Sunday, 14 December 2014

ဗန်းပြဆွေးနွေးပွဲမျိုး မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဗန်းပြဆွေးနွေးပွဲမျိုး မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနှင့် ဗန်းပြဆွေးနွေးပွဲမျိုးကို မလိုလားသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တကယ်အရေးကြီးတာက စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျွန်မတို့ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတွင် လူများစွာ ပါဝင်ပါက သဘောထားကွဲလွဲမှု ပိုမိုများပြားနိုင်ပြီး ကနဦး ဆွေးနွေးပွဲများတွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်ခြင်း မရှိပါက နောက်လာမည့် ဆွေးနွေးပွဲများတွင် အောင်မြင်မှု ရရှိရန် မလွယ်ကူကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

သူမအပါအဝင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုခြင်းသည် အခြားသူများကို ကန့်သတ်ချန်လှပ်လိုခြင်း မဟုတ်ဘဲ ကနဦးတွေ့ဆုံစဉ်တွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ပြောဆိုဆွေးနွေးနိုင်ရန်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“အစမှာက ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်ရင် နောင်ဆက်ပြီးတော့ ဆွေးနွေးဖို့ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆက်ပြီး ပါဝင်တဲ့လူ များရင် သဘောထားတွေ သိပ်ပြီးများလို့ ရှိရင် ကွဲလွဲမှုတွေ များလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ ဆိုတာက ခက်ခဲတတ်ပါတယ်။ လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးသည် သူမ တောင်းဆိုထားသည့် လေးပွင့်ဆိုင်နှင့် သဘောချင်း မကွာသည့်အတွက် ထောက်ခံကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ အစည်းအဝေး တက်ရောက်ခွင့်ရှိသူ တစ်ရာကျော် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါတီနှင့် ပတ်သက်သည့် အစီရင်ခံစာများကို တင်သွင်းဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဒေါက်တာလှိုင်မြင့်ဟန်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနှင့် ဗန်းပြဆွေးနွေးပွဲမျိုးကို မလိုလားသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တကယ်အရေးကြီးတာက စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျွန်မတို့ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော

အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။

အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။

‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။

အေးချမ်းသာယာ တိုးတက်သည့် နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသားများသာမက လူနည်းစုတိုင်းရင်းသားများကလည်း စဉ်းစားရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အေးချမ်းသာယာ တိုးတက်သည့်နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသား များသာမက လူနည်းစုတိုင်းရင်းသား များကလည်း စဉ်းစားရလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေး၌ ပြောကြားသည်။

တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်

Photo: တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်
Sunday, December 14, 2014

တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။
တစ်ဦးချင်း ကားသွင်းကုန် ပါမစ်များနှင့်ပတ်သက်၍ ကား များ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ ပါမစ်လျှောက်ထားခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ခွင့်မပြု တော့ကြောင်း စီး/ကူးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ တစ်ဦးချင်း ကား တင်သွင်းခွင့် ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းရောက်ရှိပြီးမှသာ လိုင် စင်လျှောက်ထားခြင်း ခွင့်ပြုခဲ့ သည်။အထက်ပါ သတ်မှတ်ချက် ကြောင့် သတင်းကြိုသိသူများက အရောင်းအ၀ယ်ပိုမိုပြုလုပ်လာကာ ကားပါမစ်ဈေးတက်နေသည်။ လာမည့်နှစ် ကားဈေးပါအနည်းငယ်တက်နိုင်ကြောင်း ကားပွဲစားအချို့ကပြောသည်။

‘‘ဒီလိုစည်းကမ်းထွက်မယ့် လို့ အပြင်မှာ သတင်းတွေထွက် နေကတည်းက ပါမစ်ဈေးက နှစ် ဆနီးပါးခုန်တက်နေတာ။ ဒီအ တိုင်းဆို ပါမစ်ဈေးက ဆက်တက်မယ့် အလားအလာရှိတယ်’’ ဟု ကားဝယ်ရောင်းကိုမင်းဦးကမှတ်ချက်ပြုသည်။

 လက်ရှိ  ထုတ်ပြန်ချက် ကြောင့် သတိထား လုပ်ကိုင်ရ တော့မည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

‘‘လိုင်စင်မရှိဘဲ တင်သွင်း ခွင့်ကို မရှိတာ။ ဒါပေမဲ့တင်သွင်း လွယ်ကူအောင်ဖြေလျှော့ပေး ထားတာရှိတယ်။ ဒါကလိုင်စင်မဲ့ ကားတွေကို ဖြစ်ပေါ်စေတယ်။ လိုင်စင်မလျှောက်ဘဲ ဒီကလျှောက် တာရှိလာတော့ အခုလိုလုပ်တာ ပါ။ ဒါက ကားတင်သွင်းတာကို အခက်အခဲမရှိပါဘူး။ အမှန်က ဒါဖြစ်သင့်တယ်’’ ဟု Capital Automotive လီမိတက်၏ မန်နေး ဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းက သုံး သပ်သည်။ ထိုသို့သတ်မှတ်ခြင်း ကို ကားအရောင်းစင်တာများက ကြိုက်နှစ်သက်ပြီး ပြင်ပတွင်ကား ရောင်းဝယ်သူများက မကြိုက် နှစ်သက်ပေ။

ယခုထုတ်ပြန်ချက်မှာ ကား အရောင်းစင်တာများအတွက် အခက်တွေ့မည်မဟုတ်သော်လည်း တစ်နိုင်တစ်ပိုင် ကားတင်သွင်းသူများအတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကား တင်သွင်းသူများနှင့် ကားအရောင်းစင်တာများအကြား မျှတမှု ရှိစေရန် ကားအရောင်းစင်တာများ၏ စည်းကမ်းချက်ကိုလည်း တင်းကျပ်သင့်ကြောင်း တစ်ဦးချင်းကားတင်သွင်းသူများကဆိုသည်။

