Wednesday, 1 October 2014

အရုပ်များနှင့်ကစားပြရုံဖြင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သန်းကျော်ရသည့် ကလေးငယ်

Photo: အရုပ်များနှင့်ကစားပြရုံဖြင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သန်းကျော်ရသည့် ကလေးငယ်
Wednesday, October 1, 2014

ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင် ရရှိထားသည့် အသက် ၈ နှစ်အရွယ် ချစ်စရာ ကောင်းသော ချာတိတ်လေး အီဗန်ကို တွေ့ဖူးကြပါရဲ့လား။

အီဗန်သည် အခြား ကလေးငယ်များကဲ့သို့ အရုပ်များနှင့် ဆော့ကစားပြသည့် အတွက် ဒေါ်လာ သိန်းချီရနေသူ ဖြစ်သည်။

မိသားစုဝင်တိုင်း ကြည့်ရှုသင့်သည့် EvanTubeHD တွင် အီဗန်က ဖျော်ဖြေတင် ဆက်နေခြင်းဖြစ်သည်။ EvanTubeHD သည် အရုပ်များနှင့် ဗီဒီယိုဂိမ်းများကို သုံးသပ်ပေးသော YouTube ချန်နယ်တစ်ခုဖြစ်သည်။

အီဗန်၏ ဗီဒီယိုများက အမြဲလိုလိုကြည့်ရှုသူ တစ်သန်းကျော်ရှိတတ်ပြီး ယင်းဗီဒီယိုများကြောင့်ပင် အီဗန်လေးအနေဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရရှိနေခြင်းဖြစ်သည်။

ယင်းမှာ "ငါဘာလို့ ဒီလို မတွေးမိခဲ့တာပါလိမ့်" ဟုဆိုကာ သင့်ကိုအတွေးပွားစေမည့် အင်တာနက်ပေါ်တွင်အာင်မြင်မှုရနေသော ဇာတ်လမ်းများထဲမှ တစ်ပုဒ်ပင်ဖြစ်သည်။ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများဖြင့် ပြည့်နှက်နေသည့် အဆိုပါ အစီအစဉ်ကို အီဗန်နှင့် သူ၏ဖခင် ဂျရတ်တို့ စတင်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ရွှံ့ဖြင့် ဖန်တီးထားသည့် Angry Birds အရုပ်လေးများကို အသုံးပြုကာ stop-motion ခေါ် သက်မဲ့အရုပ်များကို အသက်သွင်းသည့် ဗီဒီယိုများကိုလည်း သားအဖနှစ်ဦး ဖန်တီးခဲ့ကြသည်။

"ကျွန်တော်တို့ စလုပ်တုန်းက၊ ပျော်စရာ အစီအစဉ်လေး တစ်ခုအနေနဲ့ တစ်လမှာ ဗီဒီယိုတစ်ခုပဲ ဖန်တီးဖြစ်ပါတယ်။ ဖန်တီးထားတာလေးတွေကို ဘယ်သူတွေများ လာကြည့်ကြလဲဟ ဆိုပြီး ကြည့်ရတာကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်" ဟု ဖခင်ဖြစ်သူ ဂျရတ်က ပြန်ပြောင်းပြောဆိုခဲ့သည်။

ဗီဒီယိုများက နှစ်လိုဖွယ် ဖြစ်နေသည့်အတွက် အမှန်တကယ်ပင် လူကြိုက် များလာခဲ့သည်။ ပထမဆုံး ဗီဒီယိုကိုတင်ခါစက ကြည့်ရှုသူ ၁ သန်းရှိခဲ့ရာ ပိုမိုကြီးကျယ်လာနိုင်သည်ကို ဂျရတ် သိရှိခဲ့သည်။

ဖခင်ဖြစ်သူဂျရတ်က အဆိုပါချန်နယ်မှ ရရှိလာသည့် ငွေကြေးများကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ယင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို သားဖြစ်သူအီဗန်နှင့် သမီးငယ်လေးဂျီလီယန်တို့အတွက် ဘဏ်တွင် ငွေစုပေးထားသည်ဟု ဆိုသည်။

အီဗန်၏ ဗီဒီယိုများတွင် သူ၏ ခြောက်နှစ်အရွယ်ညီမငယ်လေး ဂျီလီယန်က ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်တတ်သည်။

တစ်ခါကလည်း ပန်းခြံထဲ၌ မောင်နှမနှစ်ဦးက မိခင်ဖြစ်သူကို သစ်ပင်တွင် တုပ်နှောင်ဟန်ပြုကာ Angry Bird ငှက်ရုပ်များဖြင့် ဂိမ်းထဲကအတိုင်း ဆော့ကစားပုံကို ရိုက်ကူးခဲ့သည်။ ဗီဒီအဆုံးသတ်တွင် "သင့်အနေနဲ့ သင့်ရဲ့မိခင်ကို သစ်ပင်မှာ ကြိုးချည်ပြီး အရုပ်နဲ့ပစ်တာမျိုး မလုပ်ပါနဲ့။ အကျိုးရလဒ်က ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်"ဟု သတိပေးစာသား ပါရှိသည်။ သို့သော်လည်း အဆိုပါဗီဒီယိုသည် ချန်နယ်တွင် ကြည့်ရှုသူပေါင်း သန်း ၅၀ ကျော်အထိ မယုံကြည်နိုင်ဖွယ်မြင့်တက်သွားခဲ့သည်။

ယင်းသို့ အောင်မြင်မှုများက ရှစ်နှစ်သား အီဗန်လေးအား တစ်စုံတစ်ရာ သက်ရောက်မှုမရှိဘဲ အီဗန်အနေဖြင့် ပုံမှန် ရွယ်တူကလေးငယ်များကဲ့သို့ပင် နေထိုင်လေ့ရှိသည်ဟု ဆိုသည်။

"အီဗန်ဟာ ရွယ်တူ နှစ်တန်းကျောင်းသားတွေလိုပဲ နေ့စဉ်ဘ၀ကို ပုံမှန်ဖြတ်သန်းတယ်။ ကျောင်းသွားတယ်၊ အိမ်စာလုပ်တယ်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တယ်၊ ကရာတေးသင်တန်းသွားတယ်၊ နောက်ပြီး ကွန်ပျူတာသုံးချိန် ဆိုလည်း မပျက်မကွက်ပါပဲ။ ချန်နယ်ရဲ့ အောင်မြင်တဲ့ ပမာဏကို သူ နားလည် လိမ့်မယ်လို့တော့ ကျွန်တော်မထင်မိပါဘူး"ဟု ဖခင် ဂျရတ်က ဆိုသည်။

