နောက် မေရီလန်းနှင့် ပင်ဆယ်လ်ဗေးနီးယားတို့တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Monday, 26 October 2015

၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့ စိန်ခေါ်သံ

ဂေါ်ဇီလာအယ်လ်နီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံး သော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုးနေပြီ ဖြစ်ပါ တယ်။ သေဆုံးသူပေါင်း ၂,၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ်ပျက် စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက် ပျက်စီးသေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်ပွား ခဲ့ပြီးနောက် ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။

ပြိုင်တူတွန်းလျှင် ပြောင်းနိုင်ပါသည်

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားလာသည့် စကား လုံးတစ်လုံးရှိသည်။ အပြောင်းအ လဲဆိုသည့် စကားလုံးဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် ပါတီအချို့ သည်ပင်လျှင် အပြောင်းအလဲကို ဖော်ဆောင်မည်၊ ဖော်ဆောင်နေ သည်ဟု ကြွေးကြော်ကာ မဲဆွယ် စည်းရုံးနေကြသည်ကို တွေ့နေရ သည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲ ကို အရေးတကြီးလိုအပ်နေသည် မဟုတ်ပါလား။
မြန်မာနိုင်ငံ၏ လက်ရှိပစ္စက္ခ အခြေအနေသည် အစစ အရာရာ နိမ့်ကျနေသည်။ နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတို့သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မကောင်းသည့်ဘက်က စတင်ရေတွက်ပါက ထိပ်ဆုံးတွင်ရှိနေသည်။ ထိုထိပ်ဆုံးနေရာတွေကို ဗိုလ်စွဲကာ ပြိုင်ဘက်မရှိနေရာယူ ထားခဲ့သည်မှာလည်း ဆယ်စုနှစ် ငါးစုစာလောက်ရှိပြီ ဖြစ်သည်။ အ လုံးစုံ နိမ့်ကျသည့်ဒဏ်ကို မြန်မာပြည်သူ၊ ပြည်သားသန်းပေါင်းများစွာ ခါးကော့အောင်ခံခဲ့ကြရပြီးဖြစ်သည်။

သန်လျင်တံတား ဖြတ်သန်းခကောက်ခံသည့်အဖွဲ့များပြားခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှုကို မထသ၀င်ရောက် ဖြေရှင်းမည်ဟုဆို

သန်လျင်တံတားဖြတ် သန်းရာတွင် မြို့ဝင်ကြေးအပါအ၀င် အခွန်ကောက်ခံသည့် အဖွဲ့များပြားနေခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာ ခြင်းကို မထသမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြထား ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
လက်ရှိတွင် သန်လျင်တံ တားဖြတ်သန်းရာ၌ တံတားဖြတ် သန်းခ ၁၀၀ ကျပ်၊ YCDC မြို့ဝင် ကြေး ၂၀၀ ကျပ်နှင့် သန်လျင်မြို့ ၀င်ကြေး ၁၀၀ ကျပ်ကောက်ခံ လျက်ရှိသည်။
အဆိုပါ သန်လျင်တံတား ဖြတ်သန်းခ ကောက်ခံရာ တွင် မြို့ဝင်ကြေးနှင့် စည်ပင်ခွန် တို့ကိုပါ နှစ်ဖက်ကောက်ခံသည့် စနစ်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမိုဖြစ်စေ၍ တစ်ဖက်တည်း တွင်သာ ကောက်ခံရန်စီစဉ်ခြင်း ဖြစ်ကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ‘‘တံတားမှာ မြို့ဝင်ကြေး ကောက်ခံလို့ ကြန့်ကြာမှုဖြစ်ရင် ယာဉ်ကြောကျပ်တည်းမှု ဖြစ် တယ်။ ယာဉ်ကြောကျပ်တည်း တာနဲ့အမျှ ယာဉ်တွေကလည်း စည်းကမ်းဖောက်လာနိုင်တယ်။ ဒါကြောင့် ယာဉ်တွေစည်းကမ်း မဖောက်အောင် ၀ိုင်းဝန်းထိန်း သိမ်းပေးတဲ့အပိုင်းမှာ မထသ ရယ်၊ ယာဉ်ထိန်းရယ် ပူးပေါင်း ပြီး ဆောင်ရွက်ပေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ကနေဒါတွင် ဝေလငါးကြည့် လှေတစ်စီး နစ်မြုပ်ပြီး ၄ ဦးထက်မနည်း သေဆုံး

ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ
ကနေဒါနိုင်ငံတွင် ဝေလငါးများကို အပျော်တမ်း စောင့်ကြည့်သည့် လှေတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကနေဒါ ကယ်ဆယ်ရေး တာဝန်ရှိ အဖွဲ့အစည်းများက ဗြိတိသျှ ကိုလံဘီယာရှိ ဗန်ကူးဗား ကျွန်းမှ တိုဖီနို အနီးတွင် လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောကြားခဲ့သည်။ နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားသည့် မတော်တဆမှုအတွက် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။

APနှင့် AFP သတင်းဌာနများက ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုကို ကိုးကားပြီး လှေပေါ်တွင် လူ ၂၇ ဦး လိုက်ပါခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် သေဆုံးသူများ၏ နိုင်ငံသား ဖော်ပြချက်ကို တိတိကျကျ မသိရသေးချေ။

ရလဒ် မပြတ်သားသဖြင့် အာဂျင်တီးနား ရွေးကောက်ပွဲ နောက်ဆက်တွဲ ယှဉ်ပြိုင်ရဖွယ်ရှိ

မည်သည့် သမ္မတလောင်းမျှ လုံလောက်သည့် မဲအရေအတွက် မရရှိသည့်နောက် အာဂျင်တီးနား နိုင်ငံတွင် နောက်ဆက်တွဲ ရွေးကောက်ပွဲတစ်ခု ကျင်းပသွားရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲများ ရေတွက်ပြီးစီးလုနီးပါး ရှိနေချိန်တွင် ဗဟိုလက်ဝဲယိမ်း သမ္မတလောင်း ဒန်နီရယ်လ် ဆကွိုင်လီက ဗျူနိုအေးရိစ် မြို့တော်ဝန် မော်ရစ်ဟီယို မာကရီကို မဲအရေအတွက် အတန်ငယ် အသာစီးဖြင့် ဦးဆောင်လျက် ရှိသည်။

မဲအားလုံး ရေတွက်ပြီးချိန်တွင် ဆကွိုင်လီ၏ ဦးဆောင်မှုက ပိုမိုပြတ်သားလာမည်ဟု နိုင်ငံရေး အကဲခတ်များက ထင်ကြေးပေးထားသည်။ သို့သော်လည်း အစိုးရ ဖွဲ့စည်းရန် လိုအပ်သည့် မဲအရေအတွက် နှစ်ဖက်စလုံး မရရှိနိုင်သောကြောင့် နိုဝင်ဘာ ၂၂ ရက်တွင် စိတ်မကျေပွဲအဖြစ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

အစ္စရေး-အာရပ်တစ်ဦး လေတံခွန်ဖြင့် နယ်စပ်စည်းရိုးကို ကျော်ဖြတ်ကာ အိုင်အက်စ်တို့ထံ ပူးပေါင်းသွား

ဆီးရီးယားနှင့် နယ်စပ်စည်းရိုးအနီး လုံခြုံရေး စောင့်ကြပ်နေသည့် အစ္စရေးတပ်ဖွဲ့များ။
အစ္စရေးနိုင်ငံမှ အာရပ်တစ်ဦးက လေတံခွန်တစ်ခုကို အသုံးပြုကာ ဆီးရီးယားသို့ ပျံသန်းပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အသက် ၂၃ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦးသည် ဆီးရီးယားဘက်ခြမ်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အစ္စရေးရှိ အာရပ်အနွယ်များ အဓိက နေထိုင်ရာ ဂျယ်ဂျူလီယာ ကျေးရွာတွင် နေထိုင်သည့် အဆိုပါ အမျိုးသားသည့် နှစ်နိုင်ငံ နယ်ခြားတွင် တားဆီးထားသည့် သံစည်းရိုးများကို လေတံခွန် အကူအညီဖြင့် ကျော်ဖြတ်ကာ ဒါရား ဒေသဘက် ဆင်းသက်သွားခဲ့ခြင်း ဖြစ်သည်။

Friday, 23 October 2015

တိုင်ကြားချက် ၇၀ ကျော် UEC လက်ခံ ရရှိ

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း ဥပဒေအရ တိုင်ကြားမှု ၇၀ ကျော် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီတိုင်တန်းမှုတွေမှာ အကျိုး ဖျက်ဆီးမှု၊ နိုင်ငံရေးပါတီ အချင်းချင်း တိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်တန်းမှု စတဲ့အမှုတွေပါတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဖြစ်အပျက် ၉၀ကျော် ဖြစ်ပွားခဲ့တာမှာ အမှုဖွင့်တိုင်ကြားမှုဟာ ၇၀ကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းကိုက ဗွီအိုအေ မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

အစွန်းရောက် အမျိုးသားရေး ဝါဒ မြန်မာ ရွေးကောက်ပွဲ ကို ထိခိုက်နိုင်

မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားလာနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့နေရပြီး ဒါဟာ မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ အတွက် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီ ရှေ့မှောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို တင်ပြချိန်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။

မြန်မာ ရွေးကောက်ပွဲ အပေါ် Mitch McConnell မျှော်လင့်ချက် ထားဆဲ

လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ အတွက် သူတို့ လိုလား တဲ့ ခေါင်းဆောင်ကို ရွေးချယ်ခွင့် ရမယ့် အခွင့်အလမ်းတရပ်ဖြစ်တာမို့၊ ဒီရွေးကောက်ပွဲ အခြေအနေကို အမေရိကန်ပြည်ထောင်စု နဲ့  နိုင်ငံတကာ က စောင့်ကြည့် အကဲခတ်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောလိုက်ပါတယ်။ ဒီရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို တိုင်းတာ အကဲဖြတ်ရမယ့် အခြေအနေ တရပ်ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnellမနေ့တုန်းက အမေရိကန် အထက်လွှတ်တော် မှာ လာမယ့်မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆို သွားတာတွေကို ကိုသားညွန့်ဦးက ကောက်နုတ် တင်ဆက်ပေးပါမယ်။

Thursday, 22 October 2015

မြန်မာရွေးကောက်ပွဲအလားအလာ ကန်လွှတ်တော်ကြားနာ


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေဆဲ ဆိုပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး စိုးရိမ်စရာတွေ ရှိနေဆဲ အခြေအနေတွေကို အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြားနာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေဟာ အောင်မြင်မှုရှိတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကန့်သတ်မှုတွေ ရှိနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကိုလည်း ဥပဒေပြု အမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်မှာ ဆွေးနွေးကြားနာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေ တုန်းက အပြောင်းအလဲတွေနဲ့အတူ အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံလာခဲ့တဲ့ မူဝါဒတွေဟာ လက်တွေ့ ကျရဲ့လား ဆိုတာကိုလည်း ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Steve Chabot တို့လို ဥပဒေပြုအမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။

“အမေရိကန် အစိုးရက ကျနော်တို့ရဲ့ ဆက်ဆံရေးသစ်၊ မြန်မာနိုင်ငံသစ်ဟာ အောင်မြင်မှုတခု အဖြစ် ပြသဖို့ ကြိုးစားနေပါတယ်။ ကျနော်ထင်ပါတယ် အပြုသဘောပြောမယ်ဆိုရင်တောင် အပြတ်ပြောနိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။ ပြဿနာတွေ ကြီးကြီးမားမား ရှိနေတဲ့အထဲမှာ ရိုဟင်ဂျာအရေးလည်း ပါပါတယ်။ ကျနော်အနေနဲ့ ဝေဖန်ရမယ်ဆိုရင်တော့ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး ကတိတွေအတိုင်း ဆောင်ရွက်တာမျိုးကိုလည်း ထင်ထင်ရှားရှား သက်သေမပြနိုင်သေးပါဘူး။ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေဆဲဖြစ်ပြီး၊ ဒါတွေဟာလည်း စစ်တပ်နဲ့ပတ်သက်နေပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေပါ။”

အားလုံးပါဝင်ခွင့်မရှိဘဲ ကန့်သတ်မှုတွေကြားက ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတာ၊ ရိုဟင်ဂျာမူဆလင်တွေကို တိုင်းရင်းသား အဖြစ် မြန်မာအစိုးရက လက်မခံဘဲ ခွဲခြားဆက်ဆံတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတာ၊ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီး အရေးယူထားတာတွေကိုလည်း အဓိကဆွေးနွေး ကြားနာခဲ့ကြပါတယ်။ သီတင်း ၃ ပတ်လောက်သာ ကျန်တော့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် မဲပေးခွင့် မရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း အောက်လွှတ်တော် အာရှနဲ့ပစိဖိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Matt Salmon က မေးခွန်းထုတ်ခဲ့ပါတယ်။

