Tuesday, 19 August 2014

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးမီ ပြည်သူအား ချပြရန် ဗိုလ်ချုပ်ဂွန်မော်ပြော

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ကို လက်မှတ်မရေးထိုးမီ ပြည်သူလူထုအပါအဝင် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းအသီး သီးအား ချပြရန်လိုအပ်ကြောင်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွန်မော်ကပြောကြား သည်။
သြဂုတ် ၁၈ ရက်ကပြုလုပ်ခဲ့ သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ(UPWC) တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် နိုင်ငံ ရေးပါတီများ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက် ၍ သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွင် ဗိုလ် ချုပ်ဂွန်မော်က အဖွင့်မိတ်ဆက် စကားပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။‘‘ကျွန်တော်တို့ NCA လက် မှတ်ကိုမရေးထိုးမီ သက်ဆိုင်ရာ လူထုနဲ့အဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေးပါတီများကို ချပြဖို့လို တယ်’’ဟုဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်ဂွန်မော် က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ဆောင် ရွက်ရာတွင် NCCT အဖွဲ့ဝင်များအပြင် NCCT အဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် ကျွမ်းကျင်ပညာရှင်များအားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။

ဘိန်းကို မတားဆီးနိုင်လျှင် လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပအို့ဝ်ပါတီ တောင်းဆို

Photo: ဘိန်းကို မတားဆီးနိုင်လျှင် လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပအို့ဝ်ပါတီ တောင်းဆို
Tuesday, August 19, 2014

အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုအား ထိရောက်စွာ တားဆီးနှိမ်နင်းမှု မပြုလုပ်နိုင်ပါက လွတ် လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ က ရန်ကုန်မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုတွင် ပြောဆိုသွားသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) နှင့် နိုင်ငံရေး ပါတီ ၃၄ ပါတီတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီဝင် ဦးခွန်စိုးမြင့် က တင်ပြ ဆွေးနွေးသွားခြင်း ဖြစ်သည်။

ဘိန်းစိုက်ပျိုးတောင်သူများအပေါ် အစိုးရ အာဏာပိုင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ က ဘိန်းခွန် ကောက် ယူနေမည့်အစား ဘိန်းစိုက်ပျိုးခွင့်ကို တရားဝင် နှစ်အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဆွေးနွေး သွားသည်။

“ဘိန်းခူးတဲ့ရာသီမှာလည်း အစိုးရ စီမံချက်ဆိုပြီး စိုက်ခင်းတွေ လာဖျက်ကြတာက တမျိုး၊ ညကြီးမိုးချုပ် ဘိန်းစိုက်တဲ့ တောင်သူတွေရဲ့ အိမ်ကို ၀င်ရှာ၊ ဘိန်းတွေ့လိုဆိုပြီး ဖမ်းကြနဲ့ဆိုတော့ ဘိန်းစိုက်သူတွေမှာ မလုံခြုံတော့ဘူး။ ကျနော်တို့ဒေသက သေနတ်ဖောက် သံတွေ မရှိပေမယ့် မငြိမ်းချမ်းဘူး”ဟု ဦးခွန်စိုးမြင့်က ဧရာဝတီ သို့ ပြောသည်။

သူကဆက်ပြီး“ကျနော်တို့ ကွင်းဆင်းခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့ ဘိန်းစိုက်ရာဒေသတွေ ဖြစ်ကြတဲ့ ဆီဆိုင်မြို့နယ်ထဲက ၅ ရွာ၊ မောက် မယ် မြို့နယ်က ၃ ရွာနဲ့ ပင်လောင်းမြို့နယ်ထဲက၂ ရွာစလုံးမှာ တောင်သူတွေက ၁၀၀ ရာနှုန်းမှာ ၇၅ ရာနှုန်းကျော်လောက်က အဖွဲ့အစုံကို ဘိန်းခွန်ပေးနေရတာနဲ့ ကုန်တယ်”ဟု ပြောဆိုသည်။

ဘိန်းစိုက်တောင်သူများ၏ အိမ်ကို ရှာဖွေလျှင် ဘိန်းတွေ့ရမည်သာ ဖြစ်ကြောင်း၊ ဘိန်းခွန်လည်းပေးနေရသည့်အချိန်တွင် အမျိုးမျိုးသော ဘ၀မလုံခြုံမှုများ တွေ့ကြုံနေရမည့်အစား နှစ်အကန့်အသတ်ဖြင့် ဘိန်းကို တရားဝင်စိုက်ပျိုးခွင့်ပြုမည် ဆိုလျှင် တောင်သူများမှာ ဘ၀လုံခြုံအေးချမ်းမှုကို ရရှိခံစားရမည်ဖြစ်ကြောင်းလည်း ဦးခွန်စိုးမြင့်က ဆက်ပြောသည်။

အစိုးရအနေဖြင့် တရားဝင် စိုက်ပျိုးခွင့် မပြုလျှင်လည်း ဥပဒေစိုးမိုးမှုကို တိတိကျကျ ဆောင်ရွက်သင့်ကြောင်း၊ အစိုးရ အဖွဲ့အစည်း များမှ ဥပဒေချိုးဖောက်မှု ရှိနေခြင်းကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ၎င်းက ပြောဆိုသည်။

“ဘယ်ရွာသားတွေကမှ ဘိန်းကို စိုက်ချင်ကြတာ မဟုတ်ဘူး။ သူတို့နေတဲ့နေရပ်က လမ်းပန်းဆက်သွယ်ရေး၊ သီးနှံဈေးကွက်အခြေ အနေတွေကြောင့် ဘိန်းကိုစိုက်နေကြရတာ။ မစိုက်နဲ့ဆိုလည်း အစိုးရအနေနဲ့ ထိထိရောက်ရောက် ပြည်သူတွေ အတွက် အကောင် အထည်ဖော်ဖို့ လိုတယ်။ အခုက အပြတ်မသားနဲ့ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိတာကြောင့် နောက်ဆုံးခံရတော့ ဒေသခံ တောင်သူတွေပဲ”ဟု ဦးခွန်စိုးမြင့်က ဆိုသည်။

ရခိုင် အမျိုးသား ပါတီ ခေါင်းဆောင် ဦးအေးသာအောင် ကလည်း လက်ရှိ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး တရား ၀င် ခွင့်ပြုရန် မဖြစ်နိုင်သော်လည်း အစိုးရအနေဖြင့် ထိထိရောက် ရောက် ဆောင်ရွက်ခြင်း မရှိသဖြင့် နောက်ဆုံးနစ်နာသူများမှာ ဒေသခံ တောင်သူများပင်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုအချိန်ထိ ဘိန်းစိုက်နေကြတယ်ဆိုတာ အစိုးရက ထိထိရောက်ရောက် မလုပ်နိုင်သေးလို့ဘဲ။ ဘိန်းဖျက်တဲ့ စိုက်ခင်းတွေ ဆို တာ လည်း အဖျက်ပြဖို့ သက်သက် စိုက်ပျိုးထားတာ။ တောင်သူတွေမှာက လာသမျှ အားလုံးကို ကြောက်လန့်ရတော့ ပိုက်ဆံပေး ရတာပေါ့။ ဒီကြားထဲ ဖမ်းတဲ့အဖွဲ့ကဖမ်း၊ တောင်သူတွေကို ထောင်ချ။ တောင်းတဲ့သူက တောင်းနဲ့။ မစိုက်စေချင်ဘူးဆိုရင် တကယ် ထိရောက်တဲ့ ကူညီမှုတွေကို အစိုးရက ပေးလေ။ နောက်ဆုံး နစ်နာနေရတာက ဒေသခံတောင်သူတွေပဲလို့ သူပြောတာကို ကျနော် နားလည်တယ်”ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံး(UNODC) က အရှေ့တောင်အာရှ ကွင်းဆင်း လေ့လာချက်အရ မြန်မာနိုင်ငံ သည် ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ်တန် ထုတ်လုပ်ထားကြောင်း ခန့်မှန်းထားပြီး ကမ္ဘာပေါ်၌ အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ကြေညာ ထား သော်လည်းUNODC ၏ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်တွင် ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက် ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြ ထားသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ယနေ့ ကျင်းပသော သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီ ၃၄ ပါတီမှ ကိုယ်စားလှယ်များအပြင် အစိုးရဘက်မှ ဝန်ကြီးများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင် များလည်း ပါဝင်သည်။

