Sunday 14 December 2014

တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်

Photo: တစ်ဦးချင်းကားတင်သွင်းခွင့် ပါမစ် အနည်းငယ်တင်းကျပ်
Sunday, December 14, 2014

တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။
တစ်ဦးချင်း ကားသွင်းကုန် ပါမစ်များနှင့်ပတ်သက်၍ ကား များ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ ပါမစ်လျှောက်ထားခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ခွင့်မပြု တော့ကြောင်း စီး/ကူးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ တစ်ဦးချင်း ကား တင်သွင်းခွင့် ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းရောက်ရှိပြီးမှသာ လိုင် စင်လျှောက်ထားခြင်း ခွင့်ပြုခဲ့ သည်။အထက်ပါ သတ်မှတ်ချက် ကြောင့် သတင်းကြိုသိသူများက အရောင်းအ၀ယ်ပိုမိုပြုလုပ်လာကာ ကားပါမစ်ဈေးတက်နေသည်။ လာမည့်နှစ် ကားဈေးပါအနည်းငယ်တက်နိုင်ကြောင်း ကားပွဲစားအချို့ကပြောသည်။

‘‘ဒီလိုစည်းကမ်းထွက်မယ့် လို့ အပြင်မှာ သတင်းတွေထွက် နေကတည်းက ပါမစ်ဈေးက နှစ် ဆနီးပါးခုန်တက်နေတာ။ ဒီအ တိုင်းဆို ပါမစ်ဈေးက ဆက်တက်မယ့် အလားအလာရှိတယ်’’ ဟု ကားဝယ်ရောင်းကိုမင်းဦးကမှတ်ချက်ပြုသည်။

 လက်ရှိ  ထုတ်ပြန်ချက် ကြောင့် သတိထား လုပ်ကိုင်ရ တော့မည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

‘‘လိုင်စင်မရှိဘဲ တင်သွင်း ခွင့်ကို မရှိတာ။ ဒါပေမဲ့တင်သွင်း လွယ်ကူအောင်ဖြေလျှော့ပေး ထားတာရှိတယ်။ ဒါကလိုင်စင်မဲ့ ကားတွေကို ဖြစ်ပေါ်စေတယ်။ လိုင်စင်မလျှောက်ဘဲ ဒီကလျှောက် တာရှိလာတော့ အခုလိုလုပ်တာ ပါ။ ဒါက ကားတင်သွင်းတာကို အခက်အခဲမရှိပါဘူး။ အမှန်က ဒါဖြစ်သင့်တယ်’’ ဟု Capital Automotive လီမိတက်၏ မန်နေး ဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းက သုံး သပ်သည်။ ထိုသို့သတ်မှတ်ခြင်း ကို ကားအရောင်းစင်တာများက ကြိုက်နှစ်သက်ပြီး ပြင်ပတွင်ကား ရောင်းဝယ်သူများက မကြိုက် နှစ်သက်ပေ။

ယခုထုတ်ပြန်ချက်မှာ ကား အရောင်းစင်တာများအတွက် အခက်တွေ့မည်မဟုတ်သော်လည်း တစ်နိုင်တစ်ပိုင် ကားတင်သွင်းသူများအတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကား တင်သွင်းသူများနှင့် ကားအရောင်းစင်တာများအကြား မျှတမှု ရှိစေရန် ကားအရောင်းစင်တာများ၏ စည်းကမ်းချက်ကိုလည်း တင်းကျပ်သင့်ကြောင်း တစ်ဦးချင်းကားတင်သွင်းသူများကဆိုသည်။

တစ်ဦးချင်းမော်တော်ယာဉ် သွင်းကုန်ပါမစ်ကို အနည်းငယ် ကန့်သတ်လိုက်ခြင်းမှာ ကားများ တင်သွင်းရာတွင် သွင်းကုန်ပါမစ် မရမီတင်သွင်းခြင်း၊ ပါမစ်ရရှိပြီး မှ တင်သွင်းသော်လည်း ဆိပ် ကမ်းရောက်ရှိပြီး အချိန်မီမထုတ် ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး နောက် ပါမစ်ပြင်ဆင်လျှောက် ထားခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး သော်လည်း အချိန်ကြာမြင့်စွာ ထားရှိပြီး ဆိပ်ကမ်းတွင် မော် တော်ယာဉ်များ စုပုံနေခြင်းများ ကြောင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦး ကားတင်သွင်းခွင့်ပြုသည့် သွင်း ကုန်ပါမစ်ကို သုံးလခွင့်ပြုပြီး သက်တမ်းတိုးခွင့်မပြုတော့ဘဲ ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များအတွက် ပြုပြင်ပြီး အဆင့်အချက် ခြောက်ချက်ပါအတိုင်း တင်သွင်းပါမည်ဟူသော ၀န်ခံကတိတင်ပြလျှောက်ထားရမည့် အချက်များကိုလည်း ထည့် သွင်းထားသည်။ သို့သော်အထက်ပါအချက် နှစ်ချက်မှာ ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။

