မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Sunday, 5 October 2014
ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ
တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
တောင်ကြီးမြို့၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် ပေါက်ကွဲမှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ ည ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် စဝ်စံထွန်းရပ်ကွက်၊ မြို့ပတ်ကား မှတ်တိုင်၌ ပေါက်ကွဲမှု စတင္ထ်ဖြစ်ပွားခဲ့ရာ အရှည် ၂၀ ပေခန့်ရှိ ကားမှတ်တိုင်(သစ်သား) ထိုင်ခုံ ၁၀ ပေခန့်ပျက်စီး၍ အမြင့် ၁၅ ပေ ခန့်ရှိ ကားမှတ်တိုင်(သွပ်မိုး) ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး တောင်ဘက်ခြမ်းရှေ့တွင် ဒုတိယ မြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ နေရာအနီး ၂၂၅၀ အချိန်ခန့်တွင် ထပ်မံပေါက်ကွဲ မှုဖြစ်ပွား သဖြင့် ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်
ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထား ချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သား များကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်
မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက် ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
Samsung Galaxy Note 4 အောက်တိုဘာလ ကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်ရောက်မည်
Samsung ၏ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် Galaxy Note 4 ကို အောက်တိုဘာလ ကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်းစတင်ဖြန့် ချိမိတ်ဆက်သွားမည်ဟု အောက်တိုဘာလ ၄ ရက်က သတင်းထုတ် ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
Gone Girl ဇာတ်ကားမှာ အ၀တ်ဗလာ သရုပ်ဆောင်ထားတဲ့ ဘန်အက်ဖလက်
ဟောလိဝုဒ်သရုပ် ဆောင်မင်းသား ဘန်အက်ဖလက် က Gone Girl အမည်ရ လျှို့ဝှက် သည်းဖိုဇာတ်ကား တွင် အ၀တ် ဗလာကျင်းဖြင့် သရုပ်ဆောင်ခဲ့ သည်ဟု MTV ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြား လိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
သန္ဓေတားဖို့ ဆိုပြီး သားအိမ်ထဲထည့်တဲ့ အာလူး အပင်ပေါက်လာလို့ ကုသမှုခံယူရ
ကိုလံဘီယာမှာ မိန်းကလေးတစ်ဦး ဗိုက်အောင့်လို့ ဆေးခန်းလာပြတာကို သူနာပြုက စစ်ဆေးကြည့်တော့ သားအိမ်ထဲမှာ အာလူးပင် ပေါက်နေတာတွေ့ရလို့ တော်တော်လေး အလန့်တကြား ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
မိတ္ထီလာတွင် နိုင်ငံသားပညာရေး (Civic Education) အခမဲ့သင်တန်း ဖွင့်မည်
နိုင်ငံရေးပညာရပ်များကို နိုင်ငံသားတိုင်း သိစေရန်အတွက် မိတ္ထီလာမြို့တွင် အောက်တိုဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ နိုင်ငံသားပညာရေး (Civic Education) အခမဲ့သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကို စီစဉ်သည့် ငြိမ်းဖောင်ဒေးရှင်းမှ သင်တန်းဆရာ ဦးအောင်မျိုးထွဋ်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော စစ်တုရင်ဂရင်းမာစတာ ကွယ်လွန်
ဦးဇော်ဝင်းလေးကို စစ်တုရင်ပြိုင်ပွဲတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ − Ye Lin Aung Facebook)
ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း အနာတိုလီကားပေါ့ကို သရေကစားနိုင်ခဲ့ သည့် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ဂရင်းမာစတာ ဦးဇော်ဝင်း (ခ) ဇော်ဝင်းလေးသည် အောက်တို ဘာ ၃ ရက်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့ သည်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ
အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော် ခိုင်းနေပုံ အား တွေ့ရစဉ် (Photo:AFP)
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည် ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း
နိုင်ငံရေးပြဿနာများကို အတူတကွ ဖြေရှင်းရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီများ ပူး ပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်တွင် ဖွဲ့စည်းလိုက် သည်။
ဆက်လက်ဖတ်ရှုပါရန် »
ကရင်လွှတ်တော်အမတ်များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
ကရင်ပြည်နယ် ငြိမ်း ချမ်းရေးအတွက် ကရင်တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီတို့ ပူး ပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံသဘောတူညီ ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဗြိတိန်စွမ်းအင် ကုမ္ပဏီများ ဈေးကွက်နှင့် အခွင့်အလမ်းများ ဆွေးနွေးရန် ငါးရက်ကြာ လာရောက်မည်
ဗြိတိန်စွမ်းအင်ဆိုင်ရာ ကောင်စီ၏ ဦးဆောင်မှုဖြင့် ဗြိတိန်ရေနံနှင့် သဘာဝဓာတ်ငွေ့စွမ်း အင်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန် မာနိုင်ငံသို့ ငါး ရက်ကြာ လာရောက်မည်ဟု သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မန္တလေးနန်းတွင်းစီမံခန့်ခွဲမှုကို တိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ပြန်အပ်ရန် စီစဉ်
မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးမြနန်းစံကျော် ရွှေနန်းတော်အား ဘဏ္ဍာငွေစီမံခန့်ခွဲခွင့်မရ၍ ပြည်ထောင်စုအစိုးရထံပြန်အပ်မည့် ကိစ္စ ကို နှစ် ဖက် ထပ်မံညှိနှိုင်းရဦးမည်ဖြစ် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေကပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
အကြမ်းဖက်နှင့်ဆက်နွှယ်၍ ဖမ်းမိထားသူများက ဖောက်ခွဲရန် အကြံအစည်ရှိကြောင်း ၀န်ခံဟုဆို
ပြည်ပအကြမ်းဖက်အဖွဲ့အစည်း နှင့်ဆက်သွယ်မှုဖြင့် တောင်ကြီးမြို့တွင် ဖမ်းဆီးခံထားရသူများက မြန်မာနိုင်ငံ အတွင်းလက်နက်ကိုင် အဖွဲ့အစည်း ဖွဲ့ စည်းပြီး စစ်ပညာသင်ကြားလေ့ကျင့်ရန် နှင့် အကြမ်းဖက်ဖောက်ခွဲရန် အကြံ အစည်များရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်
မှ သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
နိုင်ငံသားစိစစ်ခံရန် ဘင်္ဂါလီတစ်ရာကျော် ထပ်လျှောက်
ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ရန် ထပ်မံလျှောက် ထား သူ တစ်ရာကျော်ရှိကြောင်း သတင်း ရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
Saturday, 4 October 2014
မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း
လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့် ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင် မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဥ
ီးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီး ရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း များသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို
ခင်မင်တာလောက်ပဲဖြစ် တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို
ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာ
ဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင
်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
Friday, 3 October 2014
တာဖာဆောင်မှာ တိုက်ပွဲတွေ ဘာ့ကြောင့်ပြန်ဖြစ်သလဲ
တာဖာဆောင်တံတားအနီးမှာ သေနတ်သံများ တိတ်လန့်တုန်လှုပ်ဖွယ်ကြားနေရသည်။ ယမ်းခိုးယမ်းငွေ့ များ ကြားမှာပြေးလွှားတိုက်ခိုက်နေသော အစိုးရတပ်မှ စစ်သည်များ၊ SSA(၀မ်ဟိုင်း)အဖွဲ့မှ တပ်သားများ ကို မြင် နေ ရသည်။ စစ်ပွဲတစ်ပွဲဖြစ်လျှင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို အနိဋ္ဌာရုံများကို မမြင် မတွေ့ချင်ပါလျက် ဒေသခံတို့ မြင်တွေ့ကြားသိနေရခြင်း သည် စိတ်မကောင်းစရာ ပင်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)