Tuesday, 12 August 2014

နိုင်ငံတကာ အမြန်ချောပို့ လုပ်ကိုင်ခွင့် ပုဂ္ဂလိက ကုမ္ပဏီငါးခု ဆောင်ရွက်မည်

Photo: နိုင်ငံတကာ အမြန်ချောပို့ လုပ်ကိုင်ခွင့် ပုဂ္ဂလိက ကုမ္ပဏီငါးခု ဆောင်ရွက်မည်
Tuesday, August 12, 2014

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား မှတ်ပုံတင် စနစ်ဖြင့် ဝန်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီငါးခုကို ရွေးချယ်လိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပုဂ္ဂလိကကုမ္ပဏီငါးခုမှာ Magnate Group Logistic, Smart Logistics , Transmarine Logistics Asia Pte, United Courier Services, Myanmar USU တို့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ်အား သြဂုတ်လ ၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။ Magnate Group Logistic, Smart Logistics , Transmarine Logistics Asia Pte တို့မှာ သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး United Courier Services, Myanmar USU တို့မှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Internet Journal
အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား မှတ်ပုံတင် စနစ်ဖြင့် ဝန်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီငါးခုကို ရွေးချယ်လိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။

နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၅ နှစ်ဆန်းတွင် စတင်လိုကြောင်း ဦးအောင်မင်းပြောကြား

Photo: နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၅ နှစ်ဆန်းတွင် စတင်လိုကြောင်း ဦးအောင်မင်းပြောကြား
Tuesday, August 12, 2014

အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းတွင် စတင်ပြုလုပ် လိုကြောင်း ၀န်ကြီးဦးအောင်မင်း က ပြောသည်။

သြဂုတ်လ ၁၁ ရက်က ပြု လုပ်ခဲ့သော နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များ ရှင်း လင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင် မင်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ငြိမ်းချမ်းရေးဖော်ဆောင် နေချိန်မှာ အချိန်ဟာ သိပ်တန်ဖိုး ရှိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ နှစ်ဆန်းမှာ စချင်ပါတယ်။ ၂၀၁၅ ဟာ ရွေးကောက်ပွဲနှစ်ဖြစ်တဲ့အ တွက် အချိန်လည်း သိပ်မရှိတော့ ပါဘူး’’ ဟု၎င်းပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲ ရန်၊ ရက်ပေါင်း ၉၀ အတွင်းနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြု လုပ်ရန် သဘောတူညီထားခဲ့ သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာ ချုပ် (Single Text) ဒုတိယမူ ကြမ်းကို သြဂုတ်လ ၁၅ ရက်မှ စ၍ UPWC နှင့် NCCT တို့ ရန် ကုန်မြို့၌ ဆွေးနွေးကြမည်ဖြစ် သည်။

ယင်းဆွေးနွေးပွဲများတွင် ဒု တိယမူကြမ်းကို ရာနှုန်းပြည့်နီးပါး အချောသပ်ရေးဆွဲနိုင်မည်ဖြစ် ပြီး လာမည့်စက်တင်ဘာလကုန် ခန့်တွင် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်မှန်းကြောင်း အ စိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ပြောကြားထားသည်။

သြဂုတ်လ ၁၁ ရက် ဆွေး နွေးပွဲသို့ နိုင်ငံရေးပါတီ ၆၆ ခုမှ ကိုယ်စားလှယ်များ၊ သီးခြားဖိတ် ကြားထားသူများနှင့် လေ့လာသူ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

7Day DAILY 

သြဂုတ် ၁၁ ရက် ဆွေးနွေးပွဲတွင်တွေ့ရသည့် ဦးအောင်မင်း(ဓာတ်ပုံ − နစ်ကီ)
သြဂုတ် ၁၁ ရက် ဆွေးနွေးပွဲတွင်တွေ့ရသည့် ဦးအောင်မင်း(ဓာတ်ပုံ − နစ်ကီ)
အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းတွင် စတင်ပြုလုပ် လိုကြောင်း ၀န်ကြီးဦးအောင်မင်း က ပြောသည်။

သီတဂူဆရာတော် မုံရွာတက္ကသိုလ်တွင် ပထမဆုံးအကြိမ် တရားဟော

Photo: သီတဂူဆရာတော် မုံရွာတက္ကသိုလ်တွင် ပထမဆုံးအကြိမ် တရားဟော
Tuesday, August 12, 2014

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မုံရွာတက္ကသိုလ် ဓမ္မာရုံတွင် ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများကို တရားဟောခဲ့ကြောင်း ယင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။

“ယင်ကောင်တွေက အပုပ်အစပ် ကြိုက်တော့ အမှိုက်ပုံမှာ စုကြတယ်။ ပန်းရုံမှာ ပျားအုံသလိုပဲ။ ဓမ္မာရုံမှာ သူတော်ကောင်းတို့ရဲ့ စိတ်ကောင်းရှိတဲ့သူတွေ လာစုကြတယ်” ဟု ဆရာတော်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဓမ္မာရုံတွင် စုရုံးရောက်ရှိပုံကို ဥပမာပေး ပြောကြားသည်။

သီတဂူဆရာတော်၏ တရားပွဲသို့ ကျောင်းသား၊ ကျောင်းသူ ထောင်နှင့်ချီ၍ လာရောက် တရားနာယူခဲ့ပြီး တက္ကသိုလ် ဓမ္မာရုံအတွင်း နေရာ မလောက်ငသောကြောင့် ဓမ္မာရုံအပြင်ရှိ မြက်ခင်းပြင်တွင် တရားနာယူခဲ့ရကြောင်း တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောဆိုသည်။

“တရားပွဲကို ကျောင်းသားတွေ ဦးဆောင်ပြီး ကျင်းပတာပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ပံ့ပိုးပေးရုံပဲ လုပ်ခဲ့ရတယ်” ဟု မုံရွာတက္ကသိုလ်မှ အမည်မဖော်လိုသည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ဆိုသည်။

တက္ကသိုလ်နယ်မြေအတွင်း သြဂုတ်လအတွင်းမှ စတင်၍ တရားပွဲများကို မုံရွာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ဦးဆောင်ကျင်းပခဲ့ရာ သြဂုတ်လ ၅ ရက် နေ့တွင် အရှင်ဆေကိန္ဒ တရားဟောပြောခဲ့ပြီးနောက် ယခု သီတဂူဆရာတော်က ဟောပြောခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မုံရွာတက္ကသိုလ် ဓမ္မာရုံတွင် ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများကို တရားဟောခဲ့ကြောင်း ယင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။

ခြိမ်းခြောက်မှုများ၊ ဝေဖန်ပြစ်တင်မှုများကြောင့် လှယဉ်ကျေး အစား အေးချမ်းမြေ့ကိုMiss Globe Myanmar 2014 အဖြစ် သွားပြိုင်ရန် စီစဉ်

Photo: ခြိမ်းခြောက်မှုများ၊ ဝေဖန်ပြစ်တင်မှုများကြောင့် လှယဉ်ကျေး အစား အေးချမ်းမြေ့ကိုMiss Globe Myanmar 2014 အဖြစ် သွားပြိုင်ရန် စီစဉ်
Tuesday, August 12, 2014

Miss Globe Myanmar Organization ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဂျူး စံသာကို နိုင်ငံကိုယ်စားပြု အလှ မယ်အဖြစ်မှ ရပ်စဲခဲ့ပြီးနောက် မုဒြာ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေတဲ့ လှယဉ်ကျေးကိုMiss Globe Myanmar 2014 အဖြစ် စာချုပ်ချုပ်ပြီး သရဖူလွှဲအပ် ခဲ့ပေမယ့် ခြိမ်းခြောက်မှုများ၊ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့တာကြောင့် သြ ဂုတ် ၄ရက်နေ့မှာMiss Globe Myanmar 2014 ပြိုင်ပွဲဝင် 4th Runner Up ရရှိခဲ့တဲ့ ဆေးကျောင်း သူ အေးချမ်းမြေ့ကိုMiss Globe Myanmar 2014အဖြစ် စာချုပ်ချုပ် ပြီး နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ အလှ မယ်အပြောင်းအလဲထပ်မံဖြစ်ပေါ်ခဲ့ ပုံကို မလှနုထွန်းက..
“လှယဉ်ကျေးကိုယ်တိုင်ကရော၊ သူတို့ မိသားစုတွေရော၊ အမျိုးတွေ ကရော အကုန်လုံးက သူများတွေက ပြောဆိုနေကြတော့ မကောင်းဘူး လေ။ ကျွန်မဆီကို ဖုန်းတွေ ဆက်တာ ရော၊ အီးမေးလ်တွေ ပို့တာရော၊ ရိုင်း ရိုင်းစိုင်းစိုင်းတွေ တအားပြောကြ တယ်။ ခြိမ်းခြောက်တာမျိုးလည်း ရှိ တယ်။ ဘယ်သူတွေလဲဆိုတာကို ကျွန်မတို့ သိလည်း သိနေတယ်။ ကလေးလည်း အန္တရာယ်ရှိတယ်။ သူတို့ တကယ်လုပ်လား၊ မလုပ်လား မသိပေမယ့်လည်း အန္တရာယ်ရှိတယ် လေ။ သူကတော့ ရတယ် လုပ်မယ် ဆိုပေမယ့် သူ့မိသားစုလည်း ရှိသေး တယ်။ သူ့ရဲ့မုဒြာခေါ်သံရုပ်ရှင်ဇာတ် ကားကြီးကလည်း သူ့ကို ခေါင်း ဆောင်မင်းသမီးအနေနဲ့ တင်ထား တယ်။ အဲဒါကို ပိုးစိုးပက်စက် တအားနှ မချင်းမစာမနာပြောတာ တော့ မကောင်းဘူးလေ။ အဲဒါနဲ့ အေးချမ်းမြေ့ကို အကူအညီတောင်း လိုက်တော့ သူကလည်းလုပ်ပေးပါ့ မယ်။ လှယဉ်ကျေးကိုတော့ ဒီပွဲနဲ့ မဆိုင် တဲ့ နောက်တစ်ပွဲကို ကျွန်မ လွှတ်ပေးမှာပါ။ အေးချမ်းမြေ့က သွားပြိုင်ဖို့ တအားအဆင်ပြေပါ တယ်။ သူက Face of Myanmar ပြိုင်ပွဲမှာ ကိုရီးယားကို ဟန်သီတို့နဲ့ သွားပြိုင်ဖူးတယ်။ ဖိလစ်ပိုင်ကMacoy တို့ လာသင်တဲ့ Training ကိုလည်း ရထားတယ်” လို့ ပြောပါ တယ်။ အေးချမ်းမြေ့က အသက် ၁၈ နှစ် ရှိပြီဖြစ်ပြီး ဆေးကျောင်းသူ တစ်ဦးဖြစ်တာကြောင့် အေးချမ်းမြေ့ နဲ့ စာချုပ်ချုပ်တဲ့အခါမှာ သူ့ရဲ့ ပညာ ရေးအတွက် ဦးစားပေးပြီး ချုပ်ဆိုခဲ့ ကြောင်း မလှနုထွန်းက..
“အေးချမ်းမြေ့က အဆင်ပြေ တယ်။ ဟိုဘက်ကတောင် ပြောနေ တယ်။ တူရကီနိုင်ငံ အစ္စလန်ဘိုမြို့ မှာModelling လုပ်ငန်းတွေ ဆက် လုပ်လို့ရအောင် သူတို့ စီ စဉ်ပေးမယ် တဲ့။ ဘာလို့လဲဆိုတော့ ကျွန်မကလေး တွေက ရန်ကုန်ပြန်ရောက်တာနဲ့ အောင်မြင်သွားရင် ထားသွားတယ် တဲ့။ ဒါကြောင့် ဟိုမှာပဲ အလုပ် ဆက်လုပ်ဖြ စ်အောင် စီစဉ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ စာချုပ်ထဲမှာ ကလေးကို ကျောင်းပြီးအောင် သင် ခွင့်လုပ်ထားတယ်။ ကျွန်မတို့က ကျောင်းကို ထိခိုက်အောင် ဘာမှ မလုပ်ဘူးလို့
စာချုပ်ထည့်ချုပ်ထား ပါတယ်။ နိုင်ငံခြားကနေ သွားပြိုင်ပြီး ပြန်လာရင် အားတဲ့အချိန်ကို အနု ပညာအလုပ်တွေလုပ်ပေါ့။ နိုင်ငံခြား မှာ သွားလုပ်ဖို့အထိတော့ သူတို့ ခွင့်မပြု ထားပါဘူး။ ဆေးကျောင်းကို ပြီးအောင် တက်မှာပါ” လို့ ပြောပါ တယ်။ Miss Globe Myanmar 2014 အလှမယ် အေးချမ်းမြေ့ဟာ အဇာဘိုင်ဂျန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့မှာ သွားပြိုင်ဖို့ စီစဉ်ထားပေ မယ့် လေယာဉ်လက်မှတ် မပို့ပေးတာ ကြောင့် ပြိုင်ပွဲကာလ ရက်ရွှေ့ဖို့များ ကြောင်း မလှနုထွန်း က ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal
Miss Globe Myanmar Organization ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဂျူး စံသာကို နိုင်ငံ ကိုယ်စားပြု အလှ မယ်အဖြစ်မှ ရပ်စဲခဲ့ပြီးနောက် မုဒြာ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေ တဲ့ လှယဉ်ကျေးကိုMiss Globe Myanmar 2014 အဖြစ် စာချုပ်ချုပ်ပြီး သရဖူလွှဲအပ် ခဲ့ပေမယ့် ခြိမ်းခြောက်မှုများ၊ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့တာကြောင့် သြ ဂုတ် ၄ရက်နေ့မှာMiss Globe Myanmar 2014 ပြိုင်ပွဲဝင် 4th Runner Up ရရှိခဲ့တဲ့ ဆေးကျောင်း သူ အေးချမ်းမြေ့ကိုMiss Globe Myanmar 2014အဖြစ် စာချုပ်ချုပ် ပြီး နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ အလှ မယ်အပြောင်းအလဲထပ်မံဖြစ်ပေါ်ခဲ့ ပုံကို မလှနုထွန်းက..

B.Tech နှင့် HND အင်ဂျင်နီယာ ကျောင်းသား များအတွက် စင်ကာပူ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

Photo: B.Tech နှင့် HND အင်ဂျင်နီယာ ကျောင်းသား များအတွက် စင်ကာပူ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်
Tuesday, August 12, 2014

မြန်မာနိုင်ငံမှ B.Techနှင့် HND Ele-ctrical/Mechanical ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စင်ကာပူနိုင်ငံ၌ တက်ရောက်၍ အင်္ဂလန် မှ ပေးအပ်မည့် B.Eng (Hons;) Electro-nics and Communication Engineer- ing (Top Up) နှင့် B.Eng (Hons;) Mechatronics (Top Up ) ကို တစ်စိတ် တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ကြောင်း CROWN Education ပညာရေးတာဝန်ခံ ဦးအောင်ကျော်သန်း ထံမှ သိရသည်။ ယနေ့ ခေတ်တွင် ရေဒီယို၊ တယ်လီဖုန်းမှ Internet, Wi-Fi, Bluetooth, Satellite TV, 3G, 4G အစရှိသည့် ဆက်သွယ်ရေး နည်းပညာသစ်များ ပြောင်းလဲ တိုးတက်လျက်ရှိ ရာ အဆိုပါ နယ်ပယ်များတွင် တီထွင် ဖန်တီးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်းတို့ကို စိတ်ဝင်စားသူများအနေဖြင့် B.Eng (Hons;) in Electronics and Communications Engineering (Top Up) အား လျှောက် ထားနိုင်ကြောင်း သိရသည်။

Mechatronics Engineering သည် စက်မှုနှင့်ကုန်ပစ္စည်း ထုတ်လုပ်သောနိုင်ငံများတွင် အရေးပါပြီး လူသား အလုပ်သမားများအစား Robotics နည်းပညာရပ်များ အသုံးပြု၍ စက်များဖြင့် ထိန်းချုပ်စီမံသောကြောင့် အဆိုပါနယ်ပယ်တွင် တီထွင် ဆန်းသစ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သုတေသန ပြုလုပ်ခြင်းတို့ကို စိတ်ဝင်စားပါက B.Eng (Hons;) in Mechatronics (Top Up) အား လျှောက်ထားနိုင်သည်။ အဆိုပါ Top Up ပရိုဂရမ်များသည် ရှစ်လ ကြာမြင့်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံ Auston Institute of Management တွင် တက်ရောက်ရမည် ဖြစ်ကာ Univer-sity of Wolverhampton ဗြိတိန်မှ ဘွဲ့ ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။ အထက်ပါ Top Up ပရိုဂရမ်များအတွက် ဝင်ခွင့် လိုအပ်ချက်များမှာ B.Eng (Hons;) in Electronics and Communications Engineering (Top Up) အတွက် မြန်မာ နိုင်ငံမှ B.Tech (EP/EC) များ၊ HND Electrical & Electronic သို့မဟုတ် ၎င်း နှင့်ညီမျှသည့် ပညာအရည်အချင်း ရှိသူများဖြစ်ပြီး B.Eng (Hons;) in Mechatro- nics (Top Up) အတွက် မြန်မာနိုင်ငံမှ B.Tech Mechatronics/Mechatical/Electrical & Electronics နှင့် HND Mechanical/ Electrical & Electronics ပြီးဆုံးထားသူများ လျှောက်ထားနိုင်ကြောင်း နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပါကံ Higher Diploma in Computers, Ele-ctronics and Communications ကို ဦးစွာသင်ယူပြီး Top Up ပရိုဂရမ်များကို ဆက်လက် တက်ရောက်နိုင်မည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက CROWN Education အမှတ်(၂၇) ပထမထပ် မြေနီကုန်း ပြည်လမ်း ဒဂုံစင်တာ(၂) နှင့် ဓနလှိုင်တာဝါကြား ဖုန်း-ဝ၉- ၇၃ဝ၄ဝ၆၈၈ နှင့် ဝ၉-၇၃၂ ၇၃၂၇၇ တို့သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။ 

မြ၀တီ
မြန်မာနိုင်ငံမှ B.Techနှင့် HND Ele-ctrical/Mechanical ပြီးဆုံးထားသော ကျောင်း သား၊ ကျောင်းသူ များအနေဖြင့် စင်ကာပူနိုင်ငံ၌ တက်ရောက်၍ အင်္ဂလန် မှ ပေးအပ်မည့် B.Eng (Hons;) Electro-nics and Communication Engineer- ing (Top Up) နှင့် B.Eng (Hons;) Mechatronics (Top Up ) ကို တစ်စိတ် တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ကြောင်း CROWN Education ပညာရေး တာဝန်ခံ ဦးအောင်ကျော်သန်း ထံမှ သိရသည်။ ယနေ့ ခေတ်တွင် ရေဒီယို၊ တယ်လီဖုန်းမှ Internet, Wi-Fi, Bluetooth, Satellite TV, 3G, 4G အစရှိသည့် ဆက်သွယ်ရေး နည်းပညာသစ်များ ပြောင်းလဲ တိုးတက်လျက်ရှိ ရာ အဆိုပါ နယ်ပယ်များတွင် တီထွင် ဖန်တီးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်းတို့ကို စိတ်ဝင်စားသူများအနေဖြင့် B.Eng (Hons;) in Electronics and Communications Engineering (Top Up) အား လျှောက် ထားနိုင်ကြောင်း သိရသည်။

အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား

Photo: အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား
Tuesday, August 12, 2014

၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက်ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။

၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။

၎။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။

၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။

၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ
၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး

Photo: သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး
Tuesday, August 12, 2014

သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးနဲ့ တွေ့ဆုံစဉ် တရုတ် – အိန္ဒိယ – ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စ၊ အိန္ဒိယ- မြန်မာနဲ့ ထိုင်း ဆက်သွယ်ရေး လမ်းကြောင်း တည်ဆောက်ရေး၊ ကုလား တန် မြစ်ကြောင်း စီမံကိန်း၊ နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး နဲ့ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာလည်း တရုတ်-အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေးစင်္ကြန်ကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ နိုင်ငံအတွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးကိစ္စ၊ အသေးစားချေးငွေကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ အခြား ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီဗွီဘီ

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည် ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ်က သတင်းထုတ်ပြန် ပါတယ်။

ဒဂုံဆိပ်ကမ်းမှ လုယက်ခံရသည် ဆိုသော ငွေနှင့် ရွှေထည်များ သားဖြစ်သူ ယူသွားကြောင်း ပေါ်ပေါက်

ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသားသုံးဦးက လုယက်ခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားသော ငွေကျပ် ၇ သိန်းနှင့် သိန်း ၈၀ ကျော် တန်ဖိုးရှိ ရွှေထည်များ ပျောက်ဆုံးမှုမှာ တိုင်တန်းသူ၏ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ်ရှိ ၁၀ တန်း ကျောင်းသားက ယူဆောင်သွားခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတကာစိုးရိမ်မှုများအကြောင်း ဆွေးနွေး

Photo: မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတကာစိုးရိမ်မှုများအကြောင်း ဆွေးနွေး
Tuesday, August 12, 2014

မြန်မာနိုင်ငံနှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများနှင့် မြောက်ကိုရီး ယား၏ နျူလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကြောင့် နိုင်ငံတကာ စိုးရိမ်မှုများကို မြင့်တက်စေသည့် ကိုရီးယားကျွန်းဆွယ်တည်ငြိမ် အေးချမ်းမှုရှိရန် လုပ်ဆောင်ရ မည့် လိုအပ်ချက်များကို သမ္မတ ဦးသိန်းစိန်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရီ ယောင်ဆူတို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

အာရှဒေသတွင်းအကြီးဆုံး လုံခြုံရေးဖိုရမ်တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေ သော မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီး မစ္စတာရီယောင်ဆူ သည် အစည်းအဝေးများပြီးဆုံး သွားပြီး နောက်တစ်ရက်ဖြစ်သည့် သြဂုတ် ၁၁ ရက်တွင် သမ္မတ ဦး သိန်းစိန်နှင့် နေပြည်တော်တွင် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘‘နှစ်နိုင်ငံဆက်ဆံရေးအခြေ အနေတွေကို ဆွေးနွေးပါတယ်။ သံတမန်ဆက်ဆံရေးပဲ ကျွန် တော်တို့ကြားမှာ ရှိပါတယ်။ ကိုးရီး ယားကျွန်းဆွယ်တည်ငြိမ်းအေး ချမ်းရေးဆိုတဲ့ နေရာမှာ နျူကလီး ယားအရေးလည်း အားလုံးပါပါ တယ်။ မြောက်ကိုရီးယားက လည်း သူတို့က ကျွန်းဆွယ်တည် ငြိမ်အေးချမ်းရေးကို အလိုရှိပါ တယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေ မှာ ပါဝင်အဆိုပြုတာဖြစ်တယ်’’ ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦး ရဲထွဋ်ကပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံတွင်း တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်နေသည်များကိုလည်း သမ္မတဦးသိန်းစိန်သို့ နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားခဲ့သည် ဟုဆိုသည်။

မြောက်ကိုရီးယားသည် ပြီး ခဲ့သည့် ဇူလိုင်လအတွင်း တာ ဝေးပစ်ဒုံကျည်များ စမ်းသပ်ပစ် ခတ်ခြင်း၊ အဏုမြူစွမ်းအင်သုံး လက်နက်များတပ်ဆင်ရန် အား ထုတ်ခြင်းတို့ကြောင့် တောင်ကို ရီးယား၊ ဂျပန်၊ အမေရိကန်အပါ အ၀င် နိုင်ငံတကာက ကိုရီးယား ကျွန်းဆွယ်အရေးကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံဆက်ဆံ ရေးရှိနေသည့် မြန်မာနှင့် မြောက် ကိုရီးယားတို့အပေါ် အမေရိကန် က စောင့်ကြည့်နေပြီး အာရှဒေသ တွင်းလုံခြုံရေးဖိုရမ်တွင်လည်း မြောက်ကိုရီးယားနျူအရေးသည် ထိပ်တန်းရောက်ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုဖြစ်ခဲ့သည်။ သြ ဂုတ် ၁၀ ရက်က ဖိုရမ်၏ နှစ်နာ ရီကြာတံခါးပိတ်ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားအနေဖြင့် ၀ါ ရှင်တန်၏ ခြိမ်းခြောက်မှုကို စိုးရိမ် ခြင်းကြောင့်ဟု နျူစမ်းသပ်မှုများ ကို ကာကွယ်ပြောကြားသွားသည် ဟု The Nation သတင်းစာတွင် ရေးသားထားသည်။

‘‘နျူကိစ္စကတော့ အာဆီယံ နိုင်ငံတွေရော ဖိုရမ်မှာ ဆွေးနွေး ကြတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘော ထားအတိုင်းပဲ မြန်မာကပူးတွဲ ထုတ်ပြန်ချက်တွေမှာ ပါပြီးသား ပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြေ ညာချက်ထုတ်ပြန်ထားပါတယ်’’ ဟု ဦးရဲထွဋ်ကဆိုသည်။

မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးသည် နေပြည်တော်သို့ သြဂုတ် ၉ ရက်က ရောက်ရှိခဲ့ပြီး မွန်ဂိုးလီးယားနိုင်ငံ၊ မလေးရှား၊ တရုတ်၊ မြန်မာတို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။ သြဂုတ် ၁၀ ရက် အစည်းအဝေးများ အားလုံးပြီးဆုံး သွားချိန် သြဂုတ် ၁၁ ရက်တွင် မြောက်ကိုရီးယားဝန်ကြီးက ၎င်း ၏ မြန်မာနိုင်ငံသို့ တရားဝင်အ လည်အပတ်ခရီးစဉ်ကို စတင်ခဲ့ ခြင်းဖြစ်သည်။

မြန်မာအလည်အပတ်ခရီး စဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ ဆုံမည်ဖြစ်ပြီး နှစ်ရက်ကြာခရီးစဉ် ဖြစ်ကြောင်း သိရသည်။

7Day DAILY

အာဆီယံအစည်းအဝေးတက်ရောက်နေသည့် မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ−ရိုက်တာ)
အာဆီယံအစည်းအဝေးတက်ရောက်နေသည့် မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ−ရိုက်တာ)
မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေများနှင့် မြောက်ကိုရီးယား ၏ နျူလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကြောင့် နိုင်ငံတကာ စိုးရိမ်မှုများကို မြင့်တက်စေသည့် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ် အေးချမ်းမှုရှိရန် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို သမ္မတ ဦးသိန်းစိန်နှင့် မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရီ ယောင်ဆူတို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