ဂျရတ်သည် ဓာတ်ပုံနှင့် ဗီဒီယို ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ထူထောင်ထားသူ ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးက အီဗန်လေးအား တတ်နိုင်သမျှ သာမန်ဘ၀တွင်သာ နေထိုင်စေရန် ဆန္ဒရှိနေကြသည်။ ယင်းကြောင့်ပင် ၎င်းတို့၏ နောက်ဆုံးနာမည်ကို ဖော်ပြခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်အား ဖော်ပြခြင်းမျိုးကို ရှောင်ရှားကြသည်။

၎င်းတို့မိသားစုတွင် EvanTubeRaw နှင့် EvanTubeGaming အမည်ရှိ ချန်နယ်နှစ်ခုလည်း ရှိသေးသည်ဟုသိရသည်။ EvanTubeRaw တွင် မူလဗီဒီယိုတွင်မပါရှိသော ရိုက်ကွင်းနောက်ခံ အခြေအနေများကို တွေ့မြင်ရမည် ဖြစ်ပြီး EvanTubeGaming တွင်မူ ဖခင်ဂျရတ်နှင့် သားဖြစ်သူ အီဗန်တို့၏ ဂိမ်းမှတ်ချက်ပေးစကားများနှင့် ဂိမ်းကစားခြင်းများကို တွေ့မြင်ရမည်ဖြစ်သည်။

Ref:odditycentral

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင် ရရှိထားသည့် အသက် ၈ နှစ်အရွယ် ချစ်စရာ ကောင်းသော ချာတိတ်လေး အီဗန်ကို တွေ့ဖူးကြပါရဲ့လား။

ရန်ကုန်မြို့တွင် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ဦးနှုန်း စောင့်ရှောက်ပေးနေရ

လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင်အင်အားက ၅ ထောင်ကျော်သာရှိတဲ့အတွက် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ယောက်နှုန်းနဲ့ ကာကွယ်စောင့်ရှောက်ပေးနေရတာလို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ရန်ကုန်မှာ ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ ယူရတဲ့ တာဝန်မမျှမတဖြစ်နေတဲ့အကြောင်း မီဒီယာတွေကို ပြောကြားသွားတာပါ။

ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး

Photo: ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး
Wednesday, October 1, 2014
 
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရေရာသေချာမည ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က သတိပေးပြောဆိုလိုက်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလအတွက် ပြောကြားသည့် လစဉ် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာ နိုင်သည့် သဘောကို ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆို သတိပေး လိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးအင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်း အားထုတ် မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါလည်း ဖြစ်သလို အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တနိုင်ငံ လုံး အတိုင်း အတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စတွေကို အောင်မြင် စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့ နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် နိုင်မှာဖြစ် ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင် စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာ သေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြု မိစေလိုပါတယ်” ဟု ဦးသိန်းစိန်က ထုတ်ဖော် ပြော ဆိုသည်။

သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သတိပေးချိန်သည် DKBA နှင့် အစိုးရစစ်တပ်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တိုက်ပွဲ များ ဖြစ်ပွားချိနှ်နှင့် တိုက်ဆိုင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စား လှယ် အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲများတွင် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း မရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ဧရာဝတီ BLOG 

 ဦးသိန်းစိန်, ၂၀၁၅ အထွေထွေရွေးကောက်ပွဲ, ငြိမ်းချမ်းရေး , တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး, အပစ်အခတ်ရပ်စဲရေး သမ္မတဦးသိန်းစိန် 
(ဓာတ်ပုံ- Tomohiro Ohsumi / Bloomberg)
 ဦးသိန်းစိန်, ၂၀၁၅ အထွေထွေရွေးကောက်ပွဲ, ငြိမ်းချမ်းရေး , တိုင်းရင်းသားစည်းလုံးညီညွတ်ရေး, အပစ် အခတ်ရပ်စဲရေး သမ္မတဦးသိန်းစိန် 
(ဓာတ်ပုံ- Tomohiro Ohsumi / Bloomberg)
 အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရေရာသေချာမည ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က သတိပေးပြောဆို လိုက်သည်။

Eleven Media Group ကို ဥပဒေကြောင်းအရ အရေးယူရန် စတင် ဆောင်ရွက်ပြီဟု ဦးရဲထွဋ်ပြော

Photo: Eleven Media Group ကို ဥပဒေကြောင်းအရ အရေးယူရန် စတင် ဆောင်ရွက်ပြီဟု ဦးရဲထွဋ်ပြော
Wednesday, October 1, 2014

Eleven Media Group ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေကြောင်းအရ အရေးယူရန် ဆောင်ရွက်နေပြီဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“တရားဥပဒေရဲ့ လုပ်ထုံးလုပ်နည်း အရ လုပ်ရတဲ့ အဆင့်တွေ ရှိပါတယ်။ အဲ့ဒီအဆင့်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီကြေညာချက်ကို ထုတ်ပြန်တာပါ”ဟု ၎င်းက ပြောသည်။

Eleven Media Group ၏ သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက “နိုင်ငံပိုင်သတင်းစာမှာ ကြေငြာပေမယ့် ကျွန်တော်တို့ဆီကို တရားရုံးကနေ တရားဝင်အကြောင်းကြားစာ မရောက်သေးပါဘူး။ ကျွန်တော်တို့ ရေးသားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ရှင်းလင်းမှု မရှိဘဲနဲ့ သူတို့မှန်တယ်။ ငါတို့ မှားတယ်ဆိုပြီး စာနယ်ဇင်းကောင်စီကနေ တစ်ဆင့် တောင်းပန်ခိုင်းတယ်။ မှန်ကန်တဲ့ အချက်အလက်တွေက ဘယ်လိုဆိုတာ မရှင်းလင်းဘဲ ကောင်စီကနေ တောင်းပန်ခိုင်းတဲ့အတွက် မတောင်းပန်တာပါ”ဟု မဇ္ဈိမကို ပြောသည်။

Weekly Eleven News ဂျာနယ်တွင် ဖော်ပြသည့် သတင်းနှင့်ပတ်သတ်၍ တိကျသည့် ပြန်လည်ဖြေရှင်းမှု မရှိဘဲ တရားစွဲဆိုမည်ဆိုပါက တရားမျှတမှု မရှိဟု ၎င်းက ဆိုသည်။

Eleven Media Group ထုတ်ဝေသည့် The Daily Eleven သတင်းစာနှင့် Weekly Eleven News အပါတ်စဉ် ဂျာနယ်ပါ အကြောင်းအရာများသည် ပြန်ကြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ၏ ဂုဏ်သိက္ခာညှိုနွမ်းစေခြင်း၊ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း၊ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် ဥပဒေကြောင်းအရ အရေးယူရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကိုလည်း အောက်တိုဘာ ၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း၊ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက အချက်သုံးချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားသည်။

ဇွန်လ ၂ရက် ရက်စွဲဖြင့် Eleven Media Group ကထုတ်ဝေသည့် Weekly Eleven News ဂျာနယ်တွင် “အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာအလွဲသုံးစားပြုလုပ်ရန် ခွင့်ပြုနေသလား” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး ဖော်ပြခဲ့ခြင်းနှင့် ဇွန်လ ၇ရက်ထုတ် The Daily Eleven သတင်းစာတွင် ထပ်မံဖော်ပြခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နှစ်ကြိမ်တိုင်
ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ ဆွေးနွေး ညှိနှိုင်းမှုများကို အကြောင်းပြန်ကြားခြင်းမရှိခြင်း၊ ဆောင်းပါးရေးသားမှုနှင့် ပတ်သက်၍ ညှိနှိုင်းဖိတ်ခေါ်ခြင်းနှင့် စာပို့အကြောင်းကြားခြင်းများ ထပ်မံမပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း Eleven Media Group ၏ ပြန်ကြားခဲ့ကြောင်း၊ စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းမှုကို Eleven Media Group က လက်မံခြင်းမရှိ သည့်အပြင် ဆင့်ကဲဆင့်ကဲ စွပ်စွဲရေးသားဖော်ပြမှုများပြုမူဆောင်ရွက်လာကြောင်း ဖော်ပြထားသည်။

မဇ္ဈိမ
Eleven Media Group ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေကြောင်းအရ အရေးယူရန် ဆောင်ရွက်နေပြီ ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

UWSA “၀” တပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးဝါးများနှင့် တရားမ၀င် လက်နက်များ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းစစ်ဆေးရေးဂိတ်၌ စက်တင်ဘာ ၃၀ ရက်နေ့တွင် ပူးပေါင်း အဖွဲ့မှ “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးဝါး များနှင့် တရား မ၀င်လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

" ပြည်တွင်းသောင်းကျန်းမှုနှင့်သာ ရုန်းကန်လာရသော လွတ်လပ်ရေးစာအုပ် " စာကြည့်တိုက်များကိုလှူဒါန်း

Photo: " ပြည်တွင်းသောင်းကျန်းမှုနှင့်သာ ရုန်းကန်လာရသော လွတ်လပ်ရေးစာအုပ် " စာကြည့်တိုက်များကိုလှူဒါန်း
Wednesday, October 1, 2014

စာရေးဆရာတင့်ဆွေ (ဖျာပုံ)ရေးသားထားတဲ့  " ပြည်တွင်းသောင်းကျန်းမှုနှင့်သာ ရုန်းကန်လာသော လွတ်လပ်ရေး " စာအုပ်ကို အဖွဲ့အစည်းအသီးသီးနဲ့
စာကြည့်တိုက်များကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 
 
ပြည်တွင်းသောင်းကျန်းမှုနှင့်သာ ရုန်းကန်နေရတဲ့ လွတ်လပ်ရေးစာအုပ်ကို ဆရာတင့်ဆွေ က အမျိုးသားမော်ကွန်းစာကြည့်တိုက်၊ တက္ကသိုလ်များ၊ ဗဟိုစာကြည့်တိုက်၊ ပြန်ကြားရေးဝန်ကြီးဌာန (သတင်းနှင့်ပြည်သူ့ဆက်ဆံရေး)နဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
 
စာရေးဆရာတင့်ဆွေ (ဖျာပုံ)ဟာ " ကျောပိုးအိတ်လေးကို ချီကာလွယ် " ဆိုတဲ့ စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပြီး " မထီကန်သာရေကြည်ရှာခဲ့ " ၊ " ခေတ်အဆက်ဆက် တိုးတက်ကြံဆ စက်မှုကဏ္ဍ " စတဲ့ စာအုပ်တွေ ရေးသားခဲ့ပြီးနောက် ပြည်တွင်းသောင်းကျန်းမှုနှင့်သာ ရုန်းကန်လာရသော စာအုပ်ကို ရေးသားခဲ့တယ်လို့ သိရပါတယ်။ အခုစာအုပ်မှာ တော့ " ပြည်တွင်းစစ်နဲ့ ပြည်တွင်းသောင်း ကျန်းသူများအကြောင်း " ကို ပြည်သူများသိရှိစေဖို့အတွက် ရေးသားထားတယ်လို့ သိရပါတယ်။

MRTV-4
စာရေးဆရာတင့်ဆွေ (ဖျာပုံ)ရေးသားထားတဲ့  " ပြည်တွင်းသောင်းကျန်းမှုနှင့်သာ ရုန်းကန်လာသော လွတ် လပ်ရေး " စာအုပ်ကို အဖွဲ့အစည်းအသီးသီးနဲ့ စာကြည့်တိုက်များကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

အာဖဂန်နစ္စတွင် အသေခံဗုံးခွဲ၊ ၇ ဦး သေဆုံး

Photo: အာဖဂန်နစ္စတွင် အသေခံဗုံးခွဲ၊ ၇ ဦး သေဆုံး
Wednesday, October 1, 2014

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က ကဘူးလ်တက္ကသိုလ်နားမှာ တာလီဘန်အဖွဲ့ဝင် ၂ ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

Afghan National Army soldiers (ANA) arrive at the site of a suicide bomb attack in Kabulအမေရိကန်နဲ့ အာဖဂန်အစိုးရသစ်တို့ ကာလကြာရှည် နှောင့်နှေးခဲ့တဲ့ လုံခြုံရေးသဘောတူညီချက် လက်မှတ်ထိုးအပြီး နောက်နေ့မှာ ခုလိုဖြစ်တာပါ။

အာဖဂန်စစ်အရာရှိတွကို တင်လာတဲ့ ကားတစီးနဲ့ စစ်တပ်ဘတ်စ်ကားကို ပစ်မှတ်ထားခဲ့တာလို့ အာဖဂန်ပြည် ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်သုံးဘတ်စ်ကားနဲ့ အနားက ဈေးဆိုင်ပြတင်းပေါက်တွေ ပျက်စီးခဲ့တယ်လို့ ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Afghan security personnel investigate at the site of a suicide attack in Kabulအမေရိကန်က ကျောထောက်နောက် ခံပေးထားတဲ့ အစိုးရနဲ့ နိုင်ငံခြားတပ်တွေကို တိုက်နေတဲ့ တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုတွေအတွက် တာဝန်ခံကြောင်း ပြောပါတယ်။

အာဖဂန်သမ္မတသစ် အက်ရှ်ရဲ့ဖ်ဂါနီရဲ့ မဲဆွယ်ပွဲ ကတိအတိုင်း ဒီနှစ်ကုန်ပိုင်းမှာ အမေရိကန်တပ်တွေ နိုင်ငံထဲမှာ ဆက်နေဖို့ ခွင့်ပြုတဲ့ သဘောတူညီချက်ကို မနေ့က အမေရိကန်နဲ့ အာဖဂန်အရာရှိတွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီဗွီဘီ
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က ကဘူးလ်တက္ကသိုလ်နားမှာ တာလီဘန်အဖွဲ့ဝင် ၂ ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

နိုင်ငံခြားဘဏ် ကိုးခုအား ရုံးခွဲဖွင့်ခွင့်ပြု


အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့ထားခဲ့သော ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း ပြည်ပနိုင်ငံများနှင့် ငွေကြေးဝန်ဆောင်မှု အဆက်မပြတ် ဆောင်ရွက်ပေးခဲ့သော စင်ကာပူအခြေစိုက် ဘဏ်နှစ်ခု အပါအ၀င် နိုင်ငံခြားဘဏ် ကိုးခုကို ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဂျာမန်လေယာဉ်မှူးများ ဆန္ဒပြ၊ ခရီးစဉ် ၅၀ ခန့် ဖျက်သိမ်း

Photo: ဂျာမန်လေယာဉ်မှူးများ ဆန္ဒပြ၊ ခရီးစဉ် ၅၀ ခန့် ဖျက်သိမ်း
Wednesday, October 1, 2014 

ဂျာမန်လေကြောင်းလိုင်း လုဖ်သန်စာ (Lufthansa)က လေယာဉ်မှူးတွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆန္ဒပြနေလို့ ခရီးဝေးပျံသန်းတဲ့ လေကြောင်းခရီးစဉ် ၅၀ လောက်ကို ဖျက်သိမ်းခဲ့ရပါတယ်။

လေယာဉ်မှူးတွေကို စောစော အငြိမ်စားပေးမယ့် အစီအစဉ်ကို အငြင်းပွားပြီး ခုလို ဆန္ဒပြတာပါ။

ဆန္ဒပြမှုကို စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၆ နာရီကနေ ည ၉ နာရီထိလို့ စီစဉ်ထားပေမယ့် ဥရောပရဲ့ တတိယအကြီးဆုံးလေဆိပ်ဖြစ်တဲ့ ဖရန့်ဖတ်မှာ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းကနေ အောက်တိုဘာ ၁ ရက်နေ့အထိ လေယာဉ်ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်နိုင်တာပါ။

လုဖ်သန်စာလေယာဉ်မှူး အယောက် ၅၄၀၀ ကို ဗီစီ ကုန်သွယ်ရေးသမဂ္ဂက ကိုယ်စားပြုထားပါတယ်။

လေယာဉ်မှူးတွေကို အသက် ၅၅ နှစ်မှာ အငြိမ်းစား ယူခွင့်ပေးပြီး ပုံမှန်ပင်စင်လစာ ပေးချေမှု မစခင် သူတို့လစာရဲ့ ၆၀ ရာခိုင်နှုန်း ရစေဖို့ ခွင့်ပြုမယ့် အစီအစဉ်ကို လေကြောင်းလိုင်းက ဆက်ထားဖို့ လိုလားနေတာပါ။

ဒီဆန္ဒပြမှုဟာ ဒီနှစ်အတွင်း လေယာဉ်မှူးတွေရဲ့ ၅ ကြိမ်မြောက် ဆန္ဒပြမှု ဖြစ်ပါတယ်။ အရင်အပတ်က ပြင်သစ်လေကြောင်းလိုင်းက လေယာဉ်မှူးတွေ ဆန္ဒပြခဲ့လို့ ပြင်သစ်နဲ့ ဒတ်ခ်ျ ဖက်စပ်ကုမ္ပဏီ အဲဖရန့်စ်အတွက် အမေရိကန်ဒေါ်လာ ၃၅၅ သန်းဖိုး ဆုံးရှုံးခဲ့ပါတယ်။

လုဖ်သန်စာကတော့ ဒီနှစ်မှာ စပြီးအလုပ်ဝင်တဲ့ ဝန်ထမ်းတွေအတွက် အငြိမ်းစားယူခွင့် အစီအစဉ်ကို ဆက်ထားဖို့ ကမ်းလှမ်းထားပြီး လူသစ်တွေအတွက် အငြိမ်းစား ယူနိုင်မယ့် အစောဆုံး အသက်ကို တိုးချင်နေတာပါ။

သမဂ္ဂကတော့ ဒီရွေးချယ်မှုဟာ လေယာဉ်မှူးအသစ်တွေအတွက် မတရားဘူးလို့ ပြောပါတယ်။

DVB
ဂျာမန်လေကြောင်းလိုင်း လုဖ်သန်စာ (Lufthansa)က လေယာဉ်မှူးတွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆန္ဒပြနေလို့ ခရီးဝေးပျံသန်းတဲ့ လေကြောင်းခရီးစဉ် ၅၀ လောက်ကို ဖျက်သိမ်းခဲ့ရပါတယ်။

တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်စီစဉ်

မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ဌာနပိုင်မြေများတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကာ အရစ်ကျစနစ် ဖြင့်ရောင်းချပေးရန် စီစဉ်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိုင်း ကာကွယ်ရေး ဦးစီးချုပ်သစ်က စစ်ဘက်အာဏာသိမ်းမှု ထပ်လုပ်မည် မဟုတ်ဟု ပြောကြား

Photo: ထိုင်း ကာကွယ်ရေး ဦးစီးချုပ်သစ်က စစ်ဘက်အာဏာသိမ်းမှု ထပ်လုပ်မည် မဟုတ်ဟု ပြောကြား
Wednesday, October 1, 2014

ထိုင်း ကာကွယ်ရေးဦးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၏ အစိုးရထံမှ စစ်ဘက်အာဏာသိမ်းမှု ထပ်မံလုပ်ဆောင်မည်မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်သစ် ဥဒွန်ဒက်ဆီတာဘတ်က စက်တင် ဘာ ၃၀ ရက်က ပြောကြားခဲ့ကြောင်း သည်နေရှင်းသတင်းစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့အနေနဲ့ အာဏာသိမ်းမှုတွေကို အခုရော နောင်ရော လုပ်မှာမဟုတ်ပါဘူး။ တပ်မှူးတွေ  အားလုံး သဘောထားတူညီပါတယ်။ အားလုံးက ဦးတည်ရာတစ်ခုတည်းကို သွားနေကြပါတယ်” ဟု ဥဒွန်ဒက်ဆီတာဘတ်က ပြောကြားသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာထံမှ ကာကွယ်ရေးဦးစီးချုပ်ရာထူးအား စက်တင်ဘာ ၃၀ ရက်က တာဝန်လွှဲပြောင်းယူပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဥဒွန်ဒက်ဆီတာဘတ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မိမိတို့ စစ်တပ်အနေဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းမည့် အဓိက အဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကာ ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အမြန်ဆုံး အပြီးသတ်သွားရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေမှာ ခြိမ်းခြောက်မှု ပုံစံအမျိုးမျိုးကို ဆက်လက်ဖြေရှင်းကိုင်တွယ်သွား မှာ ဖြစ်ပါတယ်။ထိုင်းတပ်မတော်ကိုလည်း အာဆီယံအတွက် အင်အားကောင်းတဲ့ တပ်မတော်တစ်ရပ် ဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ်သစ်က ပြောကြားသည်။