7Day DAILY 

သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
သီလ၀ါဆိပ်ကမ်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်ဦးချင်း ကားတင် သွင်းခွင့်ပါမစ်များကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက အနည်းငယ် တင်း ကျပ်လိုက်သည်။

တစ်ဦးချင်း ကားသွင်းကုန် ပါမစ်များနှင့်ပတ်သက်၍ ကားများ ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ ပါမစ် လျှောက်ထားခြင်းကို ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ ခွင့်မပြု တော့ကြောင်း စီး/ကူးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ တစ်ဦးချင်း ကား တင်သွင်းခွင့် ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာတွင် ဆိပ်ကမ်းရောက်ရှိပြီးမှသာ လိုင် စင်လျှောက်ထားခြင်း ခွင့်ပြုခဲ့ သည်။အထက်ပါ သတ်မှတ်ချက် ကြောင့် သတင်းကြိုသိသူများက အရောင်းအ၀ယ်ပိုမိုပြုလုပ်လာကာ ကားပါမစ်ဈေးတက်နေသည်။ လာမည့်နှစ် ကားဈေးပါအနည်းငယ်တက်နိုင်ကြောင်း ကားပွဲစားအချို့ကပြောသည်။

‘‘ဒီလိုစည်းကမ်းထွက်မယ့် လို့ အပြင်မှာ သတင်းတွေထွက် နေကတည်းက ပါမစ်ဈေးက နှစ်ဆ နီးပါး ခုန်တက်နေတာ။ ဒီအ တိုင်းဆို ပါမစ်ဈေးက ဆက်တက်မယ့် အလားအလာရှိတယ်’’ ဟု ကား ၀ယ်ရောင်းကိုမင်းဦးကမှတ်ချက်ပြုသည်။

 လက်ရှိ  ထုတ်ပြန်ချက် ကြောင့် သတိထား လုပ်ကိုင်ရ တော့မည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

‘‘လိုင်စင်မရှိဘဲ တင်သွင်း ခွင့်ကို မရှိတာ။ ဒါပေမဲ့တင်သွင်း လွယ်ကူအောင်ဖြေလျှော့ပေး ထားတာရှိတယ်။ ဒါကလိုင်စင်မဲ့ ကားတွေကို ဖြစ်ပေါ်စေတယ်။ လိုင်စင်မလျှောက်ဘဲ ဒီကလျှောက် တာရှိလာတော့ အခုလိုလုပ်တာ ပါ။ ဒါက ကားတင်သွင်းတာကို အခက်အခဲမရှိပါဘူး။ အမှန်က ဒါဖြစ်သင့်တယ်’’ ဟု Capital Automotive လီမိတက်၏ မန်နေး ဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းက သုံး သပ်သည်။ ထိုသို့ သတ်မှတ်ခြင်း ကို ကားအရောင်းစင်တာများက ကြိုက်နှစ်သက်ပြီး ပြင်ပတွင်ကား ရောင်းဝယ်သူများက မကြိုက် နှစ်သက်ပေ။

ယခုထုတ်ပြန်ချက်မှာ ကား အရောင်းစင်တာများအတွက် အခက်တွေ့မည်မဟုတ်သော်လည်း တစ်နိုင် တစ်ပိုင် ကားတင်သွင်းသူများအတွက် ခက်ခဲလိမ့်မည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကား တင်သွင်းသူများနှင့် ကားအရောင်းစင်တာများအကြား မျှတမှု ရှိစေရန် ကားအရောင်းစင်တာများ၏ စည်းကမ်းချက်ကိုလည်း တင်းကျပ်သင့်ကြောင်း တစ်ဦးချင်းကားတင်သွင်းသူများကဆိုသည်။

တစ်ဦးချင်းမော်တော်ယာဉ် သွင်းကုန်ပါမစ်ကို အနည်းငယ် ကန့်သတ်လိုက်ခြင်းမှာ ကားများ တင်သွင်း ရာတွင် သွင်းကုန်ပါမစ် မရမီတင်သွင်းခြင်း၊ ပါမစ်ရရှိပြီး မှ တင်သွင်းသော်လည်း ဆိပ် ကမ်းရောက်ရှိပြီး အချိန်မီမထုတ် ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီး နောက် ပါမစ်ပြင်ဆင်လျှောက် ထားခြင်း၊ ဆိပ်ကမ်း ရောက်ရှိပြီး သော်လည်း အချိန်ကြာမြင့်စွာ ထားရှိပြီး ဆိပ်ကမ်းတွင် မော် တော်ယာဉ်များ စုပုံနေခြင်းများ ကြောင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦး ကားတင်သွင်းခွင့်ပြုသည့် သွင်း ကုန်ပါမစ်ကို သုံးလခွင့်ပြုပြီး သက်တမ်းတိုးခွင့် မပြုတော့ဘဲ ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များအတွက် ပြုပြင်ပြီး အဆင့်အချက် ခြောက်ချက်ပါအတိုင်း တင်သွင်းပါမည်ဟူသော ၀န်ခံကတိတင်ပြလျှောက်ထားရမည့် အချက်များကိုလည်း ထည့်သွင်းထားသည်။ သို့သော်အထက်ပါအချက် နှစ်ချက်မှာ ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment