အင်ဒိုနီးရှားနိုင်ငံသည် ကော် ပိုရေးရှင်းများ၏ အခွန်တိမ်းရှောင်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းတန်ဖိုးပြောင်း လဲခြင်းဖြင့် အ ခွန်ရှောင်နေကြကြောင်း ယခုနှစ်တွင် အခွန်ရူပီးငွေ ၂၀၀ ထရီလီယံ (စင်ကာ ပူဒေါ်လာ ၂၁ဘီလီယံ) တန်ဖိုး နိုင်ငံ တော်ဝင်ငွေမှ လျော့နည်းနေကြောင်း၊ အဓိကအားဖြင့် ကုန်ပစ္စည်းကဏ္ဍမှ ဖြစ်ကြောင်း အခွန်ရုံးအကြီးအကဲ သစ်က ရိုက်တာသတင်းကို ပြောပြ ခဲ့ကြောင်း The Straits Times က ရေးသားခဲ့သည်။
Wednesday, 25 February 2015
အပျက်အစီးများ ပြင်ရန်အတွက် ခြေစမ်းပွဲကစားကာ ရန်ပုံငွေရှာမည်၊ ရိုးမားပရိသတ်များ လက်တုံ့ပြန်မည်ကို စိုးရိမ်
အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ်တို့သည် နယ်သာလန် ကလပ်ဖီယင်နုအသင်း အားပေးသူများ၏ သောင်းကျန်းမှုကြောင့် ပျက်စီးသွားခဲ့ရသော ရောမမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သော အထင်ကရ နေရာများကို ပြန်လည် ပြုပြင်ရန်အတွက် နယ်သာလန်နှင့် အီတလီ လက်ရွေးစင်အသင်းတို့ကို ချစ်ကြည်ရေး ခြေစမ်းပွဲစဉ် ယှဉ်ပြိုင် ကစားစေခြင်းဖြင့် ရန်ပုံငွေများ ရှာဖွေရန် စီစဉ်ညှိနှိုင်းနေပြီ ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
ဖီယင်နု ပရိသတ်များသည် လွန်ခဲ့သည့် သီတင်းပတ်၌ ရိုးမားနှင့် ဖီယင်နုတို့ ယှဉ်ပြိုင်ကြသည့် ယူရိုပါလိဂ် ၃၂ သင်း အဆင့်ပွဲစဉ်ကို ကြည့်ရှုအားပေးရန်အတွက် ရောမမြို့သို့ ရောက်ရှိလာခဲ့စဉ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပြီး ဖီယင်နု ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် နာမည်ကျော် ဘာကက်စီယာ ရေပန်း အပါအဝင် အထင်ကရ နေရာအချို့ ပျက်စီးသွားခဲ့ရကြောင်း ရောမမြို့တော် ဝန်အစ်ဂ်နာဇီယို မာရီနိုက အတည်ပြု ပြောကြားထားပြီး ဖြစ်သည်။
ရောမမြို့တော်ဝန် ကောင်စီသည် ယင်းအပျက်အစီးများကို ပြန်လည် ပြင်ဆင်ရန်အတွက် ပေါင်နှစ်သန်းခန့် အရေးပေါ် လိုအပ်လျက်ရှိကာ ယင်းအခက်အခဲကို နယ်သာလန်နှင့် အီတလီအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကာ ရန်ပုံငွေ ရှာဖွေခြင်းဖြင့် ဖြေရှင်းရန် အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက စီစဉ်လိုက်ကြခြင်း ဖြစ်သည်။
နယ်သာလန်ကလပ် ဖီယင်နု ပရိသတ်များ၏ အကြမ်းဖက်မှုကို ရောမမြို့ခံ ရဲတပ်ဖွဲ့က နံပါတ်တုတ်များနှင့် ရိုက်နှက်ကာ လူစုခွဲခဲ့ရပြီး ယင်းသို့ လူစုခွဲရာတွင် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်များလည်း ရှိကြောင်း ရိုးမားရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
ရိုးမားပရိသတ် ၂၄၀၀ သည် နောက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်ကို ကြည့်ရှုရန်အတွက် ဖီယင်နုအသင်း အခြေစိုက်ရာ ရော့တာဒမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကာ ရောမမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို လက်တုံ့ပြန်သည့် အနေနှင့် ရော့တာဒမ်မြို့တွင်းရှိ အထင်ကရ နေရာများကို ရိုးမား ပရိသတ်များက တိုက်ခိုက်ဖျက်ဆီး လာမည်ကို နယ်သာလန် အစိုးရက စိုးရိမ်မှုများ ရှိနေသည်။
နယ်သာလန်နှင့် အီတလီတို့၏ ခြေစမ်းပွဲကို ရော့တာဒမ်မြို့တွင် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ရောမမြို့တော်ဝန် မာရီနိုက ထပ်လောင်း အသိပေးထားသေးသည်။
The Voice Weekly
ဖီယင်နု ပရိသတ်များသည် လွန်ခဲ့သည့် သီတင်းပတ်၌ ရိုးမားနှင့် ဖီယင်နုတို့ ယှဉ်ပြိုင်ကြသည့် ယူရိုပါလိဂ် ၃၂ သင်း အဆင့်ပွဲစဉ်ကို ကြည့်ရှုအားပေးရန်အတွက် ရောမမြို့သို့ ရောက်ရှိလာခဲ့စဉ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပြီး ဖီယင်နု ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် နာမည်ကျော် ဘာကက်စီယာ ရေပန်း အပါအဝင် အထင်ကရ နေရာအချို့ ပျက်စီးသွားခဲ့ရကြောင်း ရောမမြို့တော် ဝန်အစ်ဂ်နာဇီယို မာရီနိုက အတည်ပြု ပြောကြားထားပြီး ဖြစ်သည်။
ရောမမြို့တော်ဝန် ကောင်စီသည် ယင်းအပျက်အစီးများကို ပြန်လည် ပြင်ဆင်ရန်အတွက် ပေါင်နှစ်သန်းခန့် အရေးပေါ် လိုအပ်လျက်ရှိကာ ယင်းအခက်အခဲကို နယ်သာလန်နှင့် အီတလီအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကာ ရန်ပုံငွေ ရှာဖွေခြင်းဖြင့် ဖြေရှင်းရန် အီတလီ ဘောလုံးအဖွဲ့ချုပ်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက စီစဉ်လိုက်ကြခြင်း ဖြစ်သည်။
နယ်သာလန်ကလပ် ဖီယင်နု ပရိသတ်များ၏ အကြမ်းဖက်မှုကို ရောမမြို့ခံ ရဲတပ်ဖွဲ့က နံပါတ်တုတ်များနှင့် ရိုက်နှက်ကာ လူစုခွဲခဲ့ရပြီး ယင်းသို့ လူစုခွဲရာတွင် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်များလည်း ရှိကြောင်း ရိုးမားရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
ရိုးမားပရိသတ် ၂၄၀၀ သည် နောက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်ကို ကြည့်ရှုရန်အတွက် ဖီယင်နုအသင်း အခြေစိုက်ရာ ရော့တာဒမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကာ ရောမမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို လက်တုံ့ပြန်သည့် အနေနှင့် ရော့တာဒမ်မြို့တွင်းရှိ အထင်ကရ နေရာများကို ရိုးမား ပရိသတ်များက တိုက်ခိုက်ဖျက်ဆီး လာမည်ကို နယ်သာလန် အစိုးရက စိုးရိမ်မှုများ ရှိနေသည်။
နယ်သာလန်နှင့် အီတလီတို့၏ ခြေစမ်းပွဲကို ရော့တာဒမ်မြို့တွင် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ရောမမြို့တော်ဝန် မာရီနိုက ထပ်လောင်း အသိပေးထားသေးသည်။
The Voice Weekly
ရေခဲမုန့်ကို ဆေးခြောက်နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲ ၊ ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့
ရေခဲမုန့် ကို ဆေးခြောက် နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲဟာ မထင်မှတ်ထားတာတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့ပါတယ်။
FMI Air မှ နေပြည်တော်သို့ နေ့စဉ် ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမယ်
FMI Air ဟာ မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်လေယာဉ်ပျံသန်းဝန်ဆောင်ခွင့်လက် မှတ် AOC ကိုရရှိခဲ့တဲ့အတွက် စင်းလုံးငှားဝန်ဆောင်မှုမှ ကုမ္ပဏီပိုင် Bombordier CRJ 200 Jet လေယာဉ်ဖြင့် နေ့စဉ် ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတိုင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၅ ရက်မှ စတင်ပြီး ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ FMI Air ဟာ ခရီးစဉ်သစ်ပြေးဆွဲခြင်းအပြင် နဂိုပြေးဆွဲနေတဲ့ ရန်ကုန်-နေပြည်တော် ပျံသန်းခြင်းကိုလည်း ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား
ကွမ်းယာ စားသုံးခြင်းသည် မိသားစု စီးပွားရေးနှင့် ကျန်းမားရေးကို ထိခိုက်စေရုံသာမက လူ၏ဥပဓိရုပ်နှင့် နိုင်ငံ၏ပုံရိပ် ညှိုးမှိန်စေသော လုပ်ရပ်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အမျိုးသမီးအခွင့်အရေး WLB ဆက်လက်ကြိုးပမ်းမည်
![]() |
| ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ |
ကုလရာသီဥတု ပြောင်းလဲမှုအဖွဲ့ အကြီးအကဲ ရာထူးနှုတ်ထွက်
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Rajendra Pachauri ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု

ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေအပေါ် လေးပွင့်ဆိုင်ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ NNERနှင့် ကျောင်းသားကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးတွင် ဖေဖော်ဝါရီလ ၁၁ရက်၊ မနက်ပိုင်းက ကျင်းပနေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်များသည် ကွန်ဒိုတိုက်ခန်း များနှင့် ကားများကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေ သည့်သတင်းများသည် အခြေအမြစ်မရှိဘဲ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလား သူများ၏ လက်ချက်သာဖြစ်သည်ဟု ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကိုပြောသည်။
သပိတ်မှောက် ကျောင်းသားများ ရန်ကုန်ဝင်မည် ဟု ကြေညာ၊ သပိတ်ဖြိုခွင်းရန် ပြည်သူများ တောင်းဆို
အမျိုးသားလွှတ်တော်က ကြားနာမှုအစီအစဉ် ကြေညာခဲ့ပြီးနောက် လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားထားသော သပိတ်မှောက် ကျောင်းသားများက ရန်ကုန်မြို့သို့ ချီတက် ၀င်ရောက်မည် ဟု ကြေညာခဲ့ပြီး ထိုသို့ ၀င်ရောက်လာလျှင် အင်အားသုံး ဖြိုခွင်းပေးရန် ပြည်သူများက တောင်းဆိုနေကြောင်း သတင်း ရရှိသည်။ လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားနေသော ဗကသ ခေါင်းဆောင် အောင်မှိုင်းဆန်းက ”ကျွန်တော်တို့ ဒီလ ၂၈ ရက်နေ့အပြီး ဥပဒေပြင်ပေးဖို့ ရာဇသံ ပေးထားတယ်။ ဒီရာဇသံကို မနာခံဘဲ အာခံတဲ့သဘောနဲ့ လွှတ်တော်က ကြားနာပွဲ အစီအစဉ်တွေ ထုတ်လာတယ်။
Tuesday, 24 February 2015
ယခုဘဏ္ဍာနှစ် ကျောက်စိမ်းတင်ပို့မှု ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ် လာ ၁၆၈သန်းကျော် လျော့ကျ

ပြည်ပနိုင်ငံများသို့ ယခုဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းတင်ပို့မှုမှ ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁၆၈ သန်း ကျော် လျော့ ကျသွားကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မန္တလေးရွှေနန်းတော်ကျောင်း ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းမှု လုပ်ငန်းများ ယခုလကုန်ပိုင်းတွင် စတင်ဆောင်ရွက်တော့မည်

ပြည်တွင်း ပြည်ပခရီးသွားများ အမြဲမပြတ် လာရောက်လေ့လာရာ နေရာဖြစ်သည့် မန္တလေးရွှေနန်းတော် ကျောင်း ရေရှည် တည်တံ့စေရေးအတွက် ပြုပြင်ထိန်း သိမ်းမှုလုပ်ငန်းများကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း World Monuments Fund အဖွဲ့အစည်းမှ သိရသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပါ ပြစ်မှုများကို ရဲအရေးပိုင်ပြစ်မှုများဟု ကော်မတီဖြည့်စွက်
မြန်မာဗုဒ္ဒဘာသာဝင် မိန်းမများအထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဥပဒေပါပြစ်မှုများကို ရဲအရေး ပိုင်ပြစ်မှုများအဖြစ် မှတ်ယူရမည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဖြည်စွက်လိုက်သည်။
ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
ထိုင်းနိုင်ငံ၊ ကော့စမွီကျွန်းတွင် အသက်(၁၈)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရကြောင်း သတင်းရရှိသည်။
ကင်ဆာရောဂါသည် ဘဝမှသည် ကာယဗလမောင် ဘဝသို့

ပုံမှာ မြင်တွေ့နေရတဲ့ လူငယ်ဟာ Zach Zeiler လို့ အမည်ရပြီး အမေရိကန်နိုင်ငံမှ မစ်ချီဂန်ပြည်နယ်က မြို့တစ်ခုမှာနေထိုင်ပါတယ်။ အသက် ၁၅ နှစ်သား ဘဝတုန်းက ကင်ဆာရောဂါရဲ့ ဆိုးရွားမှုကြောင့် ဆေးရုံ တက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါဟာ အသက် အန္တရာယ်ပေးတဲ့အထိ ဆိုးရွားခဲ့ပြီး ယနေ့မှာသူ ကာယဗလမောင် ဖြစ်လာတယ် ဆိုတာ သူကိုယ်တိုင်တောင် ထင်မှတ်ထားတဲ့ အရာ မဟုတ်ပါဘူး။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၈ ဦးကို ဖမ်းဆီး
ထိုင်းနိုင်ငံနယ်စပ်မှ ဘန်ကောက်သို့ပွဲစားဖြင့် အလုပ်သွားရောက်လုပ်ကိုင် မည့်မြန်မာရွှေ့ပြောင်း အလုပ် သမား ၆၈ဦးကို ထိုင်းနိုင်ငံသားယာဉ်မောင်း နှစ်ဦးနှင့်အတူ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ညအချိန် တက္ကစီငှားရင် သတိထား၊ တက္ကစီငှားစီးသူကို ယာဉ်မောင်းနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် လုယက်ကြသဖြင့် အသက် လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ် ဖြစ်ပွား
ညပိုင်း တက္ကစီငှားစီးသူကို ယာဉ်မောင်း နှင့် အပေါင်းအပါများက ဝိုင်းဝန်း လုယက်ကြသဖြင့် အသက်လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၂နာရီ ခန့်တွင် ဖြစ် ပွားခဲ့ကြောင်းသိရသည်။
တန်တစ်ရာကျော်လေးသည့် ပစ္စည်းများသယ်ရန်ရှိသဖြင့် အမြန်လမ်းရှိ တံတားများကို ဒေါက်တိုင်များဖြည့်သွင်း

အစိုးရက တန်တစ်ရာအလေးချိန်ရှိ ပစ္စည်းများသယ်ဆောင်မည်ဖြစ်သောကြောင့် ရန်ကုန်-မန္တလေး အမြန် လမ်းရှိ တံတားများ ကွေးညွတ်မသွားစေရန် ဒေါက်တိုင်များ ထောက်ပေးနေကြောင်း အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့က ဖေဖော်ဝါ ရီ တတိယပတ်တွင် ကြေညာထားသည်။
ပြည်ပချေးငွေကြောင့် မြန်မာ့အကြွေး ၀န်ထုတ်ဝန်ပိုး ပိုများလာ

နိုင်ငံတကာအကူအညီတွေနဲ့ ချေးငွေတွေကို သုံးစွဲရာမှာ လေလွင့်မှုတွေရှိနေသလို ပြည်ပချေးငွေတွေ ရယူ တာဟာ နိုင်ငံမှာ အကြွေးဝန်ထုတ်ဝန်ပိုးများလာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
လောက်ကိုင်ဒေသခံ ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲကို ရောက်ရှိရာဒေသတွင် ဖြေဆိုနိုင်မည်
လောက်ကိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုရန် စာရင်းသွင်းထားသော ကျောင်းသား ၁၁၆ ဦး အနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ စာစစ်ဌာနများ၌ ၀င်ရောက်ဖြေဆိုနိုင်ကြောင်း ပညာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်းများ တပ်မတော် သိမ်းပိုက် --- ဖေဖော်ဝါရီ ၂၃ ရက်တိုက်ပွဲများတွင် တပ်မတော်မှ သုံးဦးကျ၊ ခုနစ်ဦး ဒဏ်ရာရ၊ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့မှ ခြောက်ဦးသေ

ကိုးကန့်ဒေသတွင် လုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေး တာဝန်ထမ်းဆောင် နေသော တပ်မတော်သား အချို့ ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အောင်သစ်လွင်)
လောက်ကိုင်−ကုန်း ကြမ်းကားလမ်းပေါ်ရှိ ၁၈ မိုင် လမ်းဆုံအနီးတစ်ဝိုက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ ခြေကုပ်ယူထားသော စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းများကို တပ်မတော်က သိမ်းပိုက် နိုင်ပြီး နောက်တစ်နေ့တွင် အခြားနေရာ၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားရာ နှစ်ဖက်ကျဆုံး မှုများရှိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
Subscribe to:
Posts (Atom)