မတည်ငြိမ်မှုဖြစ်ပွားနေသည့် ဒေသများမှ အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်သကဲ့သို့ အခြားအစီအစဉ်များကိုလည်း တစ်ပြိုင်နက်လုပ်ဆောင်သွားမည်ဖြစ်ရာ အားလုံးပူးပေါင်းပါဝင်ပါက အဆိုပါ အစီအစဉ်သည် အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ဥဒွန်ဒက်ဆီတာဘတ်က ပြောကြားသည်။

ဝန်ကြီးချုပ်သစ် ပရာယွတ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်သစ်အနေဖြင့် တပ်မတော်အား ခေတ်မီအောင် လုပ်ဆောင်ခြင်းအပါအ၀င် ၎င်း၏တာဝန်များ ကို ကျေပြွန်အောင် လုပ်ဆောင်သွားနိုင် မည်ဟု ယုံကြည်ကြောင်း တာဝန်လွှဲပြောင်းသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။

Mizzima - News in Burmese
ထိုင်း ကာကွယ်ရေးဦးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၏ အစိုးရထံမှ စစ်ဘက်အာဏာသိမ်းမှု ထပ်မံ လုပ်ဆောင်မည် မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်သစ် ဥဒွန်ဒက်ဆီတာဘတ်က စက်တင် ဘာ ၃၀ ရက်က ပြောကြားခဲ့ကြောင်း သည်နေရှင်းသတင်းစာတွင် ဖော်ပြထားသည်။

အိမ်ဖြူတော်လုံခြုံရေးအားနည်းမှု လက်ခံနိုင်စရာမရှိ တာဝန်ရှိအကြီးအကဲဝန်ခံ

Photo: အိမ်ဖြူတော်လုံခြုံရေးအားနည်းမှု လက်ခံနိုင်စရာမရှိ တာဝန်ရှိအကြီးအကဲဝန်ခံ
Tuesday, September 30, 2014

အမေရိကန်စစ်မှုထမ်းတယောက်ဟာ သူ့ကိုဖမ်းဆီးနိုင်ခြင်း မပြုလုပ်နိုင်ခင် သမ္မတအိမ်ဖြူတော်အတွင်းကို တဟုန်ထိုးပြေးပြီးတော့ ၀င်ရောက်သွားတဲ့ကိစ္စဟာ လက်ခံနိုင်စရာ ဖြစ်ရပ်မဟုတ်တဲ့အကြောင်းနဲ့ နောင်မှာ ဒီလို အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရပါဘူးလို့ Secret Service လို့ခေါ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

ကွန်ဂရက်လွှတ်တော်ကြားနာမှုမှာ Julia Pierson က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ပြစ်တင်မှုကို သူမအနေနဲ့ လက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနေ့က Omar Gonzalez ဆိုသူဟာ ခြံစည်းရိုးကိုကျော်လွှားပြီးတော့ ၀ါရှင်တန်ဒီစီရဲ့ လုံခြုံရေးအတင်းကျပ်ဆုံး အဆောက်အအုံအတွင်းကို ၀င်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်ကြီးကြပ်ရေးကော်မတီဥက္ကဌ ဒါရဲလ် အစ်စာ က မကြာသေးခင်နှစ်တွေအတွင်း အလားတူ လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် Secret Service ရဲ့ အကြီးတန်းတာဝန်ယူထားသူကို မေးခွန်းစရာ ဖြစ်နေပြီးတော့ အဖွဲ့အစည်းအပေါ် လူထုရဲ့ယုံကြည်မှုတွေကိုလည်း ကျဆင်းစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်စစ်မှုထမ်းတယောက်ဟာ သူ့ကိုဖမ်းဆီးနိုင်ခြင်း မပြုလုပ်နိုင်ခင် သမ္မတအိမ်ဖြူတော်အတွင်းကို တဟုန်ထိုးပြေးပြီးတော့ ၀င်ရောက်သွားတဲ့ကိစ္စဟာ လက်ခံနိုင်စရာ ဖြစ်ရပ်မဟုတ်တဲ့အကြောင်းနဲ့ နောင်မှာ ဒီလို အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရပါဘူးလို့ Secret Service လို့ခေါ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးမူဘောင်ရေးဆွဲရေး UNFC နှင့် တွေ့ဆုံရန် SNLD ပါတီ ဘန်ကောက်သို့ သွားရောက်

နိုင်ငံရေးမူဘောင် ရေးဆွဲရာတွင် UNFC ၏ အကြံပြုချက်များကို ရယူရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ပါတီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီဝင်များသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ကြောင်း SNLD ရုံချုပ်တာဝန်ခံ ဦးစိုင်းရွှေကျူက ပြောကြားသည်။

တရားရုံးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေး တရားလွှတ်တော်ချုပ်နှင့် ကော်မတီအငြင်းပွား

Photo: တရားရုံးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေး တရားလွှတ်တော်ချုပ်နှင့် ကော်မတီအငြင်းပွား
Wednesday, October 1, 2014

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်း ရန် အစီရင်ခံစာတွင် ဖော်ပြထားရာ ယင်းကိစ္စအတွက် တရားလွှတ်တော်ချုပ်နှင့် ကော်မတီတို့ အငြင်းပွားခဲ့ကြသည်။

ကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း ၇,၂၇၀ အနက် တရားစီရင်ရေး ၃,၅၀၀ စောင်၊ လယ်ယာမြေ ၂,၅၀၀ စောင်၊ အုပ်ချုပ်ရေး ၁,၁၇၀ စောင်၊ တပ်မတော် အစောင် ၁၀၀ တို့ဖြစ်ပြီး တရားရုံး လေ့လာစောင့်ကြည့်ရေး၊ လွတ်လပ်သည့် အဖွဲ့အစည်းရှိသင့်သည်ဟု အကြံပြုသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က “တရားရုံးစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းမယ်ဆိုရင် ဘယ်ဥပဒေနဲ့ ဖွဲ့စည်းမှာလဲလို့ မေးမြန်းရမှာ” ဟု ပြန်လည်မေးခွန်းထုတ်သည်။

၎င်းက ဥပဒေပြဋ္ဌာန်းချက်မရှိဘဲ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းမည်ဆိုပါက အခြားနေရာများတွင် ဖြစ်နိုင် သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေများအရ ဖွဲ့စည်းတည်ထောင် ထားသည့် တရားရုံးများကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပါက ဥပဒေပြဿနာများ ပေါ်ပေါက်မည်ဟု သတိပေးခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၁ တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို တတ်နိုင်သမျှ ပိုင်းခြား ကျင့်သုံးရမည်ဟု ဖော်ပြထားခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားခြင်း မဟုတ် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

၎င်းက “လွှတ်တော်နည်း ဥပဒေ ၁၀၆ မှာလည်း လွှတ်တော်က လိုအပ်ရင် ကော်မတီ၊ ကော်မရှင်ဖွဲ့နိုင် တယ်လို့ ပါပါတယ်။ ဒါဆိုရင် အဂတိလိုက်စားမှု ကော်မရှင်တို့၊ လူ့အခွင့်အရေး ကော်မရှင်တို့ကို ဘာ ဥပဒေနဲ့ ဖွဲ့တာလဲဆိုတာ ပြန်မေးရမှာပါ” ဟု ပြန်လည်ချေပခဲ့သည်။

ထို့ပြင် အဆိုပါကော်မတီက စက်တင်ဘာလ ၂၉ ရက်က အစီရင်ခံစာ တင်သွင်းခဲ့ရာတွင် အုပ်ချုပ်ရေးပိုင်း မှ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သဖြင့် လွှတ်တော်ကသာ ဆောင်ရွက်ရန်နှင့် တရားရေးပိုင်းကမူ တရားသူကြီး ဦးရေ ၁,၂၀၀ ခန့်သာရှိသဖြင့် အခက်အခဲရှိသည်ဟု ဆိုကာ ပြန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ ရဲတပ်ဖွဲ့များကလည်း သင်တန်းသို့ စေလွှတ်ရန် တရားဝင်ခွင့်ပြုချက် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ၀န်ကြီးဌာန များသည် အလုပ်ရုံ ဆွေးနွေးပွဲသို့ အကြိမ်ကြိမ် တက်ရောက်ပြီးမှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏စာကြောင့် မဖြစ်နိုင်၊ မပူး ပေါင်းနိုင်ဟုဆိုခြင်းသည် သက်ဆိုင်ရာဝန်ကြီးဌာနများက ၀န်ကြီးများသည် မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာမဆုံးဖြတ်နိုင်ကြောင်း ပေါ်လွင်နေသည်ဟု ဝေဖန်သည်။

အဆိုပါကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားကို မေးမြန်းရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန် အစီရင်ခံစာတွင် ဖော်ပြထားရာ ယင်းကိစ္စ အတွက် တရားလွှတ်တော်ချုပ်နှင့် ကော်မတီတို့ အငြင်းပွားခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူ ၄ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရသည့် အကြောင်းအရင်း ကို စစ်ဆေး လျက်ရှိ

Photo: တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူ ၄ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရသည့် အကြောင်းအရင်း ကို စစ်ဆေး လျက်ရှိ
Wednesday, October 1, 2014

ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၄)ရပ်ကွက် အင်ကြင်း လမ်းနှင့် ဂန္ဓမာလမ်းထိပ် ငမိုးရိပ် ချောင်းနှင့် ကျိုက္ကဆံချောင်းတစ် လျှောက် ကျူးကျော်နေထိုင်သူ၎ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက် ရှိနေပြီး ယင်းသို့ ဖြစ်ပွားရခြင်းအ ကြောင်းအရင်း သိရှိနိုင်ရန် သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ နှင့် အခြားအဖွဲ့အစည်းများတို့ ပူး ပေါင်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော ရောဂါမှာကူးစက်နိုင်ခြင်းကြောင့် ထပ်မံကူးစက်ဖြစ်ပွားနိုင်ခြင်းမရှိစေ ရန်နှင့် ယင်းပတ်ဝန်းကျင်ရှိသောက် သုံးရေမှာ သန့်ရှင်းမှုရှိမရှိကိုလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း သို့ ပို့ဆောင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

''ရောဂါဖြစ်ပွားနေတဲ့ ပတ်ဝန်း ကျင်ကရေကိုဓာတ်ခွဲစမ်းသပ်ဖို့အ တွက် အမျိုးသားကျန်းမာရေးဓာတ် ခွဲခန်း(NHL)ကို ရေနမူနာပေးပို့ပြီး ဖြစ်ပါတယ်။ အဖြေကတော့ ချက် ချင်းမရနိုင်သေးပါဘူး။ ရရှိတဲ့အဖြေ အပေါ်မူတည်ပြီးတော့ နောက်ပိုင်း ဘာတွေ ဆက်လုပ်ရမလဲဆိုတာပြော ရမှာပါ''ဟု ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာဝင်းနိုင် က ပြောသည်။

အဆိုပါရောဂါမှာ စက်တင်ဘာ ၂၄ရက်က လူနာတစ်ဦးတွင်စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၂၉ရက် ညအထိတွင် ယင်းရပ်ကွက် တွင် ယာယီကျန်းမာရေးစောင့်ရှောက် မှု ဆေးပေးခန်းသို့ ပြင်ပလူနာအဖြစ် လာရောက်ပြမှုမှာ ၁၈၇ ဦးခန့် အထိဖြစ်လာကြောင်း၊ ပြင်းထန် လူနာစုစုပေါင်း ၂၂ ဦးခန့်ကို သင်္ဃန်း ကျွန်းစံပြဆေးရုံကြီးသို့တက်ရောက် ကုသမှုခံယူစေခဲ့ကြောင်း၊ လက်ရှိ အချိန်(စက်တင်ဘာ ၃ဝ ညနေပိုင်း)အထိတွင် ရောဂါကူးစက်မှုလျော့ နည်းသွားပြီးဖြစ်ပွားနေသည့် လူနာ များမှာလည်း သက်သာနေပြီဖြစ် ကြောင်း သိရသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်း က''ကျွန်မတို့ဆေးရုံကိုရောက်လာတဲ့ လူနာတွေ အားလုံးကောင်းနေကြ ပါပြီ။ သူတို့တွေက ဝမ်းလျှောတဲ့အခါ ကြတော့ ရေဓာတ်တွေချို့တဲ့တာ တွေနဲ့ရောက်လာကြတာပေါ့။ ဆေး ရုံရောက်တော့ အားလုံးကောင်းသွား ကြပါတယ်''ဟု ပြောသည်။

အဆိုပါဖွင့်လှစ်ထားသည့် ယာယီကျန်းမာရေးဆေးပေးခန်းတွင် ရပ်ကွက်နှင့် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ အဖွဲ့၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ မြို့တော်စည် ပင်သာယာရေးဌာနနှင့် အခြားလူမှု အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ကြပြီး တိုင်းဒေသကြီး ကူးစက်အ ဖွဲ့မှလည်း ရေရယူသုံးစွဲသည့်နေရာမှ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် နှင့် ကူးစက်နိုင်ခြေရှိသော အခြေ အနေများကို စစ်ဆေးခဲ့ကြောင်း သိ ရသည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ မှ ကွင်းဆင်း၍ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်ငန်းများ၊ ရေကောင်း ရေသန့်ရရှိရေးလုပ်ငန်းများ၊ တစ် ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများ နှင့် ကျန်းမာရေးပညာပေးခြင်း လုပ် ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