တစ်ဦးချင်းမော်တော်ယာဉ် သွင်းကုန်ပါမစ်ကို အနည်းငယ် ကန့်သတ်လိုက်ခြင်းမှာ ကားများ တင်သွင်းရာတွင် သွင်းကုန်ပါမစ် မရမီတင်သွင်းခြင်း၊ ပါမစ်ရရှိပြီး မှ တင်သွင်းသော်လည်း ဆိပ် ကမ်းရောက်ရှိပြီး အချိန်မီမထုတ် ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး နောက် ပါမစ်ပြင်ဆင်လျှောက် ထားခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး သော်လည်း အချိန်ကြာမြင့်စွာ ထားရှိပြီး ဆိပ်ကမ်းတွင် မော် တော်ယာဉ်များ စုပုံနေခြင်းများ ကြောင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦး ကားတင်သွင်းခွင့်ပြုသည့် သွင်း ကုန်ပါမစ်ကို သုံးလခွင့်ပြုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘဲ ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များအတွက် ပြုပြင်ပြီး အဆင့်အချက် ခြောက်ချက်ပါအတိုင်း တင်သွင်းပါမည်ဟူသော ၀န်ခံကတိတင်ပြလျှောက်ထားရမည့် အချက်များကိုလည်း ထည့် သွင်းထားသည်။ သို့သော်အထက်ပါအချက် နှစ်ချက်မှာ ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။

7Day DAILY 

သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။

ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့ ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်စတင်

လူစုလူဝေးနှင့် ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ဝင်များထိန်းသိမ်းရာ၌ ဆန္ဒပြပြည်သူများ၏ လိုလားချက်နှင့် သတင်း စကားများအား သက်ဆိုင်ရာတာဝန်ရှိသူများ ထံ တင်ပြပေးမည့် ပြည်သူနှင့် ရဲတပ်ဖွဲ့ဝင်ကြား ညှိနှိုင်းဆွေးနွေးရေး အစီအစဉ်တစ်ရပ်ကို စတင်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စီစဉ်နေကြောင်း သတင်း ရရှိ သည်။

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော

Photo: အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော
Sunday, December 14, 2014

အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။

အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။

‘‘လုပ်နေပါတယ်။ ပြောနေရုံ နဲ့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်နိုင်ဘူး’’ ဟု သူရဦးရွှေမန်းကပြောသည်။

အစိုးရအနေဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ် ကိုင်မှသာ တိုင်းပြည်အမှန်တ ကယ်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တာဝန် မခံရဲ၊ တာဝန်မယူရဲလျှင် ဒီနေရာ တွင်မလုပ်ဘဲ သွားလျှင်လည်း တာ ၀န်ယူပြီး ထွက်သွားသင့်ကြောင်း ၎င်းကပြောသည်။

အနည်းဆုံးလုပ်ခလစာနှုန်း ထားများသတ်မှတ်ရာတွင် အာရှ တိုက်ရှိ တိုင်းပြည်အချို့တွင် ရှစ် နှစ်အထိ ကြာမြင့်မှုများရှိပြီး လက်ရှိထိုင်းနိုင်ငံတွင်လည်း အနည်း ဆုံးလစာဘတ်သုံးရာသတ်မှတ် မှုသည် လူတိုင်းမရရှိကြောင်း အလုပ်သားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမသတ်မှတ်နိုင်သဖြင့် နိုင်ငံခြားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်မှုလည်း အား နည်းနေပြီး တိကျသော နှုန်းထား မရှိခြင်းကို လုပ်ငန်းရှင်များက ထောက်ပြနေကြသည်။

‘‘အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်လို့ ဆန္ဒပြပွဲတွေ က ဆက်တိုက်ဖြစ်ပွားနေတယ်’’ ဟု စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦး အောင်စိုးမင်းကပြောသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် စစ် တမ်းကောက်ယူရာတွင် ၀န်ကြီး ဌာနတစ်ခုသာမက အလုပ်သမား၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင် ကောက်ခံမည်ဖြစ်ပြီး သတ်မှတ် မည့်နှုန်းထားမှာလည်း အလုပ် ရှင်၊ အလုပ်သမားလက်ခံနိုင် သော နှုန်းထားဖြစ်ရန် လိုအပ် သည်ဟုဆိုသည်။

လက်ရှိပြည်တွင်း၌ မြန်မာ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် နှစ်မျိုးစလုံးရှိနေသဖြင့် အားလုံး နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု အလုပ်သမားညွှန်ကြားမှု ဦး စီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦး စီးမှူး ဒေါ်မို့မို့လွင်ကပြောသည်။

7Day DAILY 

သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
သူရဦးရွှေမန်း စကားပြောကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း) 
အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံး လုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။

ချမ်းသာကြွယ်ဝသူများ ကျန်းမာရေး အခြေအနေ ပိုမိုညံ့ဖျင်း

အ၀လွန်ခြင်းနှင့် ဆီးချိုရောဂါဖြစ်ပွားမှုတွင် သင်၏ပတ်ဝန်းကျင်အခြေအနေက အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပုံပေါ်သည်။

မူးယစ်ဆေးဝါးပပျောက်ရေးဥပဒေပြင်ဆင်ပေးရန် အပါအဝင် အချက်ခြောက်ချက်တောင်းဆိုမည်

လူငယ်များကြား မူးယစ်းဆေးဝါးသုံးစွဲမှု ပပျောက်ရေး ဥပဒေပြင်ဆင် ထိန်းချုပ်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို  ပြည်ထောင်စု အစိုးရထံသို့ တောင်းဆိုသွားမည်ဟု ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပသော လူထုဖိုရန်၏ ဆွေးနွေးချက်တွင် ပါဝင်သည်။