“မနေ့တနေ့ကပဲ ကြားရတဲ့သတင်းအရ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၄ သန်းလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့် မရဘူးလို့ သိရပါတယ်။ ဒါဟာ တရားဝင် မဲပေးခွင့်ရှိသူ ၃၃ သန်းခွဲထဲမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာလားဆိုတာ ဘယ်လိုများ ဆန်းစစ် အကဲဖြတ်ထားသလဲဆိုတာ သိချင်ပါတယ်။ ဒါဟာမြန်မာပြည်သူတွေက ရွေးကောက်ပွဲကို လက်ခံသလားဆိုတဲ့ အပေါ်မှာ လုံးဝမူတည်နေတယ်လို့ ကြားပါတယ်။ လေ့လာအကဲခတ် သိလာရတဲ့ အပေါ်မှာ ကျနော်တို့ တခုခုဆုံးဖြတ်မယ်လို့လည်း ကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်ရော ဘာလုပ်မှာလဲ။”

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ဒုတိယအကြီးအကဲ Jonathan Stivers တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်က စိန်ခေါ်မှုတွေကို အမေရိကန် အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတိပြုမိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မမြင်သလို လုပ်နေမှာတော့ မဟုတ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရကိုလည်း အမေရိကန်က ဆက်လက် ကူညီသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီး လျှော့ချဖို့ဆိုတာဟာ ဖြစ်စဉ်တခုလုံးပေါ် မူတည်တယ်လို့လည်း ၀န်ကြီး Russel က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတိထားရမယ့် စိန်ခေါ်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အခြေခံအားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ကျနော်တို့ ခေါင်းထဲမှာ အမြဲထည့်ထားပါတယ်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေက နေရာယူထားတာဟာ ဘယ်လိုမှ တရားမျှတမှုမရှိပါဘူး၊ White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ မဲပေးခွင့်မရတာဟာလည်း တရားမျှတမှု မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ နိုင်ငံရေးပါတီတွေက ဒီချို့ယွင်းချက်တွေ ရှိနေတယ်ဆိုတဲ့ အသိနဲ့ပဲ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ ကျနော်တို့ အနေနဲ့လည်း မြင်တွေ့ ကြားသိရတာတွေအပေါ် အခြေခံပြီး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တခြား နိုင်ငံရေးပါတီတွေ၊ ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် အခြေခံပြီး ဆန်းစစ်အကဲဖြတ်သွားမှာပါ။ ဒီအထဲမှာ IFES၊ IRI၊ NDI၊ ကာတာစင်တာ၊ အီးယူရွေးကောက်ပွဲ စောင့်ကြည့်ရေး စတဲ့ အဖွဲ့တွေ ပါဝင်ကြတာဟာလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ ပြည်တွင်းက ထောင်နဲ့ချီတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေရဲ့ ပြောဆိုချက်တွေကိုလည်း ကျနော်တို့က နားထောင်သွားမှာပါ။ မြန်မာသတင်းမီဒီယာတွေနဲ့ မြန်မာပြည်သူတွေရဲ့ ပြောဆိုချက်တွေလည်း နားထောင်ပြီးတော့ ကျနော်တို့အနေနဲ့ ချင့်ချိန် အကဲဖြတ် သွားမှာပါ။”

ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေအပေါ် ဆက်ဆံမှုတွေကို အထူး စိုးရိမ်မိသလို၊ ရွေးကောက်ပွဲရက်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်စေနိုင်တဲ့ အမုန်းစကား ပြန့်ပွားမှုကိုလည်း ၀န်ကြီး Russel က သတိပေးသွားခဲ့ပါတယ်။ မြန်မာ့အရေး အောက်လွှတ်တော် ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Joe Crowley ကလည်း - လာမယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်ကို အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်ဆိုတဲ့အပေါ် သံသယရှိနေတာပါ။

“ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဖော်ထုတ်နိုင်မယ်လို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို နေရာယူထားဦးမှာပါ။ ဒါတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ဒါကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းစကားပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရီပတ်ပလစ်ကန်ရော၊ ဒီမိုကရက် ပါတီ ၂ ရပ်စလုံးကပါ - ဒါတွေ ပြောင်းလဲဖို့လိုအပ်တယ်လို့ သဘောတူ လက်ခံထားကြပါတယ်။”