အဆိုပါဆွေးနွေးပွဲသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတို့အကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးပြီးလျှင် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်၌ ပါဝင်ရမည့် နိုင်ငံရေးမူဘောင် ချမှတ်နိုင်ရေးအတွက် အလွတ် သဘော ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပစ်ရပ်ရေး စာချုပ်နှင့် စစ်မှန်သည့် ဖက်ဒရယ်မူတို့ကို ခိုင်မာသည့် အဆင့်ရရှိရေး လုပ်ဆောင်ကြရန် နိုင်ငံရေးပါတီ အများစုက တိုက်တွန်းခဲ့ကြသည်။
http://burma.irrawaddy.org/
အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုအား ထိရောက်စွာ တားဆီးနှိမ်နင်းမှု မပြုလုပ်နိုင်ပါက လွတ် လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ က ရန်ကုန်မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုတွင် ပြောဆိုသွားသည်။ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) နှင့် နိုင်ငံရေး ပါတီ ၃၄ ပါတီတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီဝင် ဦးခွန်စိုးမြင့် က တင်ပြ ဆွေးနွေးသွားခြင်း ဖြစ်သည်။

မြန်မာနှင့်ထိုင်း တန်ဖိုးနည်းအိမ်ရာ ဘယ်လိုကွာသလဲ


စာရေးသူတို့နိုင်ငံမှာရှိတဲ့ အစိုးရထိပ်တန်းအရာရှိကြီးတွေ၊ တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနက် အများစုဟာ အာဆီယံနိုင်ငံထဲမှာ စင်ကာပူနိုင်ငံရဲ့ အိမ်ရာဖွံ့ဖြိုးမှုကို အလွန်ပဲအားကျနေကြတာ တွေ့ရပါတယ်။ တချို့က မလေးရှားနိုင်ငံကိုပါ သဘောကျနေကြပါတယ်။ မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးမှာ တန်ဖိုးနည်းအိမ်ရာဖွံ့ဖြိုးရေးဟာ အဓိကအစိတ်အပိုင်း ဖြစ်ပါတယ်။ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ဟာ တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်ရင် အထပ်မြင့်အိမ်ရာတွေကိုပဲ သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လုပ်နေကြတာ တွေ့မြင်ရမှာပါ။စာရေးသူတို့နိုင်ငံမှာ အဲဒီလိုအထပ်မြင့်တွေ ဆောက်လုပ်ပြီး တန်ဖိုးလျော့နည်းအောင် မလုပ်နိုင်သေးပါဘူး။ ဆိုလိုတာက ၀င်ငွေနည်းပြည်သူတွေ လက်လှမ်းမီစေတဲ့ တန်ဖိုးနည်းအိမ်ရာဆိုရာမှာ အထပ်မြင့်တိုက်တွေ လုံးဝမပါဝင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရာမဲ့ပြည်သူတွေရဲ့ဝင်ငွေက အလွန်နိမ့်ကျနေတဲ့အပြင် အထပ်မြင့်တိုက်တွေက အထပ်မြင့်လေ ကုန်ကျစရိတ်က ကြီးမားလေ ဖြစ်နေပါတယ်။ အဲဒီနှစ်ခုရဲ့ ကြီးမားတဲ့ကွာဟချက်ကို လျော့နည်းသွားအောင် လုပ်ဆောင်ပေးလို့ မရနိုင်သေးတာ အမှန်ပါပဲ။ လက်ရှိ ရန်ကုန်မြို့က ဧရာဝဏ်နဲ့ ရတနာအထပ်မြင့် အိမ်ရာတွေဟာလည်း အဆင့်မြင့်အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာတွေသာ ဖြစ်နိုင်ပြီး တန်ဖိုးနည်းအိမ်ရာ လုံးဝမဖြစ်နိုင်ပါဘူး။

ပါကစ္စတန်နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယဘက်က ဖျက်သိမ်း

Photo: ပါကစ္စတန်နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယဘက်က ဖျက်သိမ်း
Tuesday, August 19, 2014

ပါကစ္စတန်နှင့် နိုင်ငံခြားရေး ၀န်ကြီးအဆင့် ဆွေးနွေးပွဲကို အိန္ဒိယက သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဆွေးနွေးပွဲများကို သြဂုတ်လ ၂၅ရက်၊ အစ္စလာမ်မာဘက်တွင် ပြုလုပ်ရန် စီစဉ် ထားခဲ့သည်။
အိန္ဒိယ၏ ပြည်တွင်းရေးကိစ္စများတွင် ၀င်ရောက်စွက်ဖက်ရန် ပါကစ္စတန်က ဆက်လက်ကြိုးပမ်းနေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဆီးယက် အက္ကဘာရူဒင် က ပြောကြားခဲ့သည်။
Ref : Xinhua
ပါကစ္စတန်နှင့် နိုင်ငံခြားရေး ၀န်ကြီးအဆင့် ဆွေးနွေးပွဲကို အိန္ဒိယက သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဆွေးနွေးပွဲများကို သြဂုတ်လ ၂၅ရက်၊ အစ္စလာမ်မာဘက်တွင် ပြုလုပ်ရန် စီစဉ် ထားခဲ့သည်။အိန္ဒိယ၏ ပြည်တွင်းရေးကိစ္စများတွင် ၀င်ရောက်စွက်ဖက်ရန် ပါကစ္စတန်က ဆက်လက်ကြိုးပမ်းနေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဆီးယက် အက္ကဘာရူဒင် က ပြောကြားခဲ့သည်။
Ref : Xinhua

နော်ဝေလူငယ်ညီလာခံသို့တက်ရောက်ရန် တယ်လီနောက မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်နှစ်ဦး ရှာဖွေ

နော်ဝေ နိုင်ငံတွင် ကျင်းပမည့်လူငယ်ညီလာ ခံ (Youth Summit) တွင် တက် ရောက်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စား ပြုစီးပွားရေး လုပ်ငန်းရှင်လူငယ်နှစ် ဦးကို တယ်လီနောက ရှာဖွေနေ ကြောင်း သိရှိရသည်။  မြန်မာနိုင်ငံကိုယ်စားပြုစီးပွား ရေးလုပ်ငန်းရှင်လူငယ်နှစ်ဦးရွေးချယ် ရာ၌ ၎င်းတို့ရေးသားတင်ပြသော စာစီစာကုံးများအပေါ်တွင် ဆန်ခါ တင်ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ ဆန်ခါတင် ရွေးချယ်ခံရသူများကို စနေ၊ တနင်္ဂနွေအလုပ်ရုံဆွေးနွေးပွဲ သို့တက်ရောက်စေပြီး ၎င်း တို့၏အတွေးအခေါ်စိတ်ကူးများကို လက် တွေ့ဆက်လက် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ ဒီ Youth Summit ကရရှိလာတဲ့အခွင့်အလမ်း နဲ့စိတ်ကူး အတွေးအခေါ်အသစ်တွေ ကတစ်ဆင့် လူမှုအသိုင်းအဝိုင်းအ တွက် ရေရှည် အကျိုးရှိစေမယ့်၊ မြန်မာ နိုင်ငံကိုကိုယ်စားပြုပြီး တက်ရောက် နိုင်မယ့် လူငယ်စီး ပွားရေး လုပ်ငန်းရှင် နှစ်ဦးကို ရှာဖွေနေတာပါ''ဟု တယ်လီ နောမြန်မာ အမှုဆောင်အရာရှိချုပ် M r. Petter Furberg က ပြောသည်။

မြန်မာပေးမန့်ယူနီယံကတ် (MPU)ကို နိုင်ငံတကာတွင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်သို့တင်ပြထား


Photo: မြန်မာပေးမန့်ယူနီယံကတ် (MPU)ကို နိုင်ငံတကာတွင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်သို့တင်ပြထား
Tuesday, August 19, 2014

 ပြည်တွင်း ဘဏ်များအသုံးပြုလျက် ရှိသည့် မြန်မာပေး မန့်ယူ နီယံကတ် (MPU) များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဗဟိုဘဏ် သို့တင်ပြထား ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ မှသိရသည်။

လက်ရှိတွင် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည့် မြန်မာပေး မန့် ယူနီယံကတ် များ သည် Debit Card အမျိုးအစားဖြစ်ပြီး ဘဏ်တွင် ငွေစာရင်း ဖွင့်ထားရ မည်ဖြစ်ကာ ယင်းငွေစာရင်းအတိုင်းသာ ထုတ်ယူ နိုင်သည့် ကတ်အမျိုး အစားဖြစ် ပြီး ယင်းကို နိုင်ငံတကာတွင်အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau (JCB) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

မြန်မာပေးမန့်ယူနီယံမှ CEO ဦးဇော်လင်းထွဋ်က''လက်ရှိဗဟို ဘဏ်ကိုတင်ထား တာ နှစ်လလောက် တော့ရှိပါပြီ၊ ခွင့်ပြုချက်ကျတာနဲ့ လုပ်ငန်းတွေ စတင်သွား မှာပါ''ဟု ဆိုသည်။ 

မြန်မာပေးမန့်ယူနီယံအဖွဲ့တွင် ပြည်တွင်းဘဏ် ၁၉ ဘဏ်ဖြင့်ဖွဲ့ စည်းထားပြီး လက်ရှိတွင်တရုတ် နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau(JCB) ကတ်များ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဦးဇော်လင်းထွဋ် က''အဲဒီကတ် တွေနဲ့သာ ချိတ်ဆက်လို့ရမယ်ဆိုရင် လက်ရှိသူတို့ ကတ်တွေ ကိုအသုံးပြု နေတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်မှာပါ MPU ကတ်ကို အသုံးပြုနိုင်မယ်''ဟု ဆို သည်။

ပြည်တွင်း၌ အသုံးပြုရန်အ တွက် MPU Network ဖြင့် အသုံးပြုရ မည်ဖြစ် ပြီး ပြည်ပနိုင်ငံ များတွင် CUP နှင့် JCB Network ဖြင့် အသုံးပြုသွားရ မည်ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ဆိုသည်။

လက်ရှိ CUP/JCB ကတ်များ ကို မြန်မာနိုင်ငံရှိအဖွဲ့ဝင်ဘဏ် များ၏ အေတီအမ် စက်များ တွင် ငွေထုတ်ယူခြင်း၊ ဈေးဝယ်စင် တာများ ရှိ POS စနစ်များတွင် အသုံးပြု နိုင် ပြီး နိုင်ငံတကာတွင် Visa နှင့် Master ကတ်များကဲ့ သို့မ ဟုတ်သော် လည်း အာရှနိုင်ငံများတွင် လူသုံးများသော ငွေကြေး ကတ် များဖြစ်ကြောင်း သိရ သည်။

ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး က '' CUP နှင့် JCB ကတ်တွေက နိုင်ငံတကာ မှာဆိုရင် Visa နှင့် Master တို့လောက်မတွင် ကျယ် ဘူး၊ ဒါပေမဲ့ အာရှမှာဆို ရင်တော့ လူသုံးများတဲ့ကတ်တွေပါ၊ ပြည်တွင်း မှာသုံးနေ တဲ့ကတ်တွေလဲ သူတို့သုံး နိုင်မယ်ဆို ရင်တော့ လုပ်ငန်း ရှင်တွေ၊ ပြည်တွင်းက ခရီးသွားတွေ အတွက် အဆင်ပြေ နိုင်တယ်'' ဟု ဆိုသည်။

လက်ရှိဗဟိုဘဏ် မှ မြန်မာနိုင်ငံ သားများကို ငွေကြေးကတ်များအ သုံးပြုခွင့်ပြု ပြီး နောက်ပိုင်း Visa ၊ Master တို့နှင့် ပြည်တွင်း အင်အား ကြီးဘဏ်တချို့နှင့် ပူးပေါင်း ကာ ပြည်ပနိုင်ငံများတွင် အသုံးပြုနိုင် သော ငွေကြေးကတ်များ ထုတ် လုပ် ရန်ခွင့်ပြုထားကြောင်း သိရသည်။

A K S
ပြည်တွင်း ဘဏ်များအသုံးပြုလျက် ရှိသည့် မြန်မာပေး မန့်ယူ နီယံကတ် (MPU) များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဗဟိုဘဏ် သို့တင်ပြထား ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ မှသိရသည်။ လက်ရှိတွင် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည့် မြန်မာပေး မန့် ယူနီယံကတ် များ သည် Debit Card အမျိုးအစားဖြစ်ပြီး ဘဏ်တွင် ငွေစာရင်း ဖွင့်ထားရ မည်ဖြစ်ကာ ယင်းငွေစာရင်းအတိုင်းသာ ထုတ်ယူ နိုင်သည့် ကတ်အမျိုး အစားဖြစ် ပြီး ယင်းကို နိုင်ငံတကာတွင်အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau (JCB) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

ကြယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ်ဆိုတဲ့လူမင်း

Photo: ကြယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ်ဆိုတဲ့လူမင်း
Tuesday, August 19, 2014

ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆုရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။

‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌအနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက်     အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အထိကြိုးစားခဲ့တယ်၊  နောက်ပြီး  ကိုယ့်သရုပ် ဆောင်ချက်ကို   တစ်ယောက် တည်းကြည့်ရတာမှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ရမယ်ဆိုရင်လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။

ကြယ်စင်မော်ကွန်းဇာတ် ကားသည် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းကိုရိုက်ကူးတင်ပြ ထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ထားကာ နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းအနေဖြင့်ပြသ ခဲ့သော်လည်း ယင်းရုပ်ရှင်ရုံတင်ပြသရာတွင်ရက်တိုးပြသခဲ့ရသည်။

ထို့အပြင် ကြယ်စင်မော် ကွန်းဇာတ်ကားသည် ၂၀၁၃ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆုပထမ အဆင့်ရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် ရွေးချယ်ခဲ့သော ရုပ်ရှင်ခြောက်ကားတွင်လည်း ပါဝင်လျက်ရှိသည်။

ရုပ်ရှင်အစည်းအရုံးအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရာနှုန်းပြည့်ကျင်းပခွင့်ရရှိခဲ့၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ဦးအနေဖြင့်  အခမ်းနားဆုံးကျင်းပနိုင်ရန် စဉ်းစားထားကြောင်း ၎င်းကဆိုသည်။

ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲအတွက်လည်းလုပ်ငန်း စဉ်များဆက်လက်ဆောင်ရွက် လျက်ရှိပြီး   ရုပ်ရှင်လောကသား များကို ချပြနိုင်မည့်ရုပ်ရှင်ဥပဒေ မူကြမ်းအတွက်လည်း နောက်ဆုံး အဆင့်ရေးဆွဲမှုများ  ပြုလုပ်နေ ကြောင်း ၎င်းကဆိုသည်။

7Day News Journal ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆုရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။ ‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌအနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက် အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အထိကြိုးစားခဲ့တယ်၊ နောက်ပြီး ကိုယ့်သရုပ် ဆောင်ချက်ကို တစ်ယောက် တည်းကြည့်ရတာမှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ရမယ်ဆိုရင်လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။

ခေတ်မီတိုးတက်ခြင်းနောက်ကွယ်က အန္တရာယ်တချို့

Photo: ခေတိမီတိုးတက်ခြင်းနောက်ကွယ်က အန္တရာယ်တချို့
Tuesday, August 19, 2014

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို စိတ်ဝင်စားသွားနိုင်ပါတယ်။ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့ စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။ မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထားဖို့ လိုပါတယ်။

ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့ နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့ ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။

နောက်ပြီး သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။ ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။

ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

မျက်စိထဲသို့ တစ်စုံတစ်ခုဝင်ရောက်ပါက အန္တရာယ်မရှိအောင် ဘယ်လိုလုပ်သင့်သလဲ

Photo: မျက်စိထဲသို့ တစ်စုံတစ်ခုဝင်ရောက်ပါက အန္တရာယ်မရှိအောင် ဘယ်လိုလုပ်သင့်သလဲ
Tuesday, August 19, 2014

''မျက်စိထဲကို တစ်စုံတစ်ခုဝင်သွားပြီဆိုရင် ဘယ် လိုလုပ်သင့်တယ်ဆိုတာ မသိကြဘူး။ အဲဒီလို အခါမျိုးမှာ အမြင်အာရုံကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြဖို့လို ပါ တယ်'' ဟု မျက်စိအထူးကုဆရာ ဝန်ကြီးပေါမောက္ခဒေါက်တာတင်ဝင်း ကပြောကြားသည်။
ဓာတ်ဆီ၊ ရေနံဆီဝင်ရောက်ပါက
***********************************
မျက်စိထဲသို့ဓာတ်ဆီ၊ ရေနံဆီ တစ်ခုခုဝင်သွားပါက ချက်ချင်းမျက်လုံး အား သန့်စင်သည့်ရေဖြင့် ဆေးကြော သင့်ကြောင်း၊ ယင်းနောက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကာ ကုသမှုများကို ခံယူသင့်ကြောင်း သိရသည်။
အက်စစ်၊ ထုံးဝင်ပါက 
************************
အကယ်၍ထုံးဝင်သည် ဆိုပါက လည်း ဝင်သွားသည့်ထုံး အစအန များပါမကျန်အောင် သင့်လျော်သည့် အရှိန်ပါသော ရေပိုက်တစ်ခုခုအောက် တွင်ခံ၍ မျက်စိကိုဆေးကြောခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ မျက်လုံးအတွင်းသို့ အက်စစ် ဝင်ရောက်သည်ဆိုပါက ချက်ချင်းနီး စပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန် ဆုံးသွားရောက်ပြသကြသော်လည်း ထုံးဝင်ရောက်ခြင်းကိုမူ အန္တရာယ် မရှိဟုထင်မှတ်ကာ ပေါ့လျော့နေတတ် ကြကြောင်း ဒေါက်တာတင်ဝင်းကဆို သည်။
''လူတွေရဲ့ခံယူချက်က ဘာလဲ ဆိုတော့ ဘက်ထရီအက်စစ်မျက်လုံး ထဲဝင်ရင်ချက်ချင်းပဲ ဆေးရုံကိုပြေး လာကြတယ်။ဘက်ထရီ အက်စစ်က ပျော့တယ်။ မျက်လုံးကို ဘာမှဆိုးဆိုး ရွားရွားမဖြစ်ဘူး။ ထုံးကတော့ မျက်လုံးထဲကို စိမ့်ဝင်နိုင်တယ်။ အဲဒီ အခြေအနေတွေမှာ ဖြစ်ပြီးတစ်ရက် လဲမရောက်၊ နှစ်ရက်လဲမရောက် နောက်ကျပြီးတော့မှ ရောက်လာကြ တယ်''ဟုယင်းကပြောသည်။
မျက်လုံးအတွင်းသို့ထုံး ဝင် ရောက်သွားပြီဆိုပါက မျက်စိကိုရေ သန့်သန့်နှင့်စင်ကြယ်အောင် သေသေ ချာချာဆေးကြောပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ သို့အမြန်ဆုံးသွားရောက် ပြသသင့်ပြီး ထုံးသည်ပါးစပ်နှင့် စား၍ ရသောအရာဖြစ်သော်လည်း မျက်စိ အတွင်းသို့ ဝင်သွားပါက ယင်းထုံးသည် မျက်စိထဲရှိ ကလီစာများကို လှိုက်စား ကာ မျက်စိကွယ်သည်အထိဖြစ်သွား နိုင်ကြောင်း အသိပေးပြောကြား ခဲ့သည်။
ယင်းကြောင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များအား
ထုံးဝယ်ယူခိုင်းခြင်းများမပြုလုပ်ကြရန်နှင့် ထုံးများကို ထုပ်ပိုးရာတွင် လည်း အလွယ်တကူပေါက်နိုင်သော ထုပ်ပိုးနည်းများဖြင့် မပြုလုပ်သင့် ကြောင်း အသိပေးပြောကြားသည်။
အမြင်အာရုံဆုံးရှုံးစေနိုင်သည့် အရာများ
********************************************
မျက်စိထဲသို့ထုံး၊ အက်စစ်၊ အမိုးနီးယား၊ ကော့စတစ်၊ အယ်လ် ကာလီအပြင်းစသည်တို့ မျက်စိထဲသို့ ဝင်သွားပါက မျက်ကြည်လွှာတွင် အနာ ဖြစ်စေပြီးမျက်မြှေးပါးလွှာတွင် အနာ ဖြစ်ခြင်း မျက်လုံးအိမ်နှင့် မျက်ခမ်း ကပ်တွယ်သွားကာ မျက်လုံးဖွင့်မရ ခြင်း၊ မျက်လုံးအတွင်း ရောင်ရမ်းခြင်း
စသည့်နောက်ဆက်တွဲရောဂါများဖြစ် ကာ အမြင်အာရုံပင် ဆုံးရှုံးစေနိုင် ကြောင်း သိရသည်။
မျက်စိထဲသို့ယင်းပစ္စည်းများ ဝင်လျှင် ဝင်ချင်းရှေးဦးသူနာပြုစုနည်း တချို့ကိုပြုလုပ်နိုင်ပါက အမြင်အာရုံ ဆုံးရှုံးစေသည့် နောက်ဆက်တွဲဖြစ် ပေါ်လာမည့်ရောဂါများကို အတော် အသင့် ကာကွယ်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
KTM
''မျက်စိထဲကို တစ်စုံတစ်ခုဝင်သွားပြီဆိုရင် ဘယ် လိုလုပ်သင့်တယ်ဆိုတာ မသိကြဘူး။ အဲဒီလို အခါမျိုးမှာ အမြင်အာရုံကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြဖို့လို ပါ တယ်'' ဟု မျက်စိအထူးကုဆရာ ဝန်ကြီးပေါမောက္ခဒေါက်တာတင်ဝင်း ကပြောကြားသည်။
ဓာတ်ဆီ၊ ရေနံဆီဝင်ရောက်ပါက
***********************************
မျက်စိထဲသို့ဓာတ်ဆီ၊ ရေနံဆီ တစ်ခုခုဝင်သွားပါက ချက်ချင်းမျက်လုံး အား သန့်စင်သည့်ရေဖြင့် ဆေးကြော သင့်ကြောင်း၊ ယင်းနောက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကာ ကုသမှုများကို ခံယူသင့်ကြောင်း သိရသည်။


Master Sports စက်ရုံလုပ်သားများ နစ်နာကြေး ရက် ၃ဝ အတွင်းဖြေရှင်းပေးရန် ခုံသမာဓိရုံး ဆုံးဖြတ်လိုက်

 Photo: Master Sports စက်ရုံလုပ်သားများ နစ်နာကြေး ရက် ၃ဝ အတွင်းဖြေရှင်းပေးရန် ခုံသမာဓိရုံး ဆုံးဖြတ်လိုက်
Tuesday, August 19, 2014

ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများအား အလုပ်ပိတ်နစ်နာကြေးနှင့် လုပ်ခလစာများကို သြဂုတ် ၁၉ရက်မှ ရက်ပေါင်း ၃ဝအတွင်း အလုပ်ရှင်မှ ဖြေရှင်းပေးရန် ခုံသမာဓိရုံးက သြဂုတ်လ ၁၉ရက်တွင် ဆုံးဖြတ်ချက်ချလိုက်ပြီဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒ ပုဒ်မ (၁၇)အရ ခုံသမာဓိရုံးမှ သြဂုတ်လ ၁၉ရက်မှ စ၍ ရက်၃ဝအတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ဖြေရှင်းပေးရမည်ဖြစ်သည်။

ယင်းအမိန့်စာတွင် လုပ်သက် ၃လအောက် အလုပ်သမားများအား အလုပ်ပိတ်သိမ်း နစ်နာကြေး ၁လစာပေးရန်၊ လုပ်သက် သုံးလမှ တစ်နှစ်အောက်ကို လုပ်ခလစာ၏ နှစ်ဆနှင့် တစ်နှစ်မှ သုံးနှစ်အတွင်း အလုပ်သမားများကို လုပ်ခလစာ သုံးဆနှုန်း စသဖြင့် အမျိုးအစား ငါးမျိုး သတ်မှတ်ထားသည်။

ခုံသမာဓိရုံးမှ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ရီက "ကျွန်မတို့ရုံးက ဆုံးဖြတ်ချက်ချတဲ့ရုံး။ ရက် ၃ဝပြည့်လို့မှ အလုပ်ရှင်ဘက်က မဖြေရှင်းပေးဘူးဆိုရင် တရားစွဲတဲ့ရုံးက စွဲရမှာပေါ့။ ခုံသမာဓိရုံးကတော့ ဥပဒေနဲ့ ညီမညီဆိုတာပဲ ဆုံးဖြတ်ချက် ချမှတ်ပေးရမှာ"ဟု မဇ္ဈိမကို ပြောသည်။

Master Sport စက်ရုံ အလုပ်သမားများကို အလုပ်ရှင်က ရက်ပေါင်း ၃ဝအတွင်း ဖြေရှင်း မပေးပါက အလုပ်သမားဝန်ကြီးအနေဖြင့် နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်းနိုင်သည်ဟု အလုပ်သမားဝန်ကြီး ဦးအေးမြင့်က သြဂုတ်လ ၁၆ရက်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၁) ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်ပြန်လည်နေရာချထားရေးနှင့် ထုတ်ကုန်ပစ္စည်းများ ပြပွဲ၌ ပြောကြားခဲ့ကြောင်း ကိုထွန်းထွန်းနိုင်က ဆိုသည်။

ပထမနည်းလမ်းအနေဖြင့် မြန်မာနိုင်ငံ တရားရုံးချုပ်မှ တစ်ဆင့် ကိုရီးယားနိုင်ငံ တရားရုံးချုပ်ကို ချိတ်ဆက်ကာ Master Sport စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားကို တရားစွဲဆိုခြင်းနှင့် ဒုတိယအနေဖြင့် လှိုင်သာယာရှိ စက်ရုံအား ချိတ်ပိတ်ကာ စက်ရုံအတွင်းရှိ ကျန်ရှိပစ္စည်းများကို ထုခွဲရောင်းချကာ အလုပ်သမားများ၏ နစ်နာကြေးများ၊ လုပ်ခလစာများကို ဖြေရှင်းသည့် နည်းဖြင့် ဖြေရှင်းပေးမည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။

စက်ရုံပိတ်သိမ်းခဲ့သည့် မာစတာစပေါ့ စက်ရုံမှ အလုပ်ရှင်အား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကိုရီးယားသံရုံးမှတစ်ဆင့် ဆင့်ခေါ်သော်လည်း မြန်မာနိုင်ငံသို့ လာရောက်ခြင်း မရှိသေးပေ။

Master Sport ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈ဝဝခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့်နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၇ရက်ကလည်း လှိုင်သာယာ စက်ရုံရှေ့မှ ဗဟန်းမြို့ ကိုရီးယားသံရုံးအထိ လမ်းလျောက်ကာ သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

လက်ရှိတွင် ယင်းစက်ရုံမှ အလုပ်သမားများမှာ အလုပ်လက်မဲ့ဖြစ်နေပြီး Master Sport အလုပ်သမားများ အလုပ်ရရှိရန် အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်၍ အလုပ်ရှင်များနှင့် သြဂုတ်လ ၂ရက်က ချိတ်ဆက်ပေးခဲ့သည်။ သို့သော် ယခုအချိန်ထိ အလုပ်သမား ၈ဝဝခန့် အထဲမှ အလုပ်သမား ၅ဝဦးသာ အလုပ်ရရှိခဲ့ပြီး အများစုမှ Master Sport စက်ရုံမှ ဆန္ဒပြ အလုပ်သမားဟု ဆိုလျှင် စက်ရုံများက အလုပ်မခန့်၍ အလုပ်လက်မဲ့ဖြစ်နေဆဲ ဖြစ်သည်။
Mizzima
 ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများအား အလုပ်ပိတ်နစ်နာကြေးနှင့် လုပ်ခလစာများကို သြဂုတ် ၁၉ရက်မှ ရက်ပေါင်း ၃ဝအတွင်း အလုပ်ရှင်မှ ဖြေရှင်းပေးရန် ခုံသမာဓိရုံးက သြဂုတ်လ ၁၉ရက်တွင် ဆုံးဖြတ်ချက်ချလိုက်ပြီဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒ ပုဒ်မ (၁၇)အရ ခုံသမာဓိရုံးမှ သြဂုတ်လ ၁၉ရက်မှ စ၍ ရက်၃ဝအတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ဖြေရှင်းပေးရမည်ဖြစ်သည်။

LG G3 review စောင့်ရတာတန်တဲ့ ဖုန်းတစ်လုံး


LG G3 ဟာ ကောင်းမွန်တဲ့ဖုန်းခေါ်ဆိုနိုင်မှု၊ မြန်ဆန်တဲ့ LTE Data Speed, ကောင်းမွန်တဲ့ကင်မရာ၊ တောက်ပပြီး ရုပ်ထွက်ကောင်းတဲ့မျက်နှာပြင်၊ လုပ်ဆောင်ချက်မြန်မြန်လုပ်နိုင်ဖို့အတွက် quad-core processor၊ Android 4.4 ကိုပြန်လည်ပြင်ဆင်ထားတဲ့ flat UI၊ ယခင် LG G2 မော်ဒယ်ထက် အဘက်ဘက်မှာ ပိုမိုထူးခြားကောင်းမွန်လာတဲ့စနစ်များ
The Bad : Resolution 2560x1440 ပမာဏရှိ QHD မျက်နှာပြင်ကိုတပ်ဆင်ထားပေးတာကြောင့် ပါဝါစားပြီး ဘထ္ထရီသက်တမ်းကို တိုတောင်းစေပါတယ်
The Bottom Line : ကောင်းမွန်တဲ့ဒီဇိုင်းနဲ့ feature အစုံအလင်နဲ့ LG ကုမ္ပဏီဟာ ၄င်းရဲ့ တောင်ကိုရီးယားကုမ္ပဏီပြိုင်ဘက် Samsung ကိုကောင်းကောင်း စိန်ခေါ်နိုင်လာပါတယ်
LG ကုမ္ပဏီဟာ စမတ်ဖုန်းကြိုးဝိုင်းထဲကို Samsung ထက် အမြဲတမ်းခြေတစ်လှမ်းနောက်ကျပြီးမှ ဝင်လေ့ရှိပါတယ်။ အခုလည်း Galaxy S5 မိတ်ဆက်ပြီးကာမှ LG G3 ကို ဈေးကွက်ထဲ မိတ်ဆက်ခဲ့ပါတယ်။ အထူးသဖြင့် မိခင်ကုမ္ပဏီတွေရဲ့ဒေသ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီဖုန်း၂လုံးရဲ့ပြိုင်ပွဲဟာ ပြင်းထန်လှပါတယ်။ သတင်းတွေအရတော့ စစ မိတ်ဆက်ချင်းကာလမှာ LG G3 ရဲ့ ရောင်းအားနှုန်းဟာ Galaxy S5 ထက် သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ် နိုင်ငံတွင် ဆော်ဒီ မင်းသား လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက် ခံရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အပြင်ဘက်တွင် သြဂုတ် ၁၈ရက်က ဆော်ဒီမင်းသား တစ်ဦး လိုက်ပါလာသည့် ယာဉ် တန်းကို သေနတ်သမားများ တိုက်ခိုက်ခဲ့ပြီး ယူရို ၂၅ဝဝဝဝ ခန့်နှင့် အရေးကြီးသော စာရွက်စာတမ်း များကို လုယူ သွားခဲ့ကြောင်း သတင်းဌာန တစ်ခုမှ ထုတ်ပြန်ခဲ့သည်။

"ရင်ခုန်ဖော်ရင်ခုန်ဘက်" ဒုတိယစီးရီး စီစဉ်နေသည့် ပူစူး

Photo: "ရင်ခုန်ဖော်ရင်ခုန်ဘက်" ဒုတိယစီးရီး စီစဉ်နေသည့် ပူစူး
Tuesday, August 19, 2014

သီချင်းအေးအေးများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် အဆိုတော် ပူစူးက ၎င်း၏ ဒုတိယ တစ်ကိုယ်တော် ဖြစ်သည့်"ရင်ခုန်ဖော် ရင်ခုန်ဘက်"ကို စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။

"ဘယ် ထုတ်လုပ်ရေးက ထွက်ဖြစ်မယ် မသိသေးပါဘူး။ အရင်သီချင်းတွေ ထဲကနေပြီး ခွဲထွက်မှာပါ" ဟု၎င်းကပြောသည်။

အဆိုပါ ရင်ခုန်ဖော်ရင်ခုန်ဘက် အယ်ဘမ်အတွက် သီချင်း(၁ဝ)ပုဒ် ပြီးစီးပြီ ဖြစ်ပြီး ၁၂ပုဒ် ပါဝင်မည်ဖြစ်ကာ အော်ဒီယို အဖြစ် ထွက်ရှိမည်ဖြစ်သည်။

ယင်း အယ်ဘမ်တွင် ပေါ့ပ်သီချင်းပုံစံ များအပြင် ၎င်းသီဆိုနေကျ သီချင်းပုံစံထက် ကွဲလွဲသည့် တေးဂီတများလည်း ပါဝင်မည်ဖြစ်ကာအဆိုတော် ပူစူးရေးသား ထားသည့် သီချင်း ခုနစ်ပုဒ် အပြင် နန္ဒ ၊သုအောင် နှင့်ခိုင်မြဲ တို့၏ တေးသီချင်းများလည်း ပါဝင်မည်ဖြစ်သည်။

"ရင်ခုန်ဖော်ရင်ခုန်ဘက်" စီးရီးခေါင်းစဉ် သီချင်းကို စုံတွဲ သီချင်းပုံစံ အဖြစ် Lဆိုင်းဇီနှင့် တွဲဖက်သီဆို မည်ဖြစ်သည်။ ယင်း အယ်ဘမ် ကို ဒီဇင်ဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး Immortal Band ဖြင့် တီးခတ် ထားကာImmortal Studio တွင် အသံသွင်း ထားသည်။

အဆိုတော် ပူစူးသည် ၂ဝဝ၄ ခုနှစ်က စတင်ပြီး ဂီတလောက ထဲကို စတင် ဝင်ရောက် ခဲ့ပြီး "နေချင်တာမင်းအနား"သီချင်းဖြင့်ပရိသတ် သိရှိ ခဲ့ကာ"တစ်မိုးအောက် "အယ်ဘမ်ကို ၂ဝဝ၅ခုနှစ်တွင် ထွက်ရှိခဲ့သည်။

Mizzima - News in Burmese
သီချင်းအေးအေးများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် အဆိုတော်ပူစူးက ၎င်း၏ ဒုတိယတစ် ကိုယ်တော် ဖြစ် သည့်"ရင်ခုန်ဖော် ရင်ခုန်ဘက်"ကို စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။

အူရီးဒူးဆင်းမ်ကတ်ထွက်သော်လည်း အမ်ပီတီကတ်များ အရောင်းအ၀ယ်ဖြစ်ဆဲ

 Photo: အူရီးဒူးဆင်းမ်ကတ်ထွက်သော်လည်း အမ်ပီတီကတ်များ အရောင်းအ၀ယ်ဖြစ်ဆဲ
Tuesday, August 19, 2014

၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကတ်များကို အူရီးဒူးမြန်မာ ကုမ္ပဏီက သြဂုတ်လဆန်းပိုင်းမှ စတင်ရောင်းချပေးခဲ့သော်လည်း ယခင်က ရောင်းချပေးခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ဝယ်ယူမှုများရှိနေဆဲဖြစ် ပြီး ယခင်ပေါက်ဈေးများထက် အနည်းငယ်လျော့ကျသွား ကြောင်း စုံစမ်းသိရသည်။

‘‘MPT ဖုန်းတွေက GSM ရော WCDMA ရော ရောင်းနေရတုန်း ပဲ။ လာရောင်းတဲ့ သူရှိရင်တော့ သုံးသောင်းခွဲနဲ့ ၀ယ်တယ်။ ပြန် ရောင်းရင်တော့ လေးသောင်းလောက်နဲ့ ပြန်ရောင်းတယ်၊ CDMA တွေလည်း လေးသောင်းလောက်ပေါက်တယ်။ နယ်ဘက်တွေကအ၀ယ်လိုက်နေတုန်းပဲ။ ဒါပေမဲ့ MPT ဖုန်းတွေက ပြန်ရောင်းတဲ့ သူက ရှားသွားပြီ’’ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်ပိုင်ရှင် ကိုတင်ဝင်းလှိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမို ဘိုင်းဆင်းမ်ကတ်များမှာ လစဉ်မဲ စနစ်ဖြင့် ရောင်းချပေးခြင်းနှင့် ပင်စင်စားဝန်ထမ်းများအတွက် ချ ထားပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ရောင်းချသူများရှိခြင်းကြောင့် လက်ရှိတိုင် အရောင်းအ၀ယ်ရှိနေဆဲဖြစ်ပြီး ယခင်က GSM နှင့် WCDMA ဖုန်းများ ကျပ်ကိုးသောင်းဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

လက်ရှိအကန့်အသတ်မရှိ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များမှာ ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များတွင် လိုင်း မမိခြင်းများကြောင့် ယခင်က ထက်လာရောက်ဝယ်ယူမှုလျော့ကျသွားကြောင်း သိရှိရသည်။

‘‘အူရီးဒူးဖုန်းစစရောင်းခါစ ကဆို တစ်ရက်ကို ကတ်က ၃၀၀၊ ၄၀၀ လောက်ရောင်းရတယ်၊ အခုဆိုလာကို မမေးကြတော့ဘူး။ လိုင်းမိတဲ့ မြို့နယ်တွေလောက်ပဲ ၀ယ်ကြတော့တယ်’’ဟု မိုဘိုင်း ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အူရီးဒူးဆင်းမ်ကတ်များကို  ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း မြို့နယ်တိုင်း၌ လိုင်း မမိခြင်း၊ အင်တာနက်သုံးစွဲခကျသင့်မှုပိုမိုများပြားခြင်း၊ မိုဘိုင်း ဖုန်းခေါ်ဆိုခ ၂၅ ကျပ်သာ ကျသင့်သော်လည်း မက်ဆေ့ခ်ျပို့ခြင်းနှုန်း ထားမှာလည်း ဆက်သွယ်ရေးနှုန်း ထားနှင့် တူညီခြင်းတို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးထားသည့် မိုဘိုင်းဖုန်းများကိုသာ သုံးစွဲမှုများပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

ဓာတ်ပုံ - နစ်ကီ
ဓာတ်ပုံ - နစ်ကီ
၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကတ်များကို အူရီးဒူးမြန်မာ ကုမ္ပဏီက သြဂုတ်လဆန်းပိုင်းမှ စတင်ရောင်း ချပေးခဲ့သော်လည်း ယခင်က ရောင်းချပေးခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ်များ ကို လာရောက်ဝယ်ယူမှုများရှိနေဆဲဖြစ်ပြီး ယခင်ပေါက်ဈေးများထက် အနည်းငယ်လျော့ကျ သွား ကြောင်း စုံစမ်း သိရသည်။

ဗြိတိန်ရောက်ကုန်သေတ္တာထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆစ်ခ်လူမျိုးများ

Photo: ဗြိတိန်ရောက်ကုန်သေတ္တာထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆစ်ခ်လူမျိုးများ
Tuesday, August 19, 2014

ဗြိတိန်ဆိပ်ကမ်းကိုရောက်ရှိလာတဲ့ ကုန်သေတ္တာထဲမှာ ကလေး (၁၃) ယောက် အပါအ၀င် အာဖဂန်လူမျိုးတွေကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။  
ဆိပ်ကမ်းကိုရောက်ရှိ လာတဲ့ ကုန်သေတ္တာတစ်ခုထဲကနေ အာဖဂန်နိုင်ငံ ကဆစ်ခ်လူမျိုး (၃၄) ဦး ကို တွေ့ရှိကယ်ဆယ်ခဲ့ရပြီး (၁၃)ယောက်က ကလေးငယ်တွေဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ မှာ ပြောကြားခဲ့ပါတယ်။
 
စနေနေ့ညက လန်ဒန်မြို့ အရှေ့ဘက်ဆိပ်ကမ်းမှာရှိတဲ့ ကုန်သေတ္တာတစ်ခုထဲက ထုရိုက်သံနဲ့ အော်သံတွေကြောင့် သွားရောက်ဖွင့်ကြည့်တဲ့အခါမှာ သေဆုံးနေသူ တစ်ဦးနဲ့ အသက်ရှင်သူ(၃၄) ဦး တို့ကို ကယ်တင်နိုင်ခဲ့တာပါ။ အသက် (၇၂) နှစ်ကနေ (၁၈) နှစ် အတွင်းရှိတဲ့ ယောက်ျားကိုးဦး၊ မိန်းမရှစ်ဦးနဲ့အတူ တစ်နှစ်ကနေ (၁၂) နှစ်အတွင်း ကလေးငယ်(၁၃) ဦးတို့ကိုပါ တွေ့ရှိခဲ့ပါတယ်။
 