လက်ပန်းတောင်းမှာ ရဲပစ်ခတ် ၂ ဦးဒဏ်ရာရ

Photo: လက်ပန်းတောင်းမှာ ရဲပစ်ခတ် ၂ ဦးဒဏ်ရာရ
Sunday, December 14, 2014

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ တည်ဆောက်နေတဲ့ ကြေးနီစီမံကိန်းကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေနဲ့ ရာချီရှိတဲ့ရဲအင်အားတွေကြား အခြေအနေ တင်းမာနေပြီး သေနတ်နဲ့ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ရာမှာ ရွာသားနှစ်ဦး သေနတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ ဒေသခံတွေရဲ့ မြေယာတွေကို တန်ရာတန်ကြေး နစ်နာကြေးမပေးသလို လယ်မြေဧက ထောင်နဲ့ချီသိမ်းယူ၊ ရွာတွေကို ဖယ်ရှားပြီး သာသနိက အဆောက်အဦးတွေကို ဖြိုဖျက်နေတဲ့ စီမံကိန်းဖြစ်တဲ့အတွက်ဆိုပြီး နှစ်နှစ်ကျော် ကြာတဲ့အထိ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်နေရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ လိပ်ခွံတောင်ဘေးက ဒေသခံပိုင်မြေတွေကို စီမံကိန်းအတွက် ခြံစည်းရိုးခတ်ခဲ့တာကြောင့် အခြေအနေတင်းမာလာပြီး ပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် ရွာသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုဇော်ထွန်းနဲ့ ကိုပေါဌေး။ ကိုဇော်ထွန်းကတော့ ညာဘက်လက်မောင်းထိတယ်။ ကိုပေါဌေးကတော့ ပေါင်ထိတယ်။ လက်ရှိအနေအထားကတော့ သေနတ်နဲ့ထိထားတဲ့သူတွေလည်း လာပြီးတော့ ပြေလည်အောင်ပေါ့ဗျာ- ဖြေရှင်းသွားစေဖို့၊ ဘယ်သူ့ပစ်မိန့်ရလို့ ပစ်တာလဲ၊ အဲဒီဟာကို ထပ်ပြီးတော့မှ တောင်းဆိုတယ်၊ တောင်းဆိုတော့မှ ခရိုင်ရဲမှူး လာပြီးတော့မှ ဖြေရှင်းပေးပါမယ်လို့တော့ ပြောတာပဲ။ အခုထိတော့ မလာသေးဘူး၊ ဒေသခံတွေ လိပ်ခွံတောင်မှာ စောင့်နေတယ်။ သူတို့က လိပ်ခွံတောင်ပေါ်တက်ပြီးတော့မှ - မိန်းမတွေ-တွေကတော့ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးပေါ့ဗျာ။ ဒါကို ထပ်ပြီးတော့ ဆောင်ရွက်တယ်ပေါ့ဗျာ။ လိပ်ခွံတောင်ပေါ်တက်ကုန်ပြီခင်ဗျ။ ကင်းတဲပေါ်အထိတော့ မိန်းမတွေ တွေ တက်တယ်။ လောလောဆယ်တော့ လာပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိသေးဘူး။ တွေ့တော့ တွေ့နေတာပဲ။ … ကျနော်တို့နဲ့ကွယ်ပြီး နေရာယူထားတာတွေတော့ ရှိတယ်၊ လောလောဆယ်တော့ လာပြီးတော့ ဆောင်ရွက်ပေးမှု မရှိသေးဘူး။ဒဏ်ရာရတဲ့သူတွေကတော့ ကျနော်တို့ ရွာပြန်ပို့ထားတယ်ခင်ဗျ။ ဆေးကုသမှုကတော့ မလုပ်ရသေးဘူး၊ လူတွေကလည်း အကုန်လုံး ဒီရောက်နေကြတာဆိုတော့။”

သေနတ်နဲ့ပတ်ခတ်တဲ့အထိ ဖြစ်ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီ စီမံကိန်းကို အစိုးရနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်၊ တရုပ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က စီမံကိန်းကို အကောင်အထည် ဖော်နေတာပါ။ ဒေသခံတွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မြေနေရာတွေ ဖြစ်နေတာကြောင့် စီမံကိန်းကို ဖျက်သိမ်းဖို့ ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက်နေကြပါတယ်။ ကန့်ကွက်မှုတိုင်းမှာ ရဲအင်အားတွေနဲ့သာ ထိပ်တိုက် ဖြေရှင်းနေတဲ့အတွက် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေက ပြေလည်အောင် ညှိနှိုင်းလို့ ရတဲ့အခြေအနေ မဖြစ်ခဲ့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ဧက ၂၀၀ ကျော်၊ ၃၉ ဦး ခတ်ထားတာရှိတယ်ခင်ဗျ။ အဲဒီ ကိစ္စတွေ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်မပေးသေးဘဲနဲ့ ထပ်ပြီး တိုးချဲ့ပြီး သူတို့ ခတ်ဖို့လုပ်တာ။ လိပ်ခွံတောင်ခြေဘေးပါ။ ရဲအင်အား ၃၀၀ ကျော်လောက်ရှိတယ်ခင်ဗျ။ သူတို့ကားတွေနဲ့လာတယ်။ လမ်းလျှောက်လာတဲ့အဖွဲ့တွေလည်း လာတယ်။ ကျနော်တို့ကတော့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအရ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် ကျနော်တို့က တောင်းဆိုတယ်။ တောင်းဆိုတဲ့ဟာကို ဖြေရှင်းဆောင်ရွက်မပေးဘဲနဲ့ ဒေသခံတွေကို ဘတ်ဂွနဲ့ စပစ်တယ်၊ အဲဒီကမှ စပြီး ဒေသခံတွေကလည်း စပြီး ပြန်ပစ်တယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ဘတ်ဂွနဲ့ပစ်တာပါ။ သူတို့ဘက်က ဘတ်ဂွနဲ့လည်းပစ်တယ်၊ သေနတ်နဲ့လည်းပစ်တယ်။ ကျနော်တို့ဘက်က ဘတ်ဂွနဲ့ပြန်ပစ်တယ်။”

ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်မှု မရှိဘူးလို့လည်း ကော်မရှင် အဖွဲ့ဝင်တွေဘက်က ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီလို လိုက်နာမှု မရှိတာတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်တာမျိုးတွေ၊ ဖိအားပေး ပြောဆို တာမျိုးတွေ၊ ဒေသခံတွေနဲ့ နားလည်မှုရတဲ့အထိ ဖြေရှင်းတာမျိုးတွေကတော့ မရှိသလောက် အားနည်းခဲ့ပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း စီမံကိန်းကို ပုံမှန် ဆက်လက် အကောင်အထည်ဖော်နေပြီး ဒေသခံ နစ်နာသူတွေဘက်က တိတိကျကျ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတွေကိုလည်း မတွေ့ရပါဘူး။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကော်မတီနဲ့ ကော်မရှင်ကြားမှာလည်း ဒေသခံတွေရဲ့ ပြဿနာကိုဖြေရှင်းမယ့် နည်းလမ်းရှာတာမျိုးတွေလည်း အားနည်းနေတဲ့အကြောင်း ဒေသခံတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ဒီစီမံကိန်းဖျက်သိမ်းရေး ကန့်ကွက်ခဲ့တဲ့အတွက်လည်း ကန့်ကွက်သပိတ်မှောက် သံဃာတော်တော်တွေကို အစိုးရက မီးလောင်ဗုံးနဲ့ ဖြိုခွဲခဲ့သလို ဒီလို အကြမ်းဖက်မှုတွေ ဆောင်ရွက်မှုနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်တာမျိုးတွေ မရှိတဲ့အတွက် ဒေသခံနဲ့ အာဏာပိုင်တွေကြား မကြာခန ပစ်ခတ်မှုတွေနဲ့ တင်းမာမှုတွေလည်း ဆက်ဖြစ်နေပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ကြေးနီစီမံကိန်းမြေနေရာတင်းမာမှုအခြေအနေ (ဒီဇင်ဘာ ၁၃၊ ၂၀၁၄)
စစ်ကိုင်းတိုင်း၊ ယင်းမာပင် ကြေးနီစီမံကိန်းမြေနေရာတင်းမာမှုအခြေအနေ (ဒီဇင်ဘာ ၁၃၊ ၂၀၁၄)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ တည်ဆောက်နေတဲ့ ကြေးနီစီမံကိန်းကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေနဲ့ ရာချီရှိတဲ့ရဲအင်အားတွေကြား အခြေအနေ တင်းမာနေပြီး သေနတ်နဲ့ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ရာမှာ ရွာသားနှစ်ဦး သေနတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အင်ဒိုနီးရှားမြေပြို လူရာကျော်ပျောက်ဆုံး

Photo: အင်ဒိုနီးရှားမြေပြို လူရာကျော်ပျောက်ဆုံး
Sunday, December 14, 2014

အင်ဒိုးနီးရှားနိုင်ငံက မြေပြိုမှုမှာ သေဆုံးခဲ့တဲ့လူအရေအတွက်ဟာ ပိုပြီးတော့ တိုးများလာနေပါတယ်။ အင်ဒိုးနီးရှားနိုင်ငံရဲ့ အဓိက ကျွန်းကြီးဖြစ်တဲ့ Java ကျွန်းမှာ ဖြစ်ပွားတဲ့ မြေပြိုမှုအတွင်း အနည်းဆုံးလူ ၁၈ ဦး သေဆုံးပြီး လူပေါင်း ၉၀ ကျော် ပျောက်ဆုံးနေတယ်လို့ အေပီ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာ ဖြစ်ပွားတဲ့ မြေပြိုမှုဟာ Java ခရိုင်အလယ်ပိုင်း Jemblung ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ပြိုကျလာတဲ့ ရွှံ့မြေတွေဟာ အိမ်ပေါင်း ၁၀၀ ကျော်ကို တိုက်စားသွားခဲ့ပါတယ်။

အမျိုးသား ဘေးဒုက္ခအန္တရာယ်ကူညီစောင့်ရှောက်ရေး အေဂျင်စီရဲ့အဆိုအရ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဟာ ဂေါ်ပြားတွေ၊ တူရွင်းတွေနဲ့ လက်ကို အသုံးပြုပြီး ပျောက်ဆုံးနေတဲ့ လူပေါင်းတရာကျော်ကို ရှာဖွေဖို့ ကြိုးပမ်းနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီ စတင်နေပြီဖြစ်ပြီး တောင်ကျရေတွေကြောင့် ရေကြီး၊ မြေပြိုတာတွေ အမြဲဖြစ်လေ့ ဖြစ်ထရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
အင်ဒိုးနီးရှားနိုင်ငံက မြေပြိုမှုမှာ သေဆုံးခဲ့တဲ့လူအရေအတွက်ဟာ ပိုပြီးတော့ တိုးများလာနေပါတယ်။ အင်ဒိုးနီးရှားနိုင်ငံရဲ့ အဓိက ကျွန်းကြီးဖြစ်တဲ့ Java ကျွန်းမှာ ဖြစ်ပွားတဲ့ မြေပြိုမှုအတွင်း အနည်းဆုံးလူ ၁၈ ဦး သေဆုံးပြီး လူပေါင်း ၉၀ ကျော် ပျောက်ဆုံးနေတယ်လို့ အေပီ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

Saturday, 13 December 2014

လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ

Photo: လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ
Saturday, December 13, 2014

လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

လယ်ယာမြေလျော်ကြေး မယူထားတဲ့ လိပ်ခွံတောင်ကျေးရွာ အရှေ့ဘက် ခြံစည်းရိုးကာရံမယ့် နေရာသို့ ဒေသခံတွေက ဒီနေ့နံနက် ရှစ်နာရီဝန်းကျင်မှာ သွားရောက် တားဆီးရာကနေ ရဲတပ်ဖွဲ့နဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

အပြန်အလှန် လောက်လေးခွတွေနဲ့ ပစ်ခတ်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံတစ်ဦးက ပြောပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အရှေ့ရွာနဲ့ ဆည်တည်းကျေး ရွာတွေက ဒေသခံတစ်ရာကျော် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား၂၀၀ ကနေ ၃၀၀ ကြားမှာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖွဲ့တွေ ပြန်မရောက်သေးတာကြောင့် ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ဒီနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်မှာ The Voice သို့ ပြောဆိုပါတယ်။

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ မိုးကြိုးပြင် အရှေ့ရွာက ဦးဇော်ထွန်းမှာ လက်မောင်းကို သေနတ်ထိမှန်ခဲ့တာ ဖြစ်ပြီး ဦးပေါဌေးဆိုသူမှာတော့ ပေါင်မှာ ဒဏ်ရာရရှိခဲ့တာလို့ မိုးကြိုးပြင် အရှေ့ရွာမှ ဦးသန်းထွန်းက ပြောပါတယ်။

The Voice Weekly
လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက နေ သိရှိရပါတယ်။

ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ

Photo: ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ
Saturday, December 13, 2014

ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက်ရကြောင်း သတင်းရရှိသည်။
 
အိမ်ရှေ့မင်းသား မဟာဗာဂျာရာလွန်ကွန်၏ ကြင်ရာတော် ဆရီရက်စ်မီ မင်းသမီးသည် သူမ၏ တော်ဝင် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့သည်။
 
ထိုင်းနိုင်ငံ၏ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ် ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် တော်ဝင်မိသားစု၌ ယခုကဲ့သို့ အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
 
ဘုရင်မင်းမြတ် ဘူမိဘောက မင်းသမီး ဆရီရက်စ်မီ အနေဖြင့် သူမ၏ တော်ဝင် အဆောင်အယောင်များကို စွန့်လွှတ်ရန် ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြောင်း နန်းတော်က တိုတိုတောင်းတောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ အခြေအနေက အိမ်ရှေ့မင်းသား အနေဖြင့် ကြင်ရာတော်ကို ကွာရှင်းရန် စီစဉ်နေကြောင်း ကောလာဟလများကို ပိုမိုခိုင်မာလာစေသည်။ မင်းသမီး ဆရီရက်စ်မီ၏ ဆွေမျိုးတော်စပ်သူ (၇)ဦးတို့သည် ရဲတပ်ဖွဲ့အတွင်း ခြစားနေမှုများနှင့် ပတ်သက်သည့် အမှုတစ်ခုတွင် ပါဝင်ဆက်နွှယ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် တော်ဝင် မိသားစုအတွက် သိက္ခာကျစရာ ဖြစ်ခဲ့သည်။
 
