Wednesday 25 February 2015
ရေခဲမုန့်ကို ဆေးခြောက်နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲ ၊ ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့
ရေခဲမုန့် ကို ဆေးခြောက် နဲ့ တွဲဖက်ပြုလုပ်ပြီး စားသုံးခဲ့ကြတဲ့ စုံတွဲဟာ မထင်မှတ်ထားတာတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အကြောင်းကြားပြီး အဖမ်းခံခဲ့ပါတယ်။
Iceland နိုင်ငံ Brodarbyggo မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ စုံတွဲဟာ သူတို့ ရဲ့ စနေ ၊ တနင်္ဂနွေ အားလပ်ရက်မှာ ထူးထူးခြားခြား စီစဉ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမျိုးသားဟာ ရေခဲမုန့်ကို ဆေးခြောက်နဲ့ ဘယ်လို ပေါင်းစပ်ပြုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အင်တာနက်ကတစ်ဆင့် ဒေါင်းလုတ် ပြုလုပ်ပြီး အဲ့ဒီရေခဲမုန့်ကို ဖန်တီးခဲ့ကြပါတယ်။
ထို ဆေးခြောက် ရေခဲမုန့်ကို စားသုံးပြီးတဲ့ အခါမှာ အမျိုးသားဖြစ်သူက ကိုယ်လုံးတီးနဲ့ ကကာ လမ်းပေါ်ပြေးထွက်ပြီး အမြင်အာရုံ အကြားအာရုံတို့ မှားယွင်းခဲ့ရတယ်လို့ သိရပါတယ်။ အမျိုးသမီး ဖြစ်သူကတော့ အဖျားတက်လာကာ သူတို့ရဲ့ စိတ်ကျန်းမာရေးတွေကို စိုးရိမ်လာရတဲ့အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အရေးပေါ် ဆေးအဖွဲ့ကို အကူအညီ တောင်းခံခဲ့ပါတယ်။
ရဲတပ်ဖွဲ့ ရောက်ရှိလာပြီးနောက်မှာတော့ သူတို့စုံတွဲကို ဆေးကုသမှု ခံယူစေပြီးတဲ့နောက် ဖမ်းဆီးမှု မပြုလုပ်ပဲ သူတို့ ၂ ယောက်ရဲ့ မိဘတွေရှိရာသို့ ပြန်အပ်ခဲ့တယ်လို့ သိရပါတယ်။ ထို ဆေးခြောက်ရေခဲမုန့် လက်ကျန်တွေကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။
Ref:mirror.co.uk
Subscribe to:
Post Comments (Atom)
No comments:
Post a Comment