အားလုံးကို အာဟာရပြတ်လပ်မှုအစရှိတဲ့ ဝေဒနာတွေ ကုသပေးဖို့အတွက် ဆေးရုံတင်ထားပြီး ကုသမှုပေးနေတယ်လို့ သိရပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က သူတို့ကို ဒီလိုအခြေအနေရောက်ရှိခဲ့ရတဲ့ အကြောင်းရင်းကို မေးမြန်းသွားမှာဖြစ်ပြီး လန်ဒန်မှာ တွေ့ရှိခဲ့ပြီး နောက် (၁၂) နာရီအကြာမှာ ဘယ်ဂျီယံကိုရောက်ရှိလာတဲ့ ကုန်သေတ္တာ တစ်ခုထဲမှာလည်း လူ(၁၂) ဦးကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လိုက်ပါလာတဲ့သူအားလုံးက အာဖဂန်နိုင်ငံက ဆစ်ခ်လူမျိုးတွေချည်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ 

MRTV-4
ဗြိတိန်ဆိပ်ကမ်းကိုရောက်ရှိလာတဲ့ ကုန်သေတ္တာထဲမှာ ကလေး(၁၃) ယောက်အပါအ၀င် အာဖဂန် လူ မျိုးတွေ ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ 

ပူတာအိုနှင့် မချမ်းဘောရှိ စစ်ဘေးဒုက္ခသည်များ အထောက်အပံ့မရောက်သဖြင့် စားသောက်ရေးအခက်တွေ့နေ

Photo: ပူတာအိုနှင့် မချမ်းဘောရှိ စစ်ဘေးဒုက္ခသည်များ အထောက်အပံ့မရောက်သဖြင့် စားသောက်ရေးအခက်တွေ့နေ
Tuesday, August 19, 2014

ပူတာအိုနှင့် မချမ်း ဘောဒေသရှိ စစ်ဘေးဒုက္ခသည် များအား ထောက်ပံ့ငွေ မလောက် ၍  စားသောက်ရေးအခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ယမန်နှစ် ဩဂုတ်လကုန် ပိုင်းက အင်ခါဂါးတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲကြောင့် အင်ခါဂါး၊ အင်ဖီယာန်၊ ဖာကန်ယန်နှင့် ဂနောင်ယန်ကျေးရွာများမှ စစ် ဘေးဒုက္ခသည် ၁၅၀ ကျော်သည် ပူတာ အိုနှင့် မချမ်းဘောမြို့များသို့ ထွက် ပြေးတိမ်းရှောင်လာခဲ့ပြီး ယခုအထိ နေရပ်မပြန်နိုင်ကြသေးပေ။

‘‘ဒီမှာ အဓိကအခက်ဆုံးက အစားအသောက်ပဲ။ အစိုးရက လည်း ပူတာအိုမှာ ဒုက္ခသည်မရှိ ဘူးဆိုပြီး မကူညီဘူး’’ဟု အင်ခါ ဂါးမှ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ် သူ ဒေါ်နန်ထိန်က ပြောသည်။

ပူတာအိုမှ ဒုက္ခသည်များကို အစိုးရက တရားဝင်စစ်ဘေးဒုက္ခ သည်အဖြစ် မသတ်မှတ်သည့်အပြင် ကူညီထောက်ပံ့ခြင်းမရှိ၍ ပူတာအိုခရိုင်နှစ်ခြင်းအသင်းတော် က အစားအသောက်များကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ပူတာအိုမှ ဘာသာရေးဆရာတစ် ဦးက ပြောသည်။

‘‘တကယ်လည်း အင်ခါဂါး မှာ တိုက်ပွဲဖြစ်သွားတာပဲ။ သူတို့ လူတွေလည်း ဒီတိုက်ပွဲမှာသေပြီ။ အခုကတိုက်ပွဲမရှိလို့ စစ်ဘေးဒုက္ခသည်မရှိဘူးလို့ ပြန်ပြောတယ်။ ဘာလို့လဲတော့ မသိဘူး’’ ဟု မချမ်းဘော ကချင်နှစ်ခြင်းအသင်းတော် မှ ဦးတူးဆိုင်းက ပြောသည်။

ထိုစစ်ဘေးဒုက္ခသည်များကို ဒေသရှိလွှတ်တော်အမတ်များမှ တစ်ဆင့် ပုံမှန်ကူညီနေကြောင်း ကချင်ပြည်နယ်ပညာရေးနှင့် လူ မှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

‘‘ဒီဘက်မှာရှိတဲ့ IDP တွေနဲ့ အတူတူပဲ။ ဒီဘက်ကိုပေးရင် ပူတာအို IDP တွေကိုလည်း ခွဲ တမ်းအမြဲတမ်းပေးတယ်’’ဟု လူမှုရေးဝန်ကြီးက ပြောသည်။

ထိုစစ်ဘေးဒုက္ခသည်များ သည် ၎င်းတို့မူလနေရပ်တွင် ယခု အထိ တပ်ရင်းများတပ်စွဲထားဆဲ ဖြစ်ပြီး ကေအိုင်အေစစ်စခန်းနှင့် နီးကပ်၍အိမ်မပြန်ရဲသေးကြောင်းဒုက္ခသည်များက ပြောသည်။

7Day DAILY 

မချမ်းဘောမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ(ဓာတ်ပုံ − မရန်)
မချမ်းဘောမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ(ဓာတ်ပုံ − မရန်)
ပူတာအိုနှင့် မချမ်း ဘောဒေသရှိ စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့ငွေ မလောက် ၍  စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သား ၅၂ဦးကို ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သည့် ပွဲစားသုံးဦးကို မလေးရှားနိုင်ငံ စီဘန်းတရားရုံးတွင် ယနေ့ အမိန့်ချမည်

Photo: မြန်မာလုပ်သား ၅၂ဦးကို ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သည့် ပွဲစားသုံးဦးကို မလေးရှားနိုင်ငံ စီဘန်းတရားရုံးတွင် ယနေ့ အမိန့်ချမည်
Tuesday, August 19, 2014

မလေးရှား နိုင်ငံသို့ မြန်မာလုပ်သား ၅၂ဦးအား ဗီဇာအတုဖြင့် ခေါ်ဆောင်သွားသည့် ပွဲစား သုံးဦးကို သြဂုတ်၁၉ရက် (ယ နေ့)တွင် မလေးရှားနိုင်ငံ စီဘန်းတ ရားရုံးတွင် အမိန့်ချသွားရန်ရှိကြောင်း မလေးရှားနိုင်ငံရှိ Myanmar Migrants Rights Centre ဥက္ကဋ္ဌ ဦးကို လတ်ကပြောသည်။ 

ဦးကိုလတ်က ''လုပ်သားတွေကို ဗီဇာအတုနဲ့ခေါ်လာတဲ့ ပွဲစားသုံး ဦးကို မလေးရှားနိုင်ငံ စီဘန်းတရား ရုံးမှာ သြဂုတ် ၁၉ရက်မှာ စီရင်ချက် ချမှာဖြစ်တယ်''ဟု ပြောသည်။

မလေးရှားတွင် ထောင်ကျခံရ သည့်အလုပ်သမားများသည် စုမြတ် နန္ဒာဝင်း ခရီးသွားလုပ်ငန်းအေဂျင်စီ စေလွှတ်မှုကြောင့် ဇူလိုင် ၈ရက်တွင် လေယာဉ်အမှတ် AK503 Air Asia ဖြင့် သွားရောက်ခဲ့သည်သူများဖြစ်ပြီး စုစုပေါင်း ၇၂ဦးကို မလေးရှားဘက် အခြမ်းမှ အေဂျင်စီသုံးဦးမှ လေ ဆိပ်တွင်စောင့်ကာ ခေါ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဂိတ်ကိုကျော်ဖြတ်ပြီးနောက် Show money များကို အလုပ်သမားများ ထံမှ မလေးရှားအေဂျင်စီများက ပြန် လည်သိမ်းယူနေစဉ် အစောင့်ကျ နေသည့် လဝကအရာရှိမှ မြင်တွေ့ ကာ မင်္သကာသဖြင့် ပတ်စပို့စာအုပ် များကို ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဗီဇာအတုများ ဖြစ်နေသည့်အတွက် အမျိုးသား၊ အမျိုးသမီးအပါအဝင် ၇၂ဦးနှင့် အေဂျင်စီ သုံးဦးကို ဖမ်း ဆီးကာ စစ်ဆေးခဲ့ပြီး ယင်း၇၂ဦး ထဲမှ ၅၂ဦးကို မလေးရှားဗီဇာအတု လဝကအက် ဥပဒေပုဒ်မ (14\B) နှင့် စီဘန်းတရားရုံးတွင် သြဂုတ် ၁၂ရက်က ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