အိမ်ရှေ့မင်းသားက မိမိကြင်ရာတော်၏ တော်ဝင်ဂုဏ်ပုဒ်များကို ရုပ်သိမ်းပေးပါရန် အစိုးရထံ တောင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ (၁၃)နှစ်ကြာ အိမ်ထောင်ရေးမှာ ဆုံးခန်းတိုင်ရန် အကြောင်းဖန်လာခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံတို့သည် ၂၀၀၁ ခုနှစ်က လက်ထပ် ထိမ်းမြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦး ဖွားမြင်ထားသည်။
 
_Ref: Channelnewsasia
7Day DAILY
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက် ရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်

Photo: ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်
Saturday, December 13, 2014

သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

သဘာဝဓာတ်ငွေ့ ပေါများစွာထွက်ရှိသော်လည်း  ပြည်နယ်အတွင်း နေထိုင်သူ တို့ကိုမူ အစိုးရက လျှပ်စစ်ဓာတ်အား လုံလောက်စွာ မဖြန့်ဖြူးနိုင်သေးပေ။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် အတူ မဟာဓာတ်အားလိုင်း ရောက်ရှိခြင်း ဂုဏ်ပြုပွဲကို ပူးတွဲကျင်းပမည်ဖြစ်သည်။

“ဖွံ့ဖြိုးမှုအခြေခံဖြစ်တဲ့ လျှပ်စစ်မီးရတော့ အထိမ်းအမှတ်အနေနဲ့ လုပ်တာပါ” ဟု ဆိုသည်။

မဟာဓာတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ သွယ်တန်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလကုန်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ စစ်တွေမြို့ပေါ်ဒေသအချို့ လျှပ်စစ်မီးဖြန့်ဝေပေးမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက စတင်ခဲ့ပြီး ၂၀၁၄ ဇူလိုင်လ ကစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်လျက်ရှိသည်။

ကျောက်ဖြူ ဒေသခံ ကိုထွန်းမောင်က “ကျွန်တော်တို့ ဒေသကထွက်တဲ့ ဓာတ်ငွေ့ရဲ့အကျိုးခံစားခွင့်က ဒီထက်မကပါဘူး။ ဒါပေမယ့် ဒီလောက် လျှပ်စစ်ရဖို့တောင် ဆယ်ကြိမ်ထက် မနည်းဆန္ဒပြခဲ့ရတယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့သာမက ကမ်းလွန်ရေနံလုပ်ကွက်များ ရှိသေးသော်လည်း ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ် နှောင်းပိုင်းထိ မြို့နယ်မီးလင်းရေးအဖွဲ့များ အစီအစဉ်ဖြင့် မီးစက်ကြီးများဖြင့် ဖြန့်ဝေသည့် ဓာတ်အားစနစ်ကို တစ်ယူနစ်လျင် မြန်မာ ကျပ်ငွေ ငါးရာကျပ်ဖြင့် အသုံးပြုခဲ့ရသည်။

Mizzima - News in Burmese  

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ

Photo: နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ 
Saturday, December 13, 2014

ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။

ပါ့ခ်ယီအွန်မီသည် ၂၀၀၇ ခုနှစ်တွင် မြောက်ကိုရီးယား နိုင်ငံမှ လွတ်မြောက်လာ ခဲ့ပြီး လက်ရှိတွင် တောင်ကိုရီးယား၌ နေထိုင်လျှက် ရှိသည်။

အသက် ၂၁ နှစ်သာ ရှိသေးသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပါ့ခ်ယီအွန်မီက ၎င်းအသက် ကိုးနှစ် အရွယ်တွင်  သူငယ်ချင်း တစ်ယောက်၏ မိခင် ဖြစ်သူ သည် တရားမ၀င် ဒီဗီဒီများ ကြည့်သည့် ရာဇ၀တ်မှု အတွက် လူပုံ အလယ်တွင် ကွပ်မျက် ခံရပုံကို ၎င်း၏ ရွာတစ်ရွာလုံးအား အဓမ္မ ကြည့်ခိုင်း ခဲ့ကြောင်း ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံတကာမှ ဇာတ်လမ်း၊ ရုပ်ရှင်၊ သီချင်းများကို တားမြစ်ထားခဲ့ပြီး တောင်ကိုရီးယား ဇာတ်လမ်းတွဲများလည်း အပါအ၀င် ဖြစ် သည်။

အခြား ပြည်ပြေးတစ်ဦး ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သူ ဂျိုးဇက်ကင် ကလည်း ၁၉၉၀ ပြည့်လွန် နှစ်များက နိုင်ငံအတွင်း အငတ်ဘေး ဆိုက်ချိန်တွင် ဖခင်ဖြစ်သူမှာ အငတ်ဘေးကြောင့် ပိန်ချုံးချိနဲ့စွာ သေဆုံးခဲ့ရပြီး မိသားစုဘ၀ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရခဲ့ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ လူငယ် နှစ်ဦးသည် ၀ါရှင်တန်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော လူ့အခွင့်ရေးနေ့ အထိမ်းမှတ် အခမ်းနားတွင် မြောက်ကိုရီးယား နိုင်ငံအတွင်း ညှင်းပန်း နှိပ်စက်ခံရမှုနှင့် ငတ်မွတ် ခေါင်ပါးမှု ဒုက္ခများ အတွင်း အသက်ရှင် နေထိုင်ခဲ့ရပုံ များကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပက်ခ်သည် ဟေးဆန်တွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး အစိုးရ အရာရှိတစ်ဦး၏ သမီးဖြစ်သည်။ ၎င်းတို့ မိသားစုသည် တရုတ်နိုင်ငံ အနီးတွင် နေထိုင်ရသဖြင့် အခြားသူများထက် ပြင်ပကမ္ဘာနှင့် ပိုမိုထိတွေ့ ဆက်ဆံခွင့်များကို ရရှိခဲ့သည်။ ထို့ကြောင့် ပက်ခ်သည် Titanic ကဲ့သို့သော  ဟောလီးဝုဒ် ဇာတ်ကားများ အပြင် ရုရှ၊ တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းမှ ရုပ်ရှင်ကားများကို ကြည့်ရှုခွင့် ရခဲ့ကြောင်းနှင့် ယင်းဇာတ်ကား များကြောင့် တစ်ခြား ကမ္ဘာတွင် ဖြစ်ပျက်နေပုံများကို သိရှိခဲ့ရကြောင်း၊ သူငယ်ချင်း တစ်ယောက်၏ မိခင်ဖြစ်သူသည် တားမြစ်ထားသော ဒီဗီဒီနှင့် အတူ ဖမ်းမိခဲ့ပြီး လူပုံအလယ်တွင် ကွပ်မျက်ခံခဲ့ရသည့် အချိန်က ဘ၀သည် မရေမရာ ဖြစ်ခဲ့ရကြောင်း ပါ့ခ်က ပြောကြား ခဲ့သည်။