''ရောဂါဖြစ်တဲ့ လူနာတွေကို ကုသနိုင်ဖို့အတွက်တွေလဲ ဆောင်ရွက် ခဲ့တယ်။ ရောဂါဖြစ်တဲ့နေအိမ်တွေ ကိုကွင်းဆင်းကြည့်ရှုပြီး ရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို စီမံ ဆောင်ရွက်ခဲ့ပါတယ်''ဟု အဆိုပါ ဌာနမှ လက်ထောက်ဌာနမှူး ဒေါက် တာမြင့်သန်းထွန်းက ပြောသည်။

''အခုဖြစ်ကြတဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်တဲ့သူတွေက အဖြစ်အများဆုံးက လူကြီးပိုင်းတွေ ပါ။ ရောဂါဖြစ်တဲ့နေအိမ်တွေက ချောင်းနံဘေးတွေမှာ ကျူးကျော် နေထိုင်ကြတဲ့ သူတွေဖြစ်တာကိုတွေ့ ရပါတယ်။ အဲဒီအိမ်တွေမှာကသန့် ရှင်းတဲ့ အိမ်သာတွေကိုသုံးစွဲတာ လည်းမရှိဘူး။ ရေကိုလည်းနီးစပ်ရာ ရေရောင်းသူတွေထံမှသွယ်ယူသုံး စွဲ တဲ့အတွက်သန့်ရှင်းမှုက မရှိဘူး။အမှိုက်ကိုလည်းစနစ်တကျစွန့် ပစ် ခြင်းမရှိကြသလို၊ အဲဒီမှာနေထိုင်တဲ့ သူ တွေရဲ့တစ်ကိုယ်ရေသန့်ရှင်း မှုကလဲ အားနည်းကြတယ်'' ဟု ယင်းကဆက်လက်ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီမှကျန်းမာရေး ဌာနနှင့် ပူးပေါင်းပြီးကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

KTM
Yangon Media Group
ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၄)ရပ်ကွက် အင်ကြင်း လမ်းနှင့် ဂန္ဓမာလမ်းထိပ် ငမိုးရိပ် ချောင်းနှင့် ကျိုက္ကဆံချောင်းတစ် လျှောက် ကျူးကျော်နေထိုင်သူ၎ဝဝဝ အနက် ၂ဝဝကျော်ခန့်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက် ရှိနေပြီး ယင်းသို့ ဖြစ်ပွားရခြင်းအ ကြောင်းအရင်း သိရှိနိုင်ရန် သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ နှင့် အခြားအဖွဲ့အစည်းများတို့ ပူး ပေါင်းစစ်ဆေးနေပြီဖြစ် ကြောင်း သိရ သည်။

လုပ်ငန်းရှင်များအား ဘဏ်များက မကူညီနိုင်ခြင်းမှာပုဂ္ဂလိကဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်

ကုမ္ပဏီများနှင့်စက်မှု လုပ်ငန်းများလိုအပ်သောအရင်း အနှီးချေးငွေများကိုယနေ့အထိ ဘဏ်များမှ  ရယူနိုင်ခြင်းမရှိမှုသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက်  အတားအဆီးဖြစ်နေ ကြောင်း  အာရှဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူများကပြောကြား သည်။

ချန်ပီယံလိဂ် ပွဲအများဆုံး ကစားနိုင်သူအဖြစ် စံချိန်တင်ခဲ့သည့် ရှာဗီ

Photo: ချန်ပီယံလိဂ် ပွဲအများဆုံး ကစားနိုင်သူအဖြစ် စံချိန်တင်ခဲ့သည့် ရှာဗီ
Wednesday, October 1, 2014

PSGကို အရေးနိမ့်သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် ရှာဗီဟာနန်ဒက်ဇ်သည် အဆိုပါ ပြိုင်ပွဲကြီးတွင် ပွဲအရေအတွက် အများဆုံး ကစားနိုင်သည့် စံချိန်သစ်ကို တင်လိုက်နိုင်ပြီ ဖြစ်သည်။
 
အသက်(၃၄)နှစ်ရှိ စပိန် လက်ရွေးစင် ကစားသမားဟောင်းသည် (၆၉)မိနစ်တွင် အိုင်ဗန်ရာကီတစ်အစား လူစားဝင်ပြီး PSG၏ အိမ်ကွင်း ပက်ဒက်စ်ပရင့်စ် ကွင်းကြီးတွင် သမိုင်းသစ် တစ်ခုကို ဖန်တီးခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာက (၃-၂)ဖြင့် အရေးနိမ့်သွားခြင်းမှာမူ ရှာဗီအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ ရှာဗီသည် ချန်ပီယံလိဂ် ဆုဖလားကို (၃)ကြိမ် ရယူဖူးသူ ဖြစ်ပြီး PSGနှင့်ပွဲသည် အဆိုပါ ပြိုင်ပွဲတွင် ၎င်း၏ (၁၄၃)ကြိမ်မြောက် ပါဝင်ကစားမှု ဖြစ်လာသည်။ ထို့ကြောင့် ရီးယဲလ်မက်ဒရစ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရောလ်ဂွန်ဇာလက်ဇ်၏ (၁၄၂)ပွဲ စံချိန်ဟောင်းကို ရှာဗီက ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
 
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရိုင်ယန်ဂစ်သည် ချန်ပီယံလိဂ်တွင် စုစုပေါင်း (၁၅၁)ပွဲ ကစားဖူးသော်လည်း ယင်းတို့အနက် (၁၀)ပွဲသည် ခြေစစ်ပွဲ အဆင့်တွင် စာရင်းဝင်ခဲ့သည်။ ရှာဗီ၏ စံချိန်သစ်ကို အဓိက ခြိမ်းခြောက်နိုင်သူမှာ ရီးယဲလ် ဂိုးသမား အိုင်ကာ ကားဆီးလက်စ်ဖြစ်ပြီး ၎င်းက အသင်းအတွက် ချန်ပီယံလိဂ်တွင် (၁၄၁)ပွဲ ကစားပေးထားသည်။ ရှာဗီသည် လတ်တလောတွင် ဘာစီလိုနာ နည်းပြ လူးဝစ်အန်ရီကေး၏ ပွဲထွက် (၁၁)ဦး စာရင်း၌ နေရာမရဘဲ ရာကီတစ်နှင့် အန်းဒရက်စ် အင်နီယေစတာတို့၏ အရန်အဖြစ်သာ အဓိက ကစားနေရသည်။
 