Democracytoday
Yangon Media Group
မလေးရှား နိုင်ငံသို့ မြန်မာလုပ်သား ၅၂ဦးအား ဗီဇာအတုဖြင့် ခေါ်ဆောင်သွားသည့် ပွဲစား သုံးဦးကို သြဂုတ် ၁၉ ရက် (ယ နေ့)တွင် မလေးရှားနိုင်ငံ စီဘန်းတ ရားရုံးတွင် အမိန့်ချသွားရန်ရှိကြောင်း မလေးရှားနိုင်ငံ ရှိ Myanmar Migrants Rights Centre ဥက္ကဋ္ဌ ဦးကို လတ်ကပြောသည်။

ISIS အဖွဲ့ သိမ်းယူ ထားသော မိုဆူးလ် ဆည်ကို ကာ့ဒ် တပ်ဖွဲ့ဝင်များ ပြန်လည် သိမ်းယူ

Photo: ISIS အဖွဲ့ သိမ်းယူ ထားသော မိုဆူးလ် ဆည်ကို ကာ့ဒ် တပ်ဖွဲ့ဝင်များ ပြန်လည် သိမ်းယူ
Tuesday, August 19, 2014

အစ္စလာမ်မစ် စစ်သွေးကြွများဖြစ်သည့် ISIS အဖွဲ့မှ သိမ်းယူထားသော အီရတ်နိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးဆုံးဆည်ကြီးကို ကာ့ဒ်တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကာ့ဒ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ မိုဆူးလ်ဆည်ကြီးကို ပြန်လည်သိမ်းယူ နိုင်ရန်အတွက် ကာ့ဒ်မြေပြင်တပ်ဖွဲ့ ဝင်များသည် အမေရိကန်၏ လေကြောင်းပစ်ကူဖြင့် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြေပြင်တပ်ဖွဲ့ဝင်များသည် အဆိုပါဆည်ကြီးကို ပြန်လည်သိမ်းယူရာတွင် မိုင်းများနှင့် ထောင်ချောက်များကို နာရီပေါင်းများစွာ ရှင်းလင်းခဲ့ရကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။ ISIS အဖွဲ့သည် မဟာဗျူဟာအရ အရေးပါသော အဆိုပါဆည်ကြီးကို သြဂုတ် ၇ ရက်က သိမ်းယူခဲ့ကြခြင်း ဖြစ်သည်။ ၎င်းဆည်ကြီး သည် အီရတ်နိုင်ငံမြောက်ပိုင်း တစ်ဝန်းလုံးကို လျှပ်စစ်နှင့်ရေ ထောက်ပံ့ပေးနေသည့် အဓိကဆည်ကြီး ဖြစ်သည့်အပြင် စစ်သွေးကြွများသည် ဆည်ကြီးကိုဖျက်ကာ အဆိုပါ ဒေသအား ရေလွှမ်းမိုးအောင် လုပ်ဆောင်နိုင်ဖွယ် ရှိခြင်းကြောင့် ပြန်လည်သိမ်းယူရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အစ္စလာမ်မစ် စစ်သွေးကြွများဖြစ်သည့် ISIS အဖွဲ့မှ သိမ်းယူထားသော အီရတ်နိုင်ငံ မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးဆုံးဆည်ကြီးကို ကာ့ဒ်တပ်ဖွဲ့ဝင်များက ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကာ့ဒ်တပ်ဖွဲ့ တာဝန် ရှိသူ များက ပြောကြားခဲ့သည်။ အဆိုပါ မိုဆူးလ်ဆည်ကြီးကို ပြန်လည်သိမ်းယူ နိုင်ရန်အတွက် ကာ့ဒ်မြေပြင် တပ်ဖွဲ့ ဝင်များသည် အမေရိကန်၏ လေကြောင်းပစ်ကူဖြင့် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံလုပ်သားဈေးကွက်အပေါ် သုံးသပ်ချက် အိုင်အယ်လ်အိုထုတ်ပြန်မည်

Photo: အာဆီယံလုပ်သားဈေးကွက်အပေါ် သုံးသပ်ချက် အိုင်အယ်လ်အိုထုတ်ပြန်မည်
Tuesday, August 19, 2014

အာဆီယံပေါင်းစည်းမှု နက်ရှိုင်းလာခြင်းကြောင့် လုပ် သားဈေးကွက်အပြောင်းအလဲ ဖြစ်နိုင်ခြင်းအပေါ် လေ့လာထား သည့်အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံ တကာအလုပ်သမားအဖွဲ့(ILO)ကကြေညာသည်။

နိုင်ငံတကာအလုပ်သမား အဖွဲ့(ILO)နှင့် အာရှဖွံ့ဖြိုးမှုဘဏ် (ADB)တို့သည် အာဆီယံပေါင်း စည်းမှု၏ လုပ်သားဈေးကွက်အ ပေါ် သက်ရောက်မှုဆိုင်ရာလေ့ လာမှုအစီရင်ခံစာကို သြဂုတ်လ ၂၀ရက်တွင်အင်ဒိုနီးရှားနိုင်ငံ၊ဂျ ကာတာမြို့၌ ထုတ်ပြန်မည်ဖြစ် သည်။

အစီရင်ခံစာသည် ကြွယ်ဝမှု များ မျှဝေခြင်းနှင့် ကောင်းမွန် သောအလုပ်အကိုင်များရရှိခြင်း တို့ရရှိရန် ပူးပေါင်းစီမံခန့်ခွဲမှုအ တွက် လုပ်သားဈေးကွက်အပေါ် အာဆီယံစီးပွားရေးအသိုက်အ ၀န်း၏ သက်ရောက်မှုကို ဆန်းစစ် ထားခြင်းဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက် အ၀န်းဖြစ်တည်လာမှုနှင့်အတူဒေ သတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အခြေခံပြောင်းလဲမှုလိုအပ်ချက် အတွက် ထောက်ပံ့ပေးခြင်းနှင့်အ လုပ်အကိုင် အရည်အသွေးမြှင့် တင်ခြင်း၊ လုပ်ခလစာနှင့်ထုတ် လုပ်မှုတိုးမြှင့်ခြင်း၊ ရွှေ့ပြောင်း လုပ်သားစီမံခန့်ခွဲမှုများအပါအ ၀င် အခွင့်အလမ်းနှင့် စိန်ခေါ်မှု များကို အစီရင်ခံစာတွင် မီးမောင်း ထိုးပြထားသည်။

အစီရင်ခံစာတွင် အာဆီယံ စီးပွားရေးအသိုက်အ၀န်းအတွင်း အကျိုးစီးပွားမျှဝေခံစားနိုင်ရေး နှင့်ကောင်းမွန်သောအလုပ်အ ကိုင်များဖန်တီးနိုင်ရေးအတွက်မူ ၀ါဒရေးရာအကြံပြု ထောက်ခံ ချက်များလည်း ထည့်သွင်းထား ကြောင်းအထက်ပါထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

လာမည့် ၂၀၁၅ခုနှစ်၌သက် ရောက်မည့် အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC)သည်သန်း ခြောက်ရာသော အမျိုးသားနှင့်အ မျိုးသမီးများ၏ ဘ၀နေထိုင်မှုအ ပေါ် အကျိုးဖြစ်ထွန်းစေမည်ဖြစ် ပြီး အာဆီယံဆယ်နိုင်ငံအကြား ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ၀န် ဆောင်မှု၊ ကျွမ်းကျင်လုပ်သားစီး ဆင်းမှုများလွတ်လပ်စွာဖြစ်တည် လာတော့မည်ဖြစ်သည်။

7Day DAILY
အာဆီယံပေါင်းစည်းမှု နက်ရှိုင်းလာခြင်းကြောင့် လုပ်သားဈေးကွက်အပြောင်းအလဲ ဖြစ်နိုင်ခြင်း အပေါ် လေ့ လာထား သည့်အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတကာအလုပ် သမား အဖွဲ့ (ILO) ကကြေညာသည်။

တနင်္သာရီဒေသရှိ အခြေခံပညာကျောင်းများတွင် မုန့်အရောင်းဆိုင်များသို့ သတိပေးစည်းကမ်းချက်များထုတ်ပြန်

တနင်္သာရီဒေသရှိ အခြေခံပညာကျောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် သတ်မှတ်ထားသော မုန့်များရောင်း ချ ရန်နှင့် ဈေးဆိုင်များ လိုက်နာရန် စည်း ကမ်းချက်များ ထုတ်ပြန်သွားမည် ဟု တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။