ငတ်မွတ် ခေါင်းပါးမှု ဖြစ်ပွားခဲ့သည့် အချိန်က ဖခင် ဖြစ်သူသည် တရုတ်သို့ ကုန်စည်များ ကုန်ကူးသည့် တရားမ၀င် စီးပွားရေး လုပ်ငန်း တစ်ရပ်ကို လုပ်ကိုင် ခဲ့ခြင်းကြောင့် အသက်ရှင်ခွင့် ရခဲ့ကြောင်း ပက်ခ်က ပြောကြားသည်။ ယခုအခါ အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ပါ့ခ်က"ဈေးကွက်ဟာ အရေးပါတဲ့ အရာတစ်ခု ဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ဒါဟာ ဆိုရင် အာဏာရှင် စနစ်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပါတယ်"ဟု ၀ါရှင်တန်ရှိ သံတမန် ပရိသတ်များကို ပြောကြား ခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။

အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး

Photo: အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး
Saturday, December 13, 2014

အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။

အလုပ်သမား သမဂ္ဂအဖွဲ့များ၏ ဥပဒေတွင် ဖော်ပြထားသည့် အနည်းဆုံးလုပ်ခလစာအား မည်သည့်အချိန်တွင် ခံစားရရှိနိုင်မလဲ မေးခွန်းနှင့် ပက်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦး၏ ပြန်လည်ဖြေကြားမှုအပေါ် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ဖြည့်စွက်ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးကြီး ပြောသွားတာတွေဟာ အထက်က ပြောတာတွေကို ပြန်ပြောတာလို့ပဲယုံကြည်တယ်၊ အရင်ကဒီလိုပွဲမျိုးတွေ မရှိခဲ့သလို တင်ပြရင်လည်း နားမထောင်ခဲ့ဘူး။ အခုခေတ်ပြောင်းနေပြီ တာဝန်ရှိသူတွေရဲ့စိတ်က ခေတ်စကားအရ ခါက်ရိုးကျိုးနေတယ်။ ဒီစိတ်တွေကို ပြင်ရမယ်၊ ပြည်သူ့အသံကို နားထောင်ပြီး တင်ပြချက်တွေ ကောင်းရင် ချက်ချင်းဆောင်ရွက်ရမယ်” ဟု ဆိုသည်။

ဗဟိုအစိုးရ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအဆင့် တိုင်း၊ ခရိုင်ရုံများနှင့်သက်ဆိုင်သည့် ဆောင်ရွက်ဖွယ်ရာများအား အလျှင်အမြန် လုပ်ကိုင်နိုင်ရန် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန် လိုအပ်နေပြီဟုလည်း ယင်းက ထည့်သွင်းပြောဆိုသွားသည်။

Mizzima - News in Burmese
အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။

လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို

Photo: လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို
Saturday, December 13, 2014

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများ ဖမ်းမိထားသူ တစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏ အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ်သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။

မြို့ ဆင်ခြေဖုံး အရပ် တစ်နေရာတွင် ဒီဇင်ဘာ ၁၀ ရက်က အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် ဟိုဆေးဂရာကာ့စ်ကို ရဲများက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖမ်းခံခဲ့ရသည့် ဟိုဆေးက ၎င်းသည် အမျိုးသမီး ၃၇ ဦး၊ အမျိုးသား သုံးဦးနှင့် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး တို့ ကို သတ်ခဲ့ကြောင်း ရဲထံ ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ဟိုဆေး၏ သားကောင် ဖြစ်ခဲ့သူများကို ရဲများက ရှာဖွေလျက်ရှိပြီး လေးဦးကို အထောက်အထား တွေ့ ထားပြီ ဖြစ်ကြောင်း ပြောသည်။
       
သတ်ဖြတ်ရန် ရွေးချယ်ထားသူများ နောက်သို့ အမဲလိုက် သကဲ့သို့ လိုက်ခဲ့ကြောင်း၊ စိတ်ဓာတ် တက်ကြွမှု၊ ကြောက်ရွံ့ မှုများ ခံစားရ၍ ယင်းသို့ လူများကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဟိုဆေးက ပြောသည်။ ထို့ ပြင် ထောင်ဒဏ်ကျရာမှ ပြန်လွတ်လာ ခဲ့လျှင်လည်း ထပ်ပြီး လူသတ်ဦးမည် ဖြစ်သည်ဟု ဟိုဆေးက ရဲများကို ပြောခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် သေဒဏ်ကို အသုံးပြုနေသည့် နိုင်ငံပေါင်း ၅၆ နိုင်ငံ ရှိပြီး ယင်းနိုင်ငံများတွင် ဘရာဇီး နိုင်ငံ ပါဝင်ခြင်း မရှိသောကြောင့် ဟိုဆေး အနေဖြင့် အများဆုံး ပစ်ဒဏ်အဖြစ် ထောင်ဒဏ်သာ ချမှတ် ခံရမည် ဖြစ်သည်။ ဘရာဇီး နိုင်ငံတွင် ဟိုဆေး ကဲ့သို့ စိတ္တဇ လူသတ်သမားများ များစွာ ထွက်ပေါ် ခဲ့ဖူးပြီး ယင်းတို့ အားလုံးကို ထောင်ဒဏ်သာ ချမှတ် နိုင်ခဲ့သည်။
      
လူဖြူ အမျိုးသမီးများကို သတ်ရသည်က ပို၍ နှစ်သက်စရာ ကောင်းကြောင်း၊ လူဖြူ အမျိုးသမီးများကို လည်ပင်းညှစ်ကာ သတ်ပစ် ခဲ့ခြင်း ဖြစ်ကြောင်း ဟိုဆေးက ပြောခဲ့သည်။ "ကျွန်တော်က သတ်ဖြတ်မယ့် သူတွေကို လနဲ့ ချီပြီး စောင့်ကြည့်တယ်။ ပြီးတော့မှ အခွင့်အရေးကို ချောင်းနေပြီး သတ်ပစ်ခဲ့တာ ဖြစ်တယ်"ဟု ဟိုဆေးက ထပ်လောင်း ပြောခဲ့သည်။
       
ဟိုဆေးသည် မီဒီယာများတွင် အထူးဖော်ပြ ခံရခြင်းကို နှစ်လိုသည့် စိတ်ရောဂါတစ်ရပ် ခံစားနေရသူ ဖြစ်နိုင်ကြောင်း၊ စစ်ဆေးကြည့် သင့်ကြောင်း ပညာရှင်များက ပြောသည်။

Ref: BBC
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများဖမ်းမိထားသူတစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော် သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ် သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။

မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ

Photo: မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ
Saturday, December 13, 2014

မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က ပြောသည်။ လတ်တလောမှာ ရွေးကောက်ပွဲ  ကလည်း မကျင်းပသေးတော့ ကျယ် ကျယ် ပြန့်ပြန့်တော့ မလုပ် ဖြစ်သေးဘူး။ အခု စပြီးတော့ လုပ်ဆောင်နေ ပါပြီ။ ရွေးကောက်ပွဲ စပြီ ဆိုတာနဲ့ ဒါတွေက အဆင်သင့် ဖြစ်နေပါပြီ ဟု ဦးဝင်းကြည် က ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စမ်းသပ် လုပ်ဆောင်ရန် ရွေးချယ် ထားသည့် ဆယ်မြို့နယ်မှာ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ဒဂုံ၊ လသာ၊ ဆိပ်ကြီး ခနောင်တို၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လမ်းမတော်၊ ဒေါပုံနှင့် ကမာရွတ် မြို့နယ် ဖြစ်ပြီး အွန်လိုင်းမှ ကြည့်ရှု နိုင်မည့် စနစ်ကို ဒဂုံ ဆိပ်ကမ်း မြို့နယ်တွင် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံ မဲဆန္ဒရှင်များ စာရင်း ပြုစုခြင်းနှင့် စာရင်း များကို ကွန်ပျူတာတွင်း  ထည့်သွင်းခြင်း စနစ် တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည့် အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း အဆိုပါ စနစ်ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ လေ့လာသူများ ကိုလည်း ခေါ် ယူ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် တရား မျှတစွာ ကျင်းပခွင့် ရရှိနိုင်ရေး အတွက်  ဆောင်ရွက်နေပြီး၊  အဆိုပါ  ရွေးကောက်ပွဲ သည် ၎င်း၏ မှတ်တိုင် တစ်ခုအဖြစ် ကျန်ရှိမည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်သောကြောင့် တရား မျှတမှု ရှိစေရမည် ဖြစ်ကြောင်း ဦးတင်အေးက ပြောကြား ထားသည်။

Messenger News Journal
မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။

ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, December 13, 2014 

စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို
အလိုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပါတီ၏ ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင်
ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့သော လေးပွင့်ဆိုင် ဆွေးနွေးပွဲနှင့်
လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ
တို့ကို သူမ ထောက်ခံကြောင်း၊ သို့သော် ထိရောက်မည့် ဆွေးနွေးပွဲများကို
မဖြစ်အောင် လမ်းလွဲရန် ပြုလုပ်နေသည့် ခြေလှမ်းများကိုမူ မထောက်ခံကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မဟာ ၂၀၁၃ ခုနှစ်ကတည်းက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုပြီး
တောင်းဆိုခဲ့ပါတယ်။ ဘာကြောင့်လေးပွင့်ဆိုင်ကိုတောင်းဆိုခဲ့သလဲဆိုတော့
စတင်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့
ညှိနှိုင်းတိုင်ပင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်ကျယ် လုပ်သွားချင်တာ
ဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ မဆွေးနွေးနိုင်လို့ရှိရင်၊ နောင်ဆက်ပြီးတော့
ထိရောက်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ပါဝင်တဲ့သူတွေများလို့ရှိရင်၊ သဘောတရား
တွေများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ရှိရင်စပြီးတော့ နားလည်မှုယူဖို့က ခက်ခဲတတ်
ပါတယ်။ ဒါကြောင့် ကျွန်မတို့က လက်တွေ့ကျကျတောင်းဆိုတာဖြစ်ပါတယ်။
ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ အများမပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။
လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ ကျွန်မတို့က
လေးပွင့်ဆိုင်ကို တောင်ဆိုတာဖြစ်ပါတယ်။ လွှတ်တော်အထဲမှာ ခြောက်ပွင့်
ဆိုတဲ့သဘောနဲ့ အဆိုပြုပြီးတော့ အားလုံးက ထောက်ခံတဲ့အပေါ်မှာလည်း
ကျွန်မတို့က ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောတရားအရ
မကွာပါဘူး။ ကျွန်မတို့တောင်းဆိုတဲ့ ဘေးပွင့်ဆိုင်ဆိုတဲ့ သဘောတရားနဲ့
လွှတ်တော်အတွင်းမှာ တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင်ဆိုတဲ့ သဘောတရားများ
ဟာ တူညီမှုရှိတယ်လို့မြင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဒါကို လက်ခံပါတယ်။
ဒါပေမဲ့ ဒီလိုထိရောက်မယ့် ဆွေးနွေးပွဲတွေကို မဖြစ်အောင်လို့ အမျိုးမျိုး လမ်းလွဲဖို့
လုပ်တဲ့ခြေလှမ်းတွေကိုတော့ ကျွန်မတို့ အားမပေးပါဘူး။ မထောက်ခံပါဘူး။” ဟု
ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးအဖွင့်တွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ တွေ့ဆုံဆွေးနွေးရေးကို
မူအဖြစ်ချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးအားဖြင့် ရရှိလာသော
အမျိုးသားရင်ကြားစေ့ရေးအားဖြင့်သာ မြန်မာနိုင်ငံကို ညီညွတ်သော၊
တိုးတက်သော၊ အေးချမ်းသာယာသော နိုင်ငံဖြစ်နိုင်မည် ဆိုသည်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောက်ခဲ့သော ၁၉၈၈ ခုနှစ်
ကတည်းက ပါတီ၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်ကြောင်း ဆက်လက်
ပြောကြားသည်။

“အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ခြင်းအားဖြင့် အခွင့်အလမ်း
တွေ အခွင့်အရေးတွေရလာမယ်။ ကိုယ်ပိုင်အခွင့်အရေးတွေ ကောင်းမွန်လာမယ်
လို့ ထင်တဲ့သူတွေလည်းရှိပါတယ်။ ကျွန်မတို့အဖွဲ့ဝင်များဟာ ဒီမိုကရေစီ
အတွက်လုပ်နေတာ၊ နိုင်ငံအတွက်လုပ်နေတာ ဆိုတာ သဘောပေါက်ဖို့ပါတယ်။
တစ်ဦးချင်းတစ်ဦးချင်း ချမ်းသာဖို့အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း သြဇာရှိဖို့
အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း အာဏာရှိဖို့အတွက် လုပ်နေတာ မဟုတ်ဘူး
ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပါတီဝင်များကို ပြောကြားခဲ့သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်းမှာ အဓိကကျသော
အလုပ်မဟုတ်ကြောင်းနှင့် အဓိကျသော အလုပ်မှာ နိစ္စဓူဝ ပြည်သူများနှင့်
ထိတွေ့ပြီး ပြည်လူထု၏ စိုးရိမ်ကြောင့်ကျမှုများ၊ လိုအပ်ချက်များ၊ မျှော်မှန်းချက်
များကို သေသေချာချာ အကောင်အထည်ဖော်ပေးနိုင်မှသာလျှင် ပြည်သူနှင့်
လက်တွဲ၍ လိုချင်သော ဒီမိုကရေစီကို ထူထောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပထမအကြိမ်ဗဟိုကောင်မတီ
စတုတ္ထအစည်းအဝေးကို သဘာပတိအဖြစ် ရန်ခိုင်ပြည်နယ်မှ ဦးညီပုက
ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင်ကျင်းပမည်ဖြစ်ဖြစ်ကာ ပါတီ၏
ရေးရာကော်မတီများနှင့် တိုင်းသေကြီး၊ ပြည်နယ်များ၏ ဗဟိုကောင်မတီဝင်များက
အစီအရင်ခံစာများတင်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

သော်ဇင်စိုး
The Myanma Age
စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား


Photo: အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား
Saturday, December 13, 2014 

မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…

နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။ တချို့သော အကြောင်းကြောင်းတွေကြောင့် အသံမြည်တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ အရိုးဆစ်တွေပေါ် ပိကျလာတဲ့ ဝန်က ပြောင်းလဲသွားပါတယ်။ ဒါကြောင့် synovial fluid လို့ခေါ်တဲ့ ဒူးဆစ်တွေကို ချောမွတ်စေတဲ့ အကျိချွဲထဲ gases လေတွေ ဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးဆစ်တွေ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိသံတွေ ကြားကောင်း ကြားရနိုင်တယ်။ ဒါမှမဟုတ် အရိုးအချင်းချင်းဆက်ပေးတဲ့ တစ်ရှူးအရွတ်တွေ တင်းကျပ်လာတာလည်း ကြားရကောင်းကြားရနိုင်ပါတယ်။

နာကျင်ကိုက်ခဲလာလို့ အသံမြည်လာခြင်းဟာ အရိုးဆစ်ရောဂါ အခြေအနေ ပြတာလည်းဖြစ်နိုင်ပါတယ်။ အဲဒါဟာ အရိုးနုတွေ ယိုယွင်းလာပြီး အရိုးဆစ်တွေထဲ ပွတ်တိုက်မိကြတဲ့အချိန်မှာပေါ့။ ဒီတော့ ကုသမှုကတော့ ခန္ဓာကုထုံးနဲ့ အလေးချိန်လျော့ချတာမျိုးကို ရောလုပ်ပေးရမှာ ဖြစ်ပါတယ်။

Source: Health
Trend Myanmar
မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…
နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။

နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး 
Saturday, December 13, 2014 

 နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။

ဂျို့စ် မြို့မှာ မွတ်စလင်နှင့် ခရစ်ယာန် ဘာသာဝင်များ ရောနှောနေထိုင် ကြသော မြို့ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းတွင် ဘိုကိုဟာရမ် စစ်သွေးကြွ များသည် ထိုမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းများ နှင့် မွတ်စလင် ဗလီများကို တိုက်ခိုက် ခဲ့ကြသည်။ ယခုနှစ် အတွင်းတွင်လည်း ထိုအဖွဲ့သည် လူ ၂၀၀၀ ကျော်ကို သတ်ဖြတ် ခဲ့ပြီး ဖြစ်သည်။

တားမနက်စ် ဘတ်စ်ကားမှတ်တိုင် အနီးရှိ စီးပွားရေး အချက်အချာ ကျသော နေရာအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ယခု ဗုံးပေါက်ကွဲမှု နှင့် ပတ်သတ်၍မူ မည်သည့် အဖွဲ့ကမျှ ၄င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံခြင်း မရှိသေး သော်လည်း ဘိုကိုဟာရမ် တို့၏ လက်ချက်ဖြစ် နိုင်ကြောင်း တာဝန်ရှိသူ များက သံသယ ဖြစ်ပေါ်လျက် ရှိသည်။ ပထမ ဗုံးမှာ လဟာပြင် စားသောက်ဆိုင် တစ်ဆိုင်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ဒုတိယဗုံးမှာ ဈေးနေရာတွင် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။  

နိုင်ဂျီးရီးယား နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ကာနို မြို့တွင်လည်း အသေခံဖောက်ခွဲရေး ခါးပတ် ပတ်ထားသော အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုမြို့ရှိ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်ကလည်း ကာနိုမြို့တွင် အမျိုးသမီးနှစ်ဦး၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးခဲ့ရကာ ခုနစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ ပြီးခဲ့သည့် လကလည်း ကာနိုမြို့ရှိ အကြီးဆုံး ဗလီများထဲမှ တစ်ခု ၌ လူများဝတ်ပြု ဆုတောင်း နေချိန်တွင် ဗုံးပေါက်ကွဲမှု နှင့် သေနတ်သမား များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။  

နိုင်ဂျီးရီယား နိုင်ငံ၏ အဓိက သောင်းကျန်းသူ အဖွဲ့ဖြစ်သည့် ဘိုကိုဟာရမ် အဖွဲ့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ မြို့ရွာ အများအပြားအား သိမ်းပိုက် ထားနိုင်လျက် ရှိပြီး ၄င်းတို့ သိမ်းပိုက် ထားသော နယ်မြေများအား စုပေါင်း၍ အစ္စလာမ် ဘာသာရေး နိုင်ငံအဖြစ် ကြေညာ ထားသည်။ ထိုအဖွဲ့၏ ငါးနှစ်ကြာ သူပုန်ထမှုကြောင့် လူပေါင်း တစ်သန်းကျော် မှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး  လူထောင်ပေါင်း များစွာ သေဆုံးခဲ့ကြ ရသည်။   

Ref: BBC
Mizzima - News in Burmese
နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။