ဒါ့အပြင် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ Ed Royce ကလည်း - မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အမည်မဲစာရင်းမှာ ထည့်သွင်းဖို့ အမေရိကန် ဘဏ္ဍာရေးဌာနကို တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ ကြားနာပွဲမှာတော့ လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားနေတဲ့ United to End Genocide အဖွဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ U.S. Campaign for Burma တို့က တာဝန်ရှိသူတွေလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးအရ နောက်ပြန်ဆွဲတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ကြပါတယ်ရှင်။
VOA

စစ်တပ် မဲရုံတွေအတွင်း အီးယူစောင့်ကြည့်ရေးအဖွဲ့ လေ့လာနိုင်မည်


နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်တယ်လို့ EU EOM အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီကိုလည်း အာရုံစိုက် လေ့လာသွားမယ်လို့လည်း ပြောပါတယ်။အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင် က သတင်းပေးပို့ထားပါတယ်။၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်မယ့် အဖွဲ့တဖွဲ့ဖြစ်တဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေမှာ သွားရောက် လေ့လာနိုင်မှာဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ လေ့လာရေးမှူးအဖွဲ့ချုပ် Alexander Graf Lambsdorff က ဆိုပါတယ်။

Wednesday, 21 October 2015

ထောင်ထားတဲ့ထီးဖြူနဲ့ ဘယ်သူဘုရင်လုပ်မလဲ


(တစ်)
ရွေးကောက်ပွဲနီးသည့်ရက်များအတွင်းမှာမှ ပုဂံသို့ခပ်စိပ် စိပ်ကလေးဆိုသလို ရောက်ဖြစ်ပါသည်။ မြင်းခြံသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ပခုက္ကူသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ချင်းတောင်သို့အသွားတွင်လည်း ပုဂံကခရီး တစ်ထောက်မို့ မူလပထမပုဂံနှင့် အကျွမ်းတဝင်ရှိပြီးသားတွင် လက်ပွန်းတတီးက ထပ်ဆောင်းကာ နွေးနွေးထွေးထွေးရှိလို့မဆုံးသည့်ရက်များပင် ဖြစ်ပါလေသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ရွေးကောက်ပွဲအကြိုရက်များအတွင်း ပုဂံသို့ရောက်သောအခါ ဖျတ်ခနဲအာရုံရောက်သွားမိသည်က ထီးလိုမင်းလိုဘုရားပဲဖြစ်ပါသည်။ ထီးလိုမင်းလိုဘုရင်က ရွေးကောက်တင်မြှောက်သည့် နည်းမျိုးဖြင့် နန်းတက်လာသည် ဟုဆိုကြသည်မဟုတ်လား။
စာအုပ်စင်ပေါ်၌ ဆရာတော်‘‘ရွှေကိုင်းသား’’၏‘‘ပုဂံသွားမှတ်တမ်း’’စာအုပ်ကလေးရှိရာ ထိုစာအုပ်တစ်နေရာတွင် ဆရာတော်က ‘‘ပုဂံရာဇဝင်တွင် ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကို ရရှိခဲ့သော ထီးလိုမင်းလိုခေါ် ဇေယျသိင်္ခနန်းတောင်းများမင်း’’ ဟုထည့်သွင်းရေးသားထားခဲ့ဖူးသည်ကို အမှတ်ရမိ၍ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိတဲ့။

ရွေးကောက်ပွဲနေ့တွင် လုပ်သားစေလွှတ်မှုအချို့ ရပ်နားထားမည်


ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ပထွက်ခွာအလုပ်လုပ်သူဦးရေမှာ လျော့သွားခြင်းမရှိဘဲ ပုံမှန်အခြေအနေ၌ ရှိနေပြီး အေဂျင်စီအချို့ရွေးကောက်ပွဲရက်တွင် လုပ်သားစေလွှတ်မှု ရပ်နားထားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်ရှိသော်လည်း ပြည်ပနိုင်ငံများမှ လုပ်သားခေါ်ယူမှုပုံမှန်အတိုင်းရှိနေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက ဆိုသည်။
‘‘လုပ်သားစေလွှတ်မှုက ပုံမှန်အတိုင်းရှိနေပါတယ်။ ခေါ်စာတွေလည်း အဲဒီလပိုင်းအထိရှိနေတာပဲ။ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲလုပ်မှာဆိုတော့ ကျွန်တော်တို့ဆီက အဲဒီ့တစ်ရကတော့ လုပ်သားပို့မှာတော့ မဟုတ်ဘူး’’ဟု ရွှေဝင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောသည်။