အီဘိုလာ ကုသသည့် စမ်းသပ်ဆဲအဆင့် ဆေးဝါးများကို အာဖရိကသို့ တင်ပို့

Photo: အီဘိုလာ ကုသသည့် စမ်းသပ်ဆဲအဆင့် ဆေးဝါးများကို အာဖရိကသို့ တင်ပို့
Tuesday, August 12, 2014

အမေရိကန် ကုမ္ပဏီ တစ်ခုသည် အီဘိုလာရောဂါကို ကုသနိုင်ရန် ရည်ရွယ် ထုတ်လုပ်နေသည့် စမ်းသပ်ဆဲအဆင့် ဆေးဝါးကို အနောက်အာဖရိက နိုင်ငံတစ်ခုသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် (၁၂)ရက်တွင် လက်ရှိထုတ်လုပ်ပြီးသမျှ ZMapp ဆေးဝါးအားလုံးကို တင်ပို့ခဲ့ကြောင်း Mapp Bio ကုမ္ပဏီက ကြေညာသည်။ ZMapp သည် အာဖရိက အနောက်ပိုင်း ဒေသတွင် ဆိုးဆိုးရွားရွား ကူးစက်နေသည့် အီဘိုလာ ရောဂါကို ကုသရန် စမ်းသပ်ထုတ်လုပ်ထားသည့် ဆေးဝါး ဖြစ်သည်။ ဆီအာရာလီယွန်၊ လိုက်ဘေးရီးယား၊ ဂီနီရာနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာရောဂါ အဓိက ကူးစက်နေပြီး အနည်းဆုံး လူ(၉၆၁)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

“အနောက်အာဖရိက နိုင်ငံတစ်ခုဆီက ပန်ကြားမှုကို တုံ့ပြန်တဲ့ အနေနဲ့ ရှိသမျှ ZMapp ဆေးဝါး အားလုံးကို တင်ပို့ခဲ့ပါတယ်”ဟု Mapp Bio ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် “စမ်းသပ်ဆဲအဆင့် ဆေးဝါးဖြစ်တာကြောင့် ZMapp ကို သုံးသင့်၊ မသုံးသင့် ဆိုတာကို သက်ဆိုင်ရာ လူနာတွေကို ကုသနေတဲ့ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါမယ်”ဟုလည်း ထည့်သွင်း ကြေညာထားသည်။

အမေရိကန်နှင့် ကနေဒါမှ သုတေသီများသည် ဆေးရွက်ကြီးကို အခြေပြုသည့် ဆေးဝါးတစ်မျိုးကို ဖန်တီးခဲ့သော်လည်း အရေအတွက် အများအပြား ထုတ်လုပ်ရန် အခက်အခဲများစွာ ကြုံနေရသည်။ Mapp Bio က ZMapp ဆေးဝါးများ တင်ပို့လိုက်သည့် နိုင်ငံ၏ အမည်နှင့် ဆေးဝါးအရေအတွက်ကို ကြေညာခြင်း မရှိချေ။ CNN သတင်းဌာနကမူ စမ်းသပ်ဆဲ ဆေးဝါးများ လက်ခံရရှိသည့် နိုင်ငံမှာ လိုက်ဘေးရီးယား ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

လတ်တလောတွင် အာဖရိက၌ ရောဂါကူးစက် ခံလာရသည့် အမေရိကန် ကျန်းမာရေးဝန်ထမ်း နှစ်ဦးနှင့် စပိန်မှ သာသနာပြု ပုဂ္ဂိုလ်တစ်ဦးတို့ကို ယင်းဆေးဝါး ထိုးသွင်းပေးထားပြီး ဖြစ်သည်။ လူနာများတွင် စမ်းသပ်ဆဲ ဆေးဝါးများ အသုံးပြုခြင်းသည် ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်စရာများ ရှိနေသော်လည်း အီဘိုလာ၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းကြောင့် ZMapp ကို အားကိုးနေရခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသည် ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဩဂုတ်(၁၁)ရက်နေ့က အစည်းအဝေးတစ်ရပ် ပြုလုပ်ဆွေးနွေးခဲ့သည်။

လက်ရှိအခြေအနေများအရ ကမ္ဘာပေါ်တွင် အီဘိုလာရောဂါကို ကုသနိုင်သော၊ သို့မဟုတ် ကာကွယ်နိုင်သော တရားဝင်ဆေးဝါး မရှိသေးချေ။

Ref: Channelnewsasia
7Day DAILY
အမေရိကန် ကုမ္ပဏီတစ်ခုသည် အီဘိုလာရောဂါကို ကုသနိုင်ရန် ရည်ရွယ် ထုတ်လုပ်နေသည့် စမ်းသပ်ဆဲ အဆင့် ဆေးဝါးကို အနောက်အာဖရိက နိုင်ငံတစ်ခုသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများဟု သံသယရှိသူ ၄၀ ကို ကိုဆိုဗိုရဲတပ်ဖွဲ့ ဖမ်းဆီး

Photo: အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများဟု သံသယရှိသူ ၄၀ ကို ကိုဆိုဗိုရဲတပ်ဖွဲ့ ဖမ်းဆီး
Tuesday, August 12, 2014

ကိုဆိုဗိုရဲတပ်ဖွဲ့က အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေလို့ သံသယရှိသူ ၄၀ ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ စစ်သွေးကြွတွေနဲ့ ပူးပေါင်း တိုက်ခိုက်နေသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ဘောလ်ကန်ဒေ သ နိုင်ငံငယ်လေးရဲ့ အာဏာာပိုင်တွေက ပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ဖမ်းမိတယ်လို့ ဆိုပါတယ်။

ကိုဆိုဗိုမှာ အများစုဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပေမယ့် လူနေမှုပုံစံကတော့ အများအားဖြင့် အလယ်အလတ်သဘော ရှိပါတယ်။

တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်တဲ့အတွက် အမျိုးသား အယောက် ၄၀ ကို စစ်ဆေး မေးမြန်းနေတယ်လို့ ရဲအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

ဒေသသတင်းတွေအရ ကိုဆိုဗိုအရှေ့ပိုင်းမှာ နေထိုင်တဲ့ အသက် ၁၈ အရွယ် လူငယ်တယောက်ဟာ အရင်တပတ်က ဆီးရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ခိုက်ရင်း သေဆုံးသွားသူ ၁၆ ယောက်အထိ ရှိသွားပြီလို့ သတင်းက ဆိုပါတယ်။

ကိုဆိုဗို ထောက်လှမ်းရေးတွေရဲ့ အဆိုအရ ဆီးရီးယားနဲ့ အီရတ်စစ်ပွဲမှာ ကိုဆိုဗိုနိုင်ငံသား ၁၀၀ ကနေ ၂၀၀ လောက် တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

ဒီလို နိုင်ငံရပ်ခြား သူပုန်ထမှုတွေမှာ ကိုဆိုဗိုနိုင်ငံသားတွေ ပူးပေါင်းတိုက်ခိုက်တာ ပိတ်ပင်တဲ့ ဥပဒေကို ကိုဆိုဗိုလွှတ်တော်က မကြာခင် ထုတ်ပြန်မယ်လို့ သိရပါတယ်။

ဥရောပနိုင်ငံတွေမှာလည်း ဗြိတိန်၊ ပြင်သစ်နဲ့ နယ်သာလန်အပါအ၀င် နိုင်ငံ အတော်များများမှာလည်း ဆီရီးယားနဲ့ အီရတ်စစ်ပွဲမှာ တိုက်ခိုက်နေတဲ့ သူတို့ နိုင်ငံသားတွေကို ဖမ်းဆီးနေပါတယ်။

ဒီလို တိုက်ခိုက်ရေးသမားတွေဟာ ဥရောပကို ပြန်လာရင် လုံခြုံရေး အန္တရာယ် ဖြစ်လာနိုင်တာကို စိုးရိမ်နေကြပါတယ်။

ကိုဆိုဗိုနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ မရှိတာနဲ့ အဂတိလိုက်စားမှုတွေ ထူပြောတာကို အကြောင်းပြုလို့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သွေးထွက်သံယို အုံကြွမှု ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဆာဘီးယားနိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ကိုဆိုဗိုရဲတပ်ဖွဲ့က အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေလို့ သံသယရှိသူ ၄၀ ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဂါဇာဒေသအတွက် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲပေးရန် အီဂျစ်၏ ကမ်းလှမ်းချက်ကို အစ္စရေး သဘောတူ

Photo: ဂါဇာဒေသအတွက် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲပေးရန် အီဂျစ်၏ ကမ်းလှမ်းချက်ကို အစ္စရေး သဘောတူ
Tuesday, August 12, 2014

ဂါဇာဒေသ စစ်မက်ပဋိပက္ခ အတွက် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးစဉ် အဆိုပြုထားသည့် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးတို့ဘက်က လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ဂါဇာဒေသတွင် ဖြစ်ပေါ်လျက်ရှိသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပြေလည်စေရေးအတွက် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ၇၂ နာရီအကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုန်ဆုံးခဲ့ပြီးနောက် အီဂျစ်နိုင်ငံက အလားတူရပ်စဲမှုများ ထပ်မံပြုလုပ်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ပထမဦးစွာ ရရှိခဲ့သည့် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးရန် သက်ဆိုင်သူများက ကြိုးပမ်းခဲ့ကြသော်လည်း ဟားမတ်စ်တို့က သောကြောနေ့ (သက်တမ်းကုန်ဆုံးချိန်) တွင် ဒုံးကျည်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

သို့အတွက်ကြောင့် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဂါဇာဒေသရှိ ဟားမတ်စ်များကို လေကြောင်းမှ ဖြိုခွင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို အမြောက်များ၊ တင့်ကားများဖြင့်လည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြသည်။

ယခုထပ်မံ ရရှိလိုက်သည့် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ အစ္စရေးအစိုးရ ထိပ်ပိုင်း အရာရှိကြီးတစ်ဦးက “ဒီကာလထဲမှာ အမှန်တကယ် ပစ်ခတ်မှု မရှိဘူး၊ ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်မှု မရှိခဲ့ဘူးဆိုရင် အစ္စရေး ကိုယ်စားလှယ်တွေအနေနဲ့ ကိုင်ရို (အီဂျစ်) ဆွေးနွေးပွဲမှာ ထာဝရ အပစ်အခတ်ရပ်စဲမှု ရရှိသည်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုလို ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ထပ်မံရယူရန် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့ကလည်း တွန်းအားပေး ပြောဆိုခဲ့ကြသည်။

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် ပါလက်စတိုင်းဘက်မှ ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲမှာ ကြိုတင် သတိပေးချက်များကြောင့် တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

အရှေ့အလယ်ပိုင်းဒေသ သတင်းဌာနများ၏ ထုတ်လွှင့်ချက်များအရ တနင်္ဂနွေနေ့တွင် အစ္စရေးတောင်ပိုင်းသို့ ပါလက်စတိုင်း စစ်သွေးကြွများက ဒုံးကျည် အစင်း ၃၀ ခန့်ဖြင့် ပစ်ခတ်ခဲ့ကြသည်။

သို့သော် အစ္စရေး တပ်ဖွဲ့ဝင်များသည် မိမိတို့ဘက်သို့ ပစ်ခတ်ရန် စီစဉ်ထားသည့် ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်ဒါဇင်ပေါင်း များစွာကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

The Voice Weekly
ဂါဇာဒေသ စစ်မက်ပဋိပက္ခ အတွက် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးစဉ် အဆိုပြုထားသည့် နောက် ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးတို့ဘက်က လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများ အားလုံး ပါဝင်သော ထိပ်သီးဆွေးနွေးပွဲ Myanmar Connect 2014 ကို နေပြည်တော်တွင် စက်တင်ဘာလ၌ ကျင်းပမည်

မြန်မာနိုင်ငံ ၏ မိုဘိုင်းဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများအားလုံးပါဝင်သော ထိပ် သီးဆွေးနွေးပွဲ Myanmar Connect ကို နေပြည်တော်တွင် စက် တင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများ၏ အမှုဆောင်အရာ ရှိများကိုယ်တိုင် တက်ရောက် ဆွေးနွေး မည့် ထိပ်သီးဆွေးနွေးပွဲ တစ်ခု ကို စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက် တို့တွင် နေပြည်တော်ရှိ MICC ခန်းမ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲ ဖြစ်မြောက်ရေး ပြောရေးဆိုခွင့်ရှိသူ မလှမြတ်မွန်က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အမြန်ဆုံး လက်မှတ်ထိုးရန် နိုင်ငံရေးပါတီများတောင်းဆို

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အမြန်ဆုံး လက်မှတ်ထိုးရန် နိုင်ငံရေးပါတီများတောင်းဆို
Tuesday, August 12, 2014

နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ သြဂုတ်လ ၁၁ ရက်က MPC တွင် တွေ့ဆုံခဲ့ကြသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးပါတီ ၆၆ ပါတီ က ရေရှည်တည်တံ့သော ငြိမ်း ချမ်းရေး တည်ဆောက်နိုင်ရန် အတွက် နိုင်ငံလုံးဆိုင်ရာပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြရန် သက်ဆိုင်သူ အား လုံးကို အလေးအနက်တိုက်တွန်း လိုက်သည်ဟု သြဂုတ် ၁၁ ရက် တွင် ထုတ်ပြန်ကြေညာလိုက် သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီက နိုင်ငံရေးပါတီများသို့ ငြိမ်း ချမ်းရေးဖြစ်စဉ်များရှင်းလင်းတင် ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေး ခြင်းကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် သြဂုတ် ၁၁ ရက်က ကျင်းပခဲ့ပြီး အဆိုပါတိုက်တွန်း ချက်များပါဝင်သည့် ကြေညာ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
နိုင်ငံရေးဆွေးနွေးမှုမူ ဘောင်များနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကိုလည်း အပစ်အခတ် ရပ်စဲရေးစာချုပ်ပါ သဘောတူညီ ချက်အတိုင်း မပျက်မကွက်ပြု လုပ်ကြရန် သက်ဆိုင်သူအားလုံး ကို လေးနက်စွာ တိုက်တွန်းသည် ဟု တက်ရောက်လာသည့် နိုင်ငံ ရေးပါတီများမှ ပါဝင်ဆွေးနွေးသူ ၁၅၀ ကျော်က ဆုံးဖြတ်လိုက် သည်။

ထို့အပြင် ပါဝင်သင့် ပါဝင် ထိုက်သူများပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန် ဆုံးဖြစ်ပေါ်နိုင်ရေးအတွက် ပြင် ဆင်ရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆော်ရေးလုပ်ငန်း ကော် မတီ (UPWC)၊နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ တွေ့ဆုံနိုင် ရေးကို အမြန်ဆုံးဆောင်ရွက်ပေး ပါရန် တောင်းဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ ၆၇ ပါတီ အနက် ပါတီ ၆၆ ခုတက်ရောက်ခဲ့ ပြီး သဘောတူညီချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သော်လည်း အချို့ပါတီ များက အဆိုပါ သဘောတူညီ ချက်သည် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို သဘောတူ ညီမှု အပြည့်အ၀မရသေးဘဲ အမြန်လက်မှတ်ထိုးရန် ဖိအား သဘောမျိုးသက်ရောက်နိုင်သည်ဟု ယူဆသည်။

‘‘ကျွန်တော်တို့ကတော့ ဒါကိုထုတ်ပြန်လိုက်ရင် တစ်ဖက်မှာ မြန်မြန်ထိုးပါလို့ ဒီဘက်က ၀ိုင်း ပြီး ဖိအားပေးတယ်ထင်မှာ စိုး တယ်။ ကျေလည်မှုမရှိဘဲ လက် မှတ်ထိုးရင် အလကားပါပဲ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ အတွင်းရေးမှူး ဦး စိုင်းညွန့်လွင်ကပြောသည်။

‘‘ဒီမှာ မကျေနပ်တဲ့သူရှိရင် ကန့်ကွက်ပါလို့ပြောထားတယ်။ ကန့်ကွက်သူမရှိတဲ့အတွက် အ တည်ပြုထုတ်ပြန်လိုက်တာပါ။ နိုင်ငံရေးပါတီတွေအားလုံးငြိမ်း ချမ်းရေးလိုချင်တယ်။ ကျွန်တော် တို့က ဒါကို တစ်ဖက်ကနေ တိုက် တွန်းတာပဲ’’ဟု ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကပြောသည်။ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါ တီ ၆၆ ပါတီမှ ကိုယ်စားလှယ် များနှင့် နိုင်ငံရေးအဖွဲ့အစည်း များမှ လေ့လာသူ ၂၀ စုစုပေါင်း ပုဂ္ဂိုလ် ၁၅၀ တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်ရရှိရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ် မြောက်ရန်အတွက် ပါတီတစ်ခု ချင်းစီက အကြံပြုဆွေးနွေးခဲ့ ကြောင်း သိရသည်။

7 DayDaily
နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ သြဂုတ်လ ၁၁ ရက် က MPC တွင် တွေ့ဆုံခဲ့ကြသည်။ (ဓာတ်ပုံ - နစ်ကီ)
နိုင်ငံရေးပါတီ ၆၆ ပါတီက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် နိုင်ငံလုံး ဆိုင်ရာပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို အမြန်ဆုံးလက်မှတ် ရေး ထိုးကြ ရန် သက်ဆိုင်သူ အား လုံးကို အလေးအနက်တိုက်တွန်း လိုက်သည်ဟု သြဂုတ် ၁၁ ရက် တွင် ထုတ်ပြန်ကြေညာလိုက် သည်။

ရွှေပြည်သာတွင် အနုကြမ်းစီး

ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်တွင် သြဂုတ်လ ၉ ရက် နံနက် ၁ နာရီခန့်က အိပ်ပျော်နေသော ဇနီးမောင်နှံ နှစ်ဦးကို အမျိုးသားသုံးဦးက ဓားနှင့်ထောက်ကာ အနုကြမ်း ဝင်စီးခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်နိုင်က ပြောကြားသည်။

ရခိုင်တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းမည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်သစ်လက်ထက် မြို့နယ်အချို့တွင် အချိန်ထပ်တိုး

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ပြည်သူများနှင့်တွေ့ ဆုံပြီး ပြန် လည်ရုပ်သိမ်းပေးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုခဲ့သော်လည်း ရခိုင်မြို့ကြီးတချို့တွင် ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးမြှင့်လိုက်သည်။

ချစ်သူရဲ့အိမ်အပြန်ကို ဖယောင်းတိုင်ထွန်းပြီး ကဗျာဆန်ဆန် ကြိုဆိုရာက အိမ်မီးလောင်ရတဲ့ဖြစ်ရပ်


Amanj Lessen ဆိုသူအမျိုးသားဟာ တစ်လကြာနိုင်ငံရပ်ခြားရောက်နေတဲ့ သူ့ချစ်သူပြန်အလာကို ကဗျာ ဆန်ဆန် ကြိုဆိုတဲ့အနေနဲ့ အင်္ဂလန်နိုင်ငံ Kent ဒေသ Chantham မြို့ကသူ့နေအိမ် အိပ်ခန်းထဲမှာ သူ့ချစ် သူရဲ့နာမည်နဲ့အသည်းပုံစံကို အလှဆင်ဖယောင်းတိုင်တွေနဲ့ ထွန်းညှိခဲ့ပြီး ရှန်ပိန်တွေ ပန်းတွေနဲ့ အသင့်စောင့်ကြိုနေခဲ့တာဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်

Photo: သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်
Tuesday, August 12, 2014

ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေးလူဦးရေ စာရင်းကို သြဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၉၇ ရွာမှ လူဦးရေစာရင်းကို ခန့်မှန်းထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရှေ့ပြေး ထုတ်ပြန်မည့် တစ်နိုင်ငံလုံး လူဦးစာရင်းသည် သန်းခေါင်စာရင်း ကောက်ကွက်များမှ စာရင်းများ၊ မွေးစာရင်း၊ သေစာရင်းများအရ ခန့်မှန်းထုတ်ပြန်ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အတိအကျကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။

The Voice Weekly
ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေ စာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေ စာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

Telenor က နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှု ပေးမည်

Photo: Telenor က နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှု ပေးမည်
Tuesday, August 12, 2014

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုအပြင် နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှုကိုလည်း ထပ်မံပေးအပ်သွားရန် ရှိသည်ဟု ကုမ္ပဏီမှ စီအီးအိုဖြစ်သူ Mr. Petter Furberg က ပြောသည်။

Telenor အနေဖြင့် CSR (လူမှုစီးပွားအကျိုးပြုလုပ်ငန်း) အမည်ခံ၍ နာမည်ကြီးစေမည့် လုပ်ငန်းများကို လုပ်ကိုင်မည် မဟုတ်ဘဲ မိုဘိုင်းဖုန်းကွန်ရက်နှင့်အတူ ထပ်ဆောင်း ဝန်ဆောင်မှုများကိုသာ လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ Wikipedia Myanmar ကဲ့သို့သော အစီအစဉ်များ၊ mHealth ကဲ့သို့သောအစီအစဉ်များကို လုပ်ကိုင်နေသည်ဟု ၎င်းကပြောသည်။ နိုင်ငံခြားငွေလွှဲနှင့် ပတ်သက်၍ Telenor အနေဖြင့် ဝန်ဆောင်မှုပေးမည်ဟု ဆိုသော်လည်း ပူးပေါင်း ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းများ၊ ငွေကြေး လွှဲပြောင်းနိုင်မည့် နိုင်ငံများနှင့် စတင်အသုံးပြုနိုင်မည့် အချိန်ကာလများကို မသိရှိရပေ။ မိုဘိုင်း ဖုန်းလိုင်းကို အသုံးပြု၍ ပြည်ပနိုင်ငံမှ ပြည်တွင်းသို့ ငွေကြေး လွှဲပြောင်းနိုင်ခြင်းနှင့် ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ အပြန်အလှန် ငွေလွှဲပြောင်းနိုင်မည် ဖြစ်သော်လည်း ဝန်ဆောင်ခများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်သူများကိုလည်း Telenor က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

အင်တာနက်ပေါ်၌ မြန်မာစာပေ တိုးတက်များပြားလာရန် အတွက် Telenor သည် Wikipedia Myanmar ကို လုပ်ကိုင်ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့် ပတ်သက်၍ mHlealth အစီအစဉ်ကိုလည်း လုပ်ကိုင်ထားကြောင်း သိရသည်။ စက်တင်ဘာလအတွင်း Telenor မှရောင်းချပေးမည့် မိုဘိုင်းဖုန်းလိုင်းများ၌ ကျန်းမာရေး ဝန်ဆောင်မှုနှင့် Wiki အသုံးပြုနိုင်ခြင်းတို့ ပါဝင်လာမည်ဖြစ်သော်လည်း နိုင်ငံခြား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ပါလာမည်မှာ မသေချာသေးကြောင်း သိရသည်။ Telenor ၏ အဓိကပြိုင်ဘက် Ooredoo သည် CSR လုပ်ငန်း၌ ငွေကြေးအမြောက်အမြားကို လက်ရှိအချိန်၌ အသုံးပြုထားကြောင်း သိရသည်။

Internet Journal
ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုအပြင် နိုင် ငံခြားငွေ လွှဲ ဝန်ဆောင်မှုကိုလည်း ထပ်မံပေးအပ်သွားရန် ရှိသည်ဟု ကုမ္ပဏီမှ စီအီးအိုဖြစ်သူ Mr. Petter Furberg က ပြောသည်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟန်ရီကက်ဇ်ကို ဒိုင်နမိုဇာဂရက်ဘ် စာချုပ်ခေါ်ယူ

Photo: မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟန်ရီကက်ဇ်ကို ဒိုင်နမိုဇာဂရက်ဘ် စာချုပ်ခေါ်ယူ
Tuesday, August 12, 2014

ဒိုင်နမို ဇာဂရက်ဘ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ချီလီလူငယ် တိုက်စစ်မှူးသည် ယူနိုက်တက်တွင် နေရာရရေး ရုန်းကန်ခဲ့ရသူဖြစ်ပြီး ယခုနွေရာသီတွင် ၎င်း၏ ကျောနံပါတ် (၂၁)ကိုပင် လူသစ် အန်ဒါဟာရဲရာထံ လွှဲအပ်ပေးခဲ့ရသည်။ ယူနိုက်တက်က ယူနီဗာဆီဒက် ဒီချီလီ အသင်းထံမှ ခေါ်ယူခဲ့သည့် ကစားသမားသည် ပြီးခဲ့သည့် ရာသီကလည်း စပိန်ကလပ် ရီးယဲလ် ဇာရာဂိုဇာတွင် အငှားသွားရောက် ကစားခဲ့ရသည်။ အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ် ပျောက်ဆုံးနေသည့် ကစားသမားသည် ယခုအခါ ခရိုအေးရှား ကလပ်သို့ အပြီးသတ် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ဟန်ရီကက်ဇ်သည် ချီလီလက်ရွေးစင် အသင်းအတွက် (၃)ပွဲ ကိုယ်စားပြုခဲ့ဖူးသူ ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ ကစားသမားသည် (၂၀၁၂-၁၃) ဘောလုံးရာသီက ဝီဂန်တွင် ရေတို အငှားစာချုပ်ဖြင့် သွားကစားခဲ့ပြီး (၂၀၁၃-၁၄) တစ်ရာသီလုံး ဇာရာဂိုဇာသို့ ရောက်ရှိနေကာ (၂၅)ပွဲတွင် (၆)ဂိုး သွင်းယူနိုင်ခဲ့သည်။ ဟန်ရီကက်ဇ်က “ကျွန်တော် ဒိုင်နမို အသင်းကို ရောက်လာတဲ့အတွက် ပျော်ပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးတွေ ဖန်တီးပြနိုင်ဖို့ မျှော်လင့်ထားတယ်။ ကျွန်တော် အရမ်းတက်ကြွနေတယ်။ ကျွန်တော့် တန်ဖို အစစ်အမှန်ကိုလည်း ပြချင်နေတယ်။ ဒိုင်နမိုဟာ ထိပ်တန်းအသင်း တစ်ခုလို့ ကျွန်တော် ယုံကြည်ထားပါတယ်”ဟု ဆိုသည်။

၎င်းက “အသင်းကို တတ်နိုင်သလောက် ကျွန်တော် ကူညီချင်တယ်။ ယူရိုပါလိဂ် အုပ်စုအဆင့်ကို ရောက်ရှိဖို့လည်း ပံ့ပိုးသွားချင်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့် အနေနဲ့ ပိုတိုးတက် ကောင်းမွန်လာအောင် ကြိုးစားသွားမှာပါ”ဟု ဖွင့်ဟသွားသည်။

Ref: Goal
Soccer Myanmar
ဒိုင်နမို ဇာဂရက်ဘ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။