Sunday 14 December 2014

ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့ ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်စတင်

လူစုလူဝေးနှင့် ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ဝင်များထိန်းသိမ်းရာ၌ ဆန္ဒပြပြည်သူများ၏ လိုလားချက်နှင့် သတင်း စကားများအား သက်ဆိုင်ရာတာဝန်ရှိသူများ ထံ တင်ပြပေးမည့် ပြည်သူနှင့် ရဲတပ်ဖွဲ့ဝင်ကြား ညှိနှိုင်းဆွေးနွေးရေး အစီအစဉ်တစ်ရပ်ကို စတင်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စီစဉ်နေကြောင်း သတင်း ရရှိ သည်။

အစိုးရ၏ မူဝါဒ၊ စီမံကိန်း အပါအဝင် မကျေနပ်ချက်တစ်ခုခု ကို ဆန္ဒဖော်ထုတ်မည်ဆိုပါက မကျေနပ်သည့် အကြောင်းရင်း ကို ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြရန် စီစဉ်သည့် ပြည်သူများနှင့် တွေ့ ဆုံဆွေးနွေး ညှိနှိုင်း သွားမည်ဖြစ် သည်။

‘‘ဥပမာ အစိုးရရဲ့ မူဝါဒကို မကြိုက်လို့ ဆန္ဒပြမယ်ဆိုရင် ဟုတ်ပြီ။ ဘာကိုဘယ်လိုမကျေ နပ်တာလဲ။ မပြလို့ မရဘူးလား။ ဒါမှမဟုတ် ဒီဆန္ဒပြမှုရဲ့ အဓိက အချက်ကို သမ္မတ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ရဲချုပ်ကြီး တို့ကို သိစေချင်လား။ ဒါဆို ကျွန်တော် တို့က ဒီအချက်တွေကို သက်ဆိုင် ရာကို တင်ပြပေးမယ်လို့ စကား ပြောညှိနှိုင်းမှု တစ်ခုကို စလုပ် ကြည့်မှာပါ။ အဓိက,က ဆန္ဒဖော် ထုတ်တဲ့ပြည်သူကို အကြမ်းမဖက်ဘဲ ဘယ်လိုထိတွေ့ဆက်ဆံမလဲဆိုတဲ့ အစီအစဉ်ဖြစ်တယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်စိုးမြိုင်က ပြောကြားသည်။

ယင်းအတွက် လိုအပ်သည့် နည်းပညာပိုင်းနှင့် အလုပ်ရုံဆွေး နွေးပွဲများကို အမေရိကန်ပြည် ထောင်စု အခြေစိုက် တရား ဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခ  ထိန်း ချုပ်ရေးများကို ဦးတည်ဆောင် ရွက်နေသည့် USIP (United State Institute of Peace)အဖွဲ့ က ပံ့ပိုးပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့အပြင် လမ်းပေါ်ထွက် ဆန္ဒပြသူများ၏ အခွင့်အရေးကို လေးစားသလို ဆန္ဒပြမှုတွင်မပါ ဝင်သည့် အများ ပြည်သူလွတ်လပ်စွာ သွားလာခွင့်ကိုအနှောင့် အယှက်မဖြစ်စေရေးအတွက်လည်း ပြည်သူကို ထိတွေ့ ဆက် ဆံခြင်းမှတစ်ဆင့် အသိပညာပေးလိုကြောင်း ၎င်းက ပြောသည်။

‘‘ပြည်သူကိုထိတွေ့ဖို့တပ် ဖွဲ့ဝင်တွေမှာ အဓိကလိုအပ်နေ တာ။ ဒီမိုကရေစီစနစ်ကိုသွားမယ် ဆိုရင် ပြည်သူ က အဓိကပဲ။ ဒီ တော့ ပြည်သူ့အသံကို နားထောင် ရမှာပေါ့။ အရင်က တပ်ဖွဲ့ဝင် တွေက ပြည်သူနဲ့ အပြန် အလှန် ထိတွေ့မှုအားနည်းခဲ့တယ်လေ။ ဒီအစီအစဉ်က ဝန်ကြီးဌာနအနေ နဲ့ အမေရိကန် ရဲ့ကမ်းလှမ်းမှုကို စိတ်ဝင်စားနေတယ်။ စဉ်းလည်းစဉ်းစားနေတယ်။ အကောင် အထည်လည်းဖော်တော့ မယ်’’ဟု ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။

USIP အဖွဲ့က ပြည်သူနှင့် ထိတွေ့ဆက်ဆံမှု အပိုင်းတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များအား ဖိတ်ခေါ် ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပံ့ပိုးကူညီပေး မည်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ်ကစ၍ ဥရောပသမဂ္ဂ၏ပံ့ပိုးကူညီမှုဖြင့် ပဋိပက္ခနှင့်လူစုလူဝေး ထိန်း သိမ်းနည်းသင်တန်းများကို တပ်ဖွဲ့ဝင်များအားသင်ကြားပေးခဲ့သည်။

7Day DAILY 

No comments:

Post a Comment