ယမန်နေ့က ကစားသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် ရှာဗီကဲ့သို့ပင် အမှတ်ရစရာ စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့သူ နောက်တစ်ဦးမှာ ရိုးမား အသင်းခေါင်းဆောင် ဖရန်ဆက်စကို တော့တီဖြစ်ပြီး မန်ချက်စတာ စီးတီးကို ဂိုးသွင်းယူကာ ပြိုင်ပွဲ၏ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် (၃၈)နှစ်၊ (၃)ရက်ဖြင့် ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar
PSGကို အရေးနိမ့်သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် ရှာဗီဟာနန်ဒက်ဇ်သည် အဆိုပါ ပြိုင်ပွဲကြီးတွင် ပွဲအရေအတွက် အများဆုံး ကစားနိုင်သည့် စံချိန်သစ်ကို တင်လိုက်နိုင်ပြီ ဖြစ်သည်။

အိုဘားမားနှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ ရာသီဥတုပြောင်းလဲခြင်း အပါအ၀င် ကိစ္စရပ်များစွာတွင် သဘောတူညိမှုရရှိ

Photo: အိုဘားမားနှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ ရာသီဥတုပြောင်းလဲခြင်း အပါအ၀င် ကိစ္စရပ်များစွာတွင် သဘောတူညိမှုရရှိ
Wednesday, October 1, 2014

အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် အိန္ဒိယ၀န်ကြီးချုပ်တို့သည် ပိုမိုနွေးထွေးသောဆက်ဆံရေးကို ဦးတည်သည့် ခြေလှမ်းငယ်တစ်ခုကို လှမ်းနိုင်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းအပါအ၀င် ကိစ္စရပ်များစွာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များ ရရှိခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ဘဲဥပုံ ရုံးခန်းတွင် တစ်နာရီကျော် တွေ့ဆုံဆွေးနွေးပြီးနောက် အကြမ်းဖက်အစွန်းရောက်ဝါဒ၊ အစားအစာ ဖူလုံရေး နှင့် အာကာသ စူးစမ်းရေး စွမ်းအင် အပါအ၀င် ကိစ္စရပ်များစွာ သဘောတူညီမှု့ ရယူနိုင်ခဲ့သည်။

Ref: Loas Angeles Times
Yangon Media Group
အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် အိန္ဒိယ၀န်ကြီးချုပ်တို့သည် ပိုမိုနွေးထွေးသောဆက်ဆံရေးကို ဦးတည်သည့် ခြေလှမ်းငယ်တစ်ခုကို လှမ်းနိုင်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းအပါအ၀င် ကိစ္စရပ်များစွာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များ ရရှိခဲ့သည်။

ကမ္ဘာ့အသန်မာဆုံး ဘုန်းကြီး အမည်တပ်ခံရတဲ့ အလေးမ စွမ်းအားရှင်

Photo: ကမ္ဘာ့အသန်မာဆုံး ဘုန်းကြီး အမည်တပ်ခံရတဲ့ အလေးမ စွမ်းအားရှင်
Tuesday, September 30, 2014

ကမ္ဘာ့ အသန်မာဆုံး ဘုန်းကြီးအဖြစ် နာမည်ပေးခံခဲ့ပြီးတဲ့ Rev. Dr. Kevin Fast ရဲ့ အလေးမစွမ်းရည်ဟာ ဘုရားသခင်ရဲ့ဆုကျေးဇူးဖြစ်ပါတယ်။ ၁၉ ရာစုရဲ့စွမ်းအားရှင်Louis Cyr ဆီမှ လှုံ့ဆော်မှု ရရှိပြီးတဲ့အချိန်မှစ နှစ်နဲ့ချီ မယုံနိုင်လောက်အောင် အလေးမစွမ်းရည်ကို အသက် ၅၁ နှစ်ရှိ ကနေဒါလူမျိုး Pastor ပြသလာခဲ့တာပါ။

တန်ချိန် ၁၈၉ အလေးချိန်ရှိ အလေးအများဆုံး လေယာဉ်ကို တစ်ယောက် အားဖြင့် ဆွဲတာ၊ အလေးဆုံး ထရပ်(ခ်)ကား လက်တစ်ဖက်တည်းဖြင့် ဆွဲတာ၊ အလေးလံဆုံး စက်ယန္တယားကို ပေတစ်ရာထိ ဒရွတ်တိုက်ဆွဲသွားတာ၊ ပုခုံးနှစ်ဖက် နဲ့ အလေးချိန် ၅၀၀ ကီလိုဂရမ်ကို အချိန်အကြာဆုံး ထမ်းထားနိုင် တာတွေဟာ ကမ္ဘာ့ ဂေးနစ်စ်ချိန်စံတွေကို မှတ်တမ်းစေနိုင်ခဲ့ပါတယ်။

တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေက မီးသတ်ကားကို ပေတစ်ရာဆွဲ သွားတာ၊ တန် ၄၀ ရှိအိမ်တစ်လုံးကို လမ်းမကြီးတစ်ခုဆီဆွဲသွားတာ၊ အမျိုးသမီး ၂၂ ယောက်ကို တစ်ချိန်တည်းမှာကျောကုံးပေါ် ထမ်းထားတာ စတာတွေလည်းပါဝင်တယ်။

သူဟာ မြောက်အမေရိက က Highland style games မှာ ကြေးစားအနေနဲ့ ပါဝင်ယှဉ်ပြိုင်ထားသူလည်းဖြစ်တယ်။

Source: Mirror
Trend Myanmar
ကမ္ဘာ့ အသန်မာဆုံး ဘုန်းကြီးအဖြစ် နာမည်ပေးခံခဲ့ပြီးတဲ့ Rev. Dr. Kevin Fast ရဲ့ အလေးမစွမ်းရည်ဟာ ဘုရားသခင်ရဲ့ဆုကျေးဇူးဖြစ်ပါတယ်။ ၁၉ ရာစုရဲ့စွမ်းအားရှင်Louis Cyr ဆီမှ လှုံ့ဆော်မှု ရရှိပြီးတဲ့ အချိန်မှစ နှစ်နဲ့ချီ မယုံနိုင်လောက်အောင် အလေးမစွမ်းရည်ကို အသက် ၅၁ နှစ်ရှိ ကနေဒါလူမျိုး Pastor ပြသလာခဲ့တာပါ။

ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရဟု စင်ဟွာသတင်းတွင်ဖော်ပြ

ခါကာဘိုရာဇီ တွင် မြန်မာတောင်တက်သမားနှစ်ဦးတို့ကို ရှာဖွေနေသည့် အဖွဲ့မှ ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်း မြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရကြောင်း စင်ဟွာသတင်း ဌာနက ဖော်ပြခဲ